မြေအောက်ကားလမ်း မျက်နှာကြက်ပြို၊ ကိုးဦးသေ

ကယ်ဆယ်ရေးအတွက် အဆင်သင့်ပြင်ဆင်ထားစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)ကယ်ဆယ်ရေးအတွက် အဆင်သင့်ပြင်ဆင်ထားစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

တိုကျို- တိုကျိုမြို့ အနောက်ဘက် မိုင် ၅၀ အကွာ ချူအို အမြန်ကားလမ်းပေါ်ရှိ သုံးမိုင်ရှည်သည့်
ဆာဆာဂို မြေအောက် လိုဏ်ခေါင်း ထဲတွင် ဒီဇင်ဘာလ ၂ ရက်က မျက်နှာကြက်များပြိုကျရာ
ကားများ ပိတ်မိနေပြီး မီးလောင်မှုပါဖြစ်ပွား၍ လူသုံးဦးထက်မနည်း သေဆုံးကြောင်း ဒီဇင်ဘာလ
၃ ရက် မီဒီယာသတင်း များကဆိုသည်။

အရေးပေါ် ကယ်ဆယ်ရေးသမား များက ကားတစ်စီးထဲတွင် မီးလောင် သေဆုံးနေသော
အမျိုးသားသုံးဦးနှင့် အမျိုးသမီး နှစ်ဦးကိုလည်းကောင်း၊ ထရပ်ကားမောင်းသမား တက်ဆူယာ
နာကာဂါဝါ (၅၀ နှစ်) ကိုလည်းကောင်း၊ ခရီးသည်တင်ကားတစ်စီးထဲမှ အဘိုးအို တစ်ဦးနှင့်
အဘွားအိုနှစ်ဦးကိုလည်း ကောင်း ရှာဖွေတွေ့ရှိခဲ့သည်။

တက်ဆူယာနာ ကာဂါဝါမှာ လိုဏ်ခေါင်း မျက်နှာကြက်ပြိုကျမှုဖြစ်ဖြစ်ချင်း ကုမ္ပဏီ သို့
ဖုန်းဆက်အကူအညီတောင်းခဲ့သေး ကြောင်း  NHK အသံလွှင့်ဌာနက ဆိုသည်။

လိုဏ်ခေါင်းထဲမှ ထွက်လာသော မီးခိုး များကြောင့် ကယ်ဆယ်ရေးသမားများ လိုဏ်ခေါင်းထဲ
သို့ ချက်ချင်းမ၀င်နိုင်ကြ သော်လည်း အသက်ရှူကိရိယာများ အကူအညီဖြင့် လိုဏ်ခေါင်းခရီး
သုံးပုံ တစ်ပုံသို့ရောက်မှ ကားများပေါ်သို့ ပြိုကျ သော မီတာ (ကိုက်) ၁၁၀ ရှိ ကွန်ကရစ်
မျက်နှာကြက်များကို တွေ့ရသည်။

ပြိုကျပြီး နာရီအနည်းငယ်ကြာမှ အင်ဂျင်နီယာများက လိုဏ်ခေါင်း၏ ယင်းအစိတ်အပိုင်း
စိတ်မချရတော့ ကြောင်း သတိပေး၍ ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးသွားခဲ့ရသည်။

တိုကျိုမြို့ဘက်သွားမည့် လမ်းပေါ်တွင် မိမိတို့ကားများကိုစွန့်၍ အနီးဆုံး အရေး ပေါ်ထွက်ပေါက်
များ၊ သို့မဟုတ် လိုဏ် ခေါင်းဝဆီသို့ အမြန်ပြေးလာကြသော လူများမှာ မြေပြင်ပေါ်တွင်
ပြင်းထန် သော အအေးဒဏ်ကို ခံကြရသည်။

လိုဏ်ခေါင်း မျက်နှာကြက်များနှင့် ဆက်စပ်နေသည့် အစိတ်အပိုင်းများ ရော၊ တိုင်များပါ
မြေငလျင်နှင့် ဥဒဟို ဖြတ်သန်းနေသော ကားများကြောင့် ပျက်စီးနေကြောင်း အိုဆာကာ
တက္ကသိုလ်မှ လိုဏ်ခေါင်းအင်ဂျင်နီယာ ဌာန အငြိမ်းစားပါမောက္ခ ချီကာအိုဆာ တာနီမိုတိုက
ပြောသည်။

ပြိုကျသော လိုဏ်ခေါင်းမျက်နှာကြက် များကို ငါးနှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးမည့် စီမံချက်ဖြင့်
ယခုနှစ် စက်တင်ဘာ လကပင် စစ်ဆေးခဲ့ပြီးဖြစ်သည်ဟု အဝေးပြေးလမ်းများ ထိန်းသိမ်းပြုပြင်
ရေးအဖွဲ့  NEXCO မှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။

လိုဏ်ခေါင်းဝတွင် လိမ္မော်ရောင် ယာယီတဲကြီးနှစ်ခုနှင့် ရဟတ်ယာဉ်တစ်စင်းတို့ကို အဆင်
သင့် ထားရှိခဲ့သည်။

ဖူဂျီတောင်ကြီးအနီးမှ ဖြတ်သွားသော ဆာဆာဂို မြေအောက် အမြန်ကားလမ်းသည်
ဂျပန်နိုင်ငံတွင် အရှည်လျားဆုံး လမ်းတစ်လမ်းဖြစ်ပြီး တိုကျိုမြို့မှ ဂျပန် နိုင်ငံအလယ်ပိုင်းနှင့်
အနောက်ပိုင်းသို့ သွားရောက်နိုင်သည့် လမ်းတစ်လမ်းပေါ် တွင်ရှိနေသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း