တရုတ်နိုင်ငံတွင်းက ဆင်းရဲ ချမ်းသာ ကွာဟမှုများ

 

ပေကျင်းမြို့ ဆင်ခြေဖုံးတွင်တွေ့ရသည့် သိုးကျောင်းသားတစ်ဦး။ ဓာတ်ပုံ - အီးပီအေပေကျင်းမြို့ ဆင်ခြေဖုံးတွင်တွေ့ရသည့် သိုးကျောင်းသားတစ်ဦး။ ဓာတ်ပုံ - အီးပီအေ

၁၉၇၈ ခုနှစ်တုန်းက ရှန်ဟိုင်းမြို့လယ်ကို ဖြတ်ပြီးစီးဆင်းနေတဲ့ မြစ်ရဲ့ အရှေ့ဘက် မြေဟာ
ဗွက်ထနေတဲ့ စိုက်ခင်းတွေ၊ ခြောက်သွေ့တဲ့ ကုန်လှောင်ရုံတွေနဲ့ ပြည့်နှက် နေခဲ့တယ်။
နောင်နှစ်ပေါင်း ၄ဝ လောက် အကြာမှာ ဒီနေရာဟာ ဟောလိဝုဒ်က ရုပ်ရှင်သမားတွေရဲ့
စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်တွေအတွက် ရိုက်ကွင်းအဖြစ်နဲ့သုံးရတဲ့ မိုးမျှော် တိုက်တွေနဲ့
နီယွန်မီးတွေရှိတဲ့ နေရာဖြစ်လာခဲ့တယ်။

တရုတ်နိုင်ငံဟာ ဆင်းရဲတဲ့အခြေအနေ ကနေ ကမ္ဘာ့စီးပွားရေးအင်အား အတောင့်
တင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာတဲ့အတွက် ကြောင့် တရုတ်နိုင်ငံတစ်ဝန်းက မြို့တွေဟာ ဒီလို
မှင်တက်မိဖွယ် ကူးပြောင်းမှုတွေကို ဆောင်ရွက်လာခဲ့ကြတယ်။ တရုတ်နိုင်ငံဟာ စက်ရုံတွေ၊
လမ်းတွေ၊ တိုက်တွေ၊ ကမ္ဘာကျော် အမှတ်တံဆိပ်တွေ ထုတ်လုပ်တည်ဆောက် နိုင်ခဲ့တဲ့အတွက်
အတော့်ကို ချမ်းသာကြွယ်ဝ လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ လူတန်းစား မညီမျှမှုဟာ
ကြီးထွားလာတယ်။

ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ တရုတ် နိုင်ငံက လူတွေ ညီညီမျှမျှ ဆင်းရဲနေတာ
ကနေ တဖြည်းဖြည်း အဆင့်အတန်းခွဲခြားမှု တွေဖြစ်လာတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ အဆင့်အတန်း ခွဲခြားတဲ့ပမာဏဟာ အခုအချိန်အထိ
သိပ် မရှင်းသေးဘူး။ မကြာသေးမီက ထွက်လာတဲ့ စာတမ်းတစ်ခုမှာ ထင်ရှားတဲ့
စီးပွားရေး ပညာရှင်တွေက တရုတ်နိုင်ငံ စီးပွားရေး တံခါးဖွင့်ဝါဒ စတင်ကျင့်သုံးခဲ့တဲ့
၁၉၇၈ ခုနှစ်နဲ့ ၂ဝ၁၅ ခုနှစ်ကြားမှာ ဘယ်လို မညီမျှမှု တွေရှိခဲ့သလဲဆိုတာကို
အတတ်နိုင်ဆုံး အတိအကျ ခန့်မှန်းခဲ့ကြတယ်။

လေ့လာသူတွေဖြစ်ကြတဲ့ ပါရီ စီးပွားရေး ကျောင်းက Thomas Piketty, Li Yang နဲ့
University of Calfornia Berkeley က Zunman တို့က၁၉၇ဝ ပြည့်နှစ်မှာ လူတန်းစား
သာတူညီမျှမှုကို ရှေ့ထားခဲ့တဲ့ တရုတ်နိုင်ငံမှာ အခုအချိန်မှာတော့ ဥရောပနိုင်ငံတွေက
လူတန်းစား မညီမျှမှုလိုမျိုးတွေ ရှိနေပြီလို့ ထောက်ပြခဲ့တယ်။

လူတန်းစားမညီမျှမှုမှာ အမေရိကန်ကို မမီပေမဲ့ တဖြည်းဖြည်းနဲ့ နီးစပ်လာပြီး
သုတေသနပညာရှင်တွေက တရုတ်နိုင်ငံ စီးပွားရေးကောင်းလာမှုရဲ့
ဆိုးမွေကောင်းမွေ တွေကို မီးမောင်းထိုးပြနေကြတယ်။

သူတို့ရဲ့ လေ့လာမှုအရ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ၁ဝ ရာခိုင်နှုန်းရဲ့
ဝင်ငွေဟာ ၁၉၇၈ ခုနှစ်မှာ အမျိုးသားဝင်ငွေ စုစုပေါင်းရဲ့ ၂၇ ရာခိုင်နှုန်းပဲ
ရှိခဲ့ရာကနေ ၂ဝ၁၅ ခုနှစ်မှာ ၄၁ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်။
ဒီအချိန်မှာပဲ ဆင်းရဲသားတွေရဲ့ ဝင်ငွေဟာ ၁၉၇၈ ခုနှစ်မှာ ၁၇ ရာခိုင်နှုန်း
ရှိခဲ့ရာကနေ ၂ဝ၁၅ ခုနှစ်မှာ ၁၅ ရာခိုင်နှုန်းပဲရှိတော့တယ်။ ဒါဟာ
အမေရိကန်နိုင်ငံက အခြေခံလူတန်းစား တွေရဲ့ဝင်ငွေ ၁၂ ရာခိုင်နှုန်း
ထက်တော့ များပေမဲ့ ပြင်သစ်ပြည်သူတွေရဲ့ ၂၂ ရာခိုင်နှုန်းထက်တော့
နည်းနေသေးတယ်။

လေ့လာသူတွေက တရုတ်နိုင်ငံရဲ့ တိုးတက်မှုပုံစံဟာ အမေရိကန်ထက်
သာတူညီမျှ ဖြစ်ပေမဲ့ ဥရောပကိုတော့ မမီသေးဘူးလို့ သုံးသပ်ကြတယ်။

တရုတ်နိုင်ငံက ကြွယ်ဝချမ်းသာတဲ့လူတွေ ဟာ သူတို့ချမ်းသာတဲ့ပမာဏကို
လျှော့ပြီး ပြောကြတာရယ်၊ အခွန်ရှောင်ကြတာတွေ ရယ်ကြောင့် မညီမျှမှုနဲ့
ပတ်သက်ပြီး အချက် အလက်စုဆောင်းဖို့က ခက်တယ်။ တရုတ် နိုင်ငံရဲ့
ကြွယ်ဝချမ်းသာမှုတွေကို အပြည့်အဝ ပုံဖော်ဖို့အတွက် စီးပွားရေးလုပ်ငန်း
ရှင်တွေ ဟာ အမျိုးသားဘဏ် အကောင့်တွေ၊ ဆန်းစစ်လေ့လာချက်တွေ၊
အစိုးရ အခွန်မှတ်တမ်း တွေနဲ့ မဂ္ဂဇင်းတွေက သတ်မှတ်ပေးတဲ့ ချမ်းသာမှု
အဆင့်တွေ စတဲ့ အရင်းအမြစ် အများအပြားကို စုစည်းခဲ့ကြတယ်။

မညီမျှမှုအတွက် ဝေဖန်ထောက်ပြ ပြောဆိုလေ့ရှိတဲ့ ကမ္ဘာကျော် ပြင်သစ်
စီးပွားရေးပညာရှင် Piketty အတွက်တော့ ဒါဟာ မစိမ်းတဲ့ ချဉ်းကပ်မှု
တစ်ခုပါပဲ။ Piketty ဟာ ပြင်းထန်တဲ့ မညီမျှမှုအတွက် သမိုင်းအချက်
အလက်တွေကို စုပေါင်းရာမှာ ကမ္ဘာတစ်ဝန်း က ဒါဇင်နဲ့ချီတဲ့ လေ့လာသူတွေကို
အားထား ခဲ့ရတယ်။ ဒီလို အတူတကွ အလုပ်လုပ်ပြီးတော့ သူတို့က ပြီးခဲ့တဲ့
ဆယ်စုနှစ်တွေမှာ မညီမျှမှုက အချမ်းသာဆုံးလူ တစ်ရာခိုင်နှုန်း ကိုသာမက
သုည ဒသမ ၁ ရာခိုင်နှုန်းရော၊ သုည ဒသမ ဝ၁ ရာခိုင်နှုန်းကိုရော မိုးပျံအောင်
ချမ်းသာအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ မီးမောင်းထိုးပြခဲ့ကြတယ်။

တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေကတော့ အံ့သြမှင်တက်မိ
လောက်တယ်။ တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ငါးပုံတစ်ပုံရှိပြီး
သူ့ရဲ့စီးပွား ရေးအင်အားကလည်း အလားတူပဲဖြစ်တယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာ
ကောင်းတာက အရင်က သူတို့ဘယ်လောက်ဆင်းရဲခဲ့သလဲ ဆိုတာပဲ။
၁၉၇၈ ခုနှစ်တုန်းက တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၃ ရာခိုင်နှုန်း
ရှိခဲ့တုန်းက သူ့ရဲ့ ပြည်တွင်းထုတ်လုပ်နိုင်မှုဟာ သုံးရာခိုင်နှုန်းပဲရှိခဲ့တယ်။

 ပေကျင်းမြို့လယ်ရှိ ခေတ်မီကုန်တိုက်ကြီးတွင်ွ့ဃဃှု နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်းများရောင်းချနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ ပေကျင်းမြို့လယ်ရှိ ခေတ်မီကုန်တိုက်ကြီးတွင်ွ့ဃဃှု နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်းများရောင်းချနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

အဲဒီအချိန်တုန်းက တရုတ်နိုင်ငံဟာ မော်စီတုံးရဲ့ ကွန်မြူနစ်ဝါဒတွေနဲ့ ချုပ်ချယ်
ခံထားရတယ်။ တောဘက်မှာဆိုရင် လူအများစုက အသက်ရှင်နေထိုင်ဖို့အတွက်
လယ်သမားတွေအနေနဲ့ အသက်မွေးဝမ်း ကျောင်းခဲ့ရတယ်။ မြို့တွေမှာဆို
လူတွေက အစိုးရပိုင်တဲ့ ကုမ္ပဏီတွေမှာ အလုပ်လုပ် ကြရတယ်။ အဲဒီကုမ္ပဏီတွေက
ပစ္စည်းအနည်း ငယ်သာ ထုတ်လုပ်ပေးနိုင်ပြီး အလွန်နည်းတဲ့ လခတွေနဲ့
ပေးချေကြတယ်။ အဲဒီအလုပ် တွေက ထမင်းတစ်နပ်တော့ အမြဲကျွေးတာ
ကြောင့် 'သံမဏိ ထမင်းပန်းကန်လုံး'လို့ တင်စားပြီး ခေါ်ကြတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေထဲမှာ တရုတ်နိုင်ငံ ဟာ သိသိသာသာ ထင်ရှားတဲ့
အပြောင်းအလဲ တွေကို ဆောင်ရွက်ပြနိုင်ခဲ့တယ်။ အစိုးရပိုင် ကုမ္ပဏီတွေရဲ့
နေရာမှာ အကျိုးအမြတ်များတဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကြီးတွေက
အစားထိုး ဝင်ရောက်လာတယ်။

ချမ်းသာကြွယ်ဝမှု တိုးတက်လာတာနဲ့ မညီမျှမှုတွေဟာ အိမ်၊ ခြံ၊ မြေစနစ်ကြောင့်
အများစုဖြစ်လာတယ်လို့ Li Yang က ဆိုတယ်။ ၁၉၈ဝ ပြည့်နှစ်မှာ တရုတ်အများစုက
အစိုးရပိုင်တဲ့ အိမ်ရာမြေတွေမှာ နေခဲ့ကြပေမဲ့၁၉၉ဝ ပြည့်နှစ်တွေမှာ အစိုးရက
အိမ်ရာတွေကို အလွန်နည်းတဲ့ဈေးနဲ့ ရောင်းချခဲ့တယ်။ အိမ်၊ ခြံ၊ မြေဈေးတွေက
နောက် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ထောင်တက်သွားတာကြောင့်
အစောပိုင်းမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့သူတွေက ပိုပြီးကြွယ်ဝ ချမ်းသာသွားခဲ့ကြတယ်။
၁၉၇၈ ခုနှစ်တုန်းက ပုဂ္ဂလိက အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုဟာ ၅ဝ ရာခိုင်နှုန်းပဲရှိခဲ့ရာ
ကနေ ခုအချိန်မှာ ၉၅ ရာခိုင်နှုန်းကျော်အထိ တက်လာခဲ့တယ်လို့ လေ့လာသူတွေက
ဆိုတယ်။

တခြားတစ်ဖက်မှာတော့ တရုတ်ကုမ္ပဏီ တွေရဲ့ အစိတ်အပိုင်းအများစုကို အစိုးရက
ပိုင်နေတုန်းပဲ။ ဒါဟာ အနောက်တိုင်းက ကုမ္ပဏီတွေနဲ့တော့ ကွာတယ်။

၂ဝဝ၆ ခုနှစ် အထိ အစိုးရပိုင်တဲ့ ရှယ်ယာတွေက မှန်မှန် ကျခဲ့ပေမဲ့ ငွေကြေးကျပ်
တည်းမှုကြောင့် အတက်ဘက်ကို ပြလာပြန်တယ်။ ၂ဝ၁၅ ခုနှစ်မှာတော့ ၆ဝ ရာခိုင်နှုန်း
လောက်အထိ ပြန်ဖြစ်လာခဲ့တယ်။

ဤဆောင်းပါးသည် ဝါရှင်တန်ပို့စ်သတင်းထောက် Ana Swanson ၏
အာဘော်သာ ဖြစ်သည်။


(ဝါရှင်တန်ပို့စ်)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း