မွေးကင်းစအမြွှာပူးကလေးအား စောင့်ရှောက်ရန် နော်ဝေမင်းသမီး အိန္ဒိယသို့ ရုပ်ဖျက်သွားရောက်ခဲ့

အော်စလို- နော်ဝေမင်းသမီး မက်တီ မာရစ်သည် နော်ဝေနိုင်ငံသား လိင်တူ ချင်းယူထားသည့်
စုံတွဲ၏ အငှား ကိုယ်ဝန်ဆောင်ဖြင့် မွေးဖွားခဲ့သည့် အမြွှာကလေးနှစ်ယောက်အား မိဘများ
ရောက်လာသည့်အချိန်ထိ ကူညီစောင့် ရှောက်ပေးရန် အောက်တိုဘာလတွင် ကိုယ်ပိုင်ငွေဖြင့်
အိန္ဒိယသို့ ရုပ်ဖျက်ပြီး သွားရောက်ခဲ့ကြောင်း နော်ဝေ နန်းတော်က ဒီဇင်ဘာ ၃ ရက်နေ့တွင်
ဆိုသည်။

မင်းသမီး မက်တီမာရစ်သည် ဗီဇာ နှောင့်နှေးမှုကို ဖြေရှင်းပြီးမှသာ ရောက်ရှိ လာနိုင်မည့်
ကလေးမိဘများ ရောက်လာ သည့်အချိန်ထိ ကလေးများကို စောင့်ရှောက်ပေးရန် နယူးဒေလီ
သို့ အမြန် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ကလေး မိဘများမှာ မင်းသမီးနှင့် ၎င်း၏ ကြင်ရာတော် မင်းသားဟာကွန်တို့၏ သူငယ်ချင်း
များဖြစ်သည်ဟု ဆိုသည်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သည့် မင်းသမီးသည် ဆေးခန်းတွင် ကလေးများ နှင့်ရှိနေစဉ်
အတွင်း တရားဝင်မဟုတ်ဘဲ နယူးဒေလီသို့ သွားရောက်ခဲ့သည့် ထူးဆန်းသည့် အပြုအမူများ
ကြောင့် ချီးမွမ်းခံခဲ့ရသည်။

ကျန်းမာရေးဝန်ထမ်း များက ရွှေရောင်ဆံပင်နှင့် အမျိုးသမီးကို ကလေးနာနီဟုထင်ကြောင်း
နော်ဝေ သတင်းဌာနများတွင် ဖော်ပြကြသည်။

၂၀၀၁ ခုနှစ်တွင် မင်းသားဟာကွန် နှင့် လက်ထပ်ခဲ့ပြီး ကလေးတစ်ယောက် မိခင် မင်းသမီး
သည် နော်ဝေတွင် တားမြစ် ထားသော အစဉ်အလာဖြစ်သည့် မိခင် များကိုယ်စား စောင့်
ရှောက်ပေးသည့် ကိစ္စကို ငြင်းခုံဆွေးနွေးခြင်းများ မလုပ် ချင်တော့ကြောင်း ပြောကြားသည်။

"ဘ၀မှာ တစ်ခါတစ်ရံ ဘယ်လိုမှ ဖြေရှင်းလို့မရတဲ့ ကျဉ်းထဲကျပ်ထဲရောက် နေတဲ့အချိန်တွေနဲ့
ကြုံရတတ်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကိုယ့်ဘက်က ပေးဆပ်မှဖြစ်တော့မယ်ဆိုရင်
အဲဒီ အခက်အခဲဆိုတာကို သိသိကြီးနဲ့ပဲ ရွေးချယ်လိုက်ရတာတွေရှိပါတယ်" ဟု မင်းသမီးက
နန်း တော်ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

"ကလေးတွေကို ကိုယ်စားစောင့် ရှောက်ပေးတယ်လို့ ကမ္ဘာအနှံ့ ပျံ့နှံ့သွား တဲ့သတင်းက
ကျွန်မရဲ့ အသိုင်းအ၀ိုင်း ကြားမှာ ဆွေးနွေးပြောဆိုစရာကိစ္စ ဖြစ်နေတယ်။ ကျွန်မအမြင်မှာ
တော့ ဒီလောက်ထိ ဖြစ်စရာအကြောင်းမရှိဘူး လို့ထင်တယ်။ ကျွန်မအတွက်လည်း
ကူညီမယ့်သူ မရှိတဲ့ မွေးကင်းစ ကလေး နှစ်ယောက်ကို ရိုးရိုးသားသား စောင့်ရှောက်ပေး
တယ်။ ကျွန်မလုပ်ပေး နိုင်သလောက်လုပ်ပေးတယ်။ ဒါပါပဲ" ဟု မင်းသမီးကဆိုသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း