ဒုံးကျည်ကာကွယ် ရေးရပ်တန့်ပေးရန် တရုတ်တောင်းဆို

ပေကျင်း - တောင်ကိုရီးယားနိုင်ငံတွင် ယခုအခါ ဒုံးကျည်ကာကွယ်ရေးစနစ်သည်
စစ်ဆင်ရေးလုပ်ငန်းတာဝန်များ ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အမေရိကန်
အစိုးရက ကြေညာပြီး နောက် နာရီပိုင်းအကြာမှာပင် အဆိုပါ ဒွိဟပွားစရာ အမေရိကန် ဒုံးကျည်
ကာကွယ်ရေးစနစ်ကို ချက်ချင်းရပ်ဆိုင်းရန် တရုတ်ပြည်က မေ ၂ ရက်တွင် တောင်းဆိုခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယား တို့သည် THAAD ခေါ် ဒုံးကျည် ကာကွယ်ရေးစနစ်ကို
မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်ခဲ့သည့်
ဇူလိုင်လအတွင်း စတင်ချထားခဲ့ သည်။ သို့ရာတွင် အဆိုပါ ဒုံးကျည် ကာကွယ်ရေးစနစ်
ချထားမှုက တရုတ် ပြည်ကို ဒေါသထွက်စေခဲ့သည်။ တရုတ်ပြည်က ၄င်း၏ တိုက်ချင်းပစ်
ဒုံးကျည် စွမ်းရည်များ အားနည်းသွားမည်ကို စိုးရိမ်ပြီး အဆိုပါ ဒုံးကျည်စနစ်ချထား မှုက
ဒေသတွင်းလုံခြုံရေး အင်အား မျှခြေကို ကမောက်ကမ ဖြစ်စေနိုင်သည် ဟု ပြောကြား
ခဲ့သည်။

''တောင်ကိုရီးယားမှာ THAAD ဒုံးကျည်ကာကွယ်ရေးစနစ် ချထားတာ ကို ကန့်ကွက်
ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ နှစ်ဖက်နိုင်ငံတွေကိုလည်း ဒီစနစ်ချထားမှုကို ချက်ချင်း
ရပ်ဆိုင်းဖို့ တိုက်တွန်းပါတယ်။ ကျွန်တော်တို့နိုင်ငံ ရဲ့ အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းဖို့
လိုအပ်တဲ့ဆောင်ရွက်မှုမှန်သမျှကို ခိုင်ခိုင်မာမာ ဆောင်ရွက်သွားရပါလိမ့်မယ်''ဟု
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ပုံမှန်သတင်းစာ
ရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။

တရုတ်အစိုးရက ဒုံးကျည်ကာကွယ် ရေးစနစ်ကိစ္စ ပြောကြားနေစဉ်မှာပင် အမေရိကန်
သမ္မတ ဒေါ်နယ်ထရမ့်၏သူသည် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနှင့် သင့်တော်
သည့် အခြေအနေ တစ်ရပ်တွင် ဆွေးနွေးသွားခြင်းဖြင့် ဂုဏ်ယူမည်ဆိုသည့် သဘောထား
မှတ်ချက်ကို ထောက်ခံကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့ သည်။
ထရမ့်၏ မှတ်ချက်စကားနှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် Geng က တရုတ်ပြည်သည်
ဆွေးနွေးညှိနှိုင်းမှုကို အမြဲပင် ယုံကြည်ကြောင်း၊ နျူကလီးယားဖျက်သိမ်းရေးအတွက်
အောင်မြင်ရန် စစ်မှန်ပြီး ဖြစ်နိုင်ခြေရှိသော နည်းလမ်းဟု ယူဆကြောင်း ပြောကြားခဲ့သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း