ပြီးပြည့်စုံသော လက်နက်စနစ်စမ်းသပ်မှု မြောက်ကိုရီးယားအတည်ပြု

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နောက်ဆုံးပစ်လွှတ်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှုကို မေ ၁၄ ရက်က စစ်ဆေးနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နောက်ဆုံးပစ်လွှတ်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှုကို မေ ၁၄ ရက်က စစ်ဆေးနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

တိုကျို - မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ အင်ဂျင်နီယာများက
နျူကလီးယားလက်နက်အကြီးစား တာလတ် ပဲ့ထိန်းဒုံးကျည်စနစ်သစ်ကို စတင်ပစ်လွှတ်
စမ်းသပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြီးပြည့်စုံသော
လက်နက်စနစ်စမ်းသပ်မှုအတွက် အောင်ပွဲခံခဲ့သည်။

အဆိုပါ ပဲ့ထိန်းဒုံးကျည်စနစ်ကို မေ ၁၄ ရက်တွင် စမ်းသပ်ပစ်လွှတ်ခဲ့ပြီး
အမေရိကန်ပြည်ထောင်စုအထိ ပစ်လွှတ်နိုင်မည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စနစ်
ဖွံ့ဖြိုးမှုတွင် တိုးတက်လာသည့်အခြေအနေရှိကြောင်း ပြသခဲ့သည်ဟု အမေရိကန်
ဒုံးကျည်ပညာရှင်များက ပြောသည်။

''မြောက်ကိုရီးယားနိုင်ငံ၏ နောက်ဆုံး အောင်မြင်ခဲ့သော ပဲ့ထိန်းဒုံးကျည်
စမ်းသပ်ပစ်လွှတ်မှုသည် မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုမှ တစ်ခါမျှ မမြင်ဖူးသည်
စွမ်းဆောင်ရည်ကို တွေ့ရှိရကြောင်း'' ဒုံးကျည်အထူးပြု လေယာဉ်တည်ဆောက်မှု
နည်းပညာ အင်ဂျင်နီယာ ဂျွန်စကေးလ်လင်းက ဆိုသည်။ ဆိုလိုသည်မှာ မြောက်ကိုရီးယားက
တာလတ်ပဲ့ထိန်းဒုံးကျည်စနစ်ကို ငါးနှစ် ခန့်မှန်းထားသည်ထက် တစ်နှစ်အတွင်း
တီထွင်နိုင်ခဲ့သည်ဟု ၄င်းက ပြောသည်။

နောက်ဆုံးဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုသည် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခံခဲ့ရပြီး
အိမ်ဖြူတော်က မြောက်ကိုရီးယားနိုင်ငံကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သော
ခြိမ်းခြောက်မှုဟု ထုတ်ပြန်ခဲ့ပြီး ပြင်းထန်သောပိတ်ဆို့မှုများပြုလုပ်ရန် မဟာမိတ်များကို
တိုက်တွန်းခဲ့သည်။ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့က အဆိုပါ စမ်းသပ်မှုကို
ဝေဖန်ရှုတ်ချခဲ့ကြသည်။

အဆိုပါ နောက်ဆုံး ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ဓာတ်ပုံများ ထွက်ရှိခဲ့ပြီးနောက်
မြေပြင်ပစ် တာလတ် တာဝေး ပဲ့ထိန်းဒုံးကျည်ကို "Hwasong12" ဟု ခေါ်ကြောင်း
မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ခဲ့သည်။

''တကယ်လို့ အမေရိကန်က မြောက်ကိုရီးယားကို ဆန့်ကျင်ပြီး စစ်ရေးအရ စိန်ခေါ်ဖို့
ဆုံးဖြတ်ခဲ့ပါက ပြန်တုံ့ပြန်သွားဖို့ အဆင်သင့်ပဲ'' ဟု မြောက်ကိုရီးယား အာဏာပိုင်
နာမည်ကိုသုံး၍ အဆိုပါအေဂျင်စီက ပြောခဲ့သည်။

''အမေရိကန်က မြောက်ကိုရီးယားကို တုံ့ပြန်ရန် ကြိုးပမ်းပါက သမိုင်းကြောင်းတွင်
ဖြစ်ပွားမည့် အကြီးဆုံး ဘေးအန္တရာယ်က ရှောင်တိမ်းနိုင်မည်မဟုတ်'' ဟု ကင်၏
ပြောကြားချက်အပေါ် အေဂျင်စီက ကိုးကားထားသည်။ အမေရိကန်က ၄င်း၏ ပြည်မနှင့်
ပစိဖိတ်စစ်ဆင်ရေး ဒေသများသည် မြောက်ကိုရီးယားက ပစ်ခတ်နိုင်သော ဒုံးကျည်
အကွာအဝေးအတွင်းရှိနေသည့် လက်တွေ့ဘဝကို လျစ်လျူရှုမထားသင့်ပေ။

မြောက်ကိုရီးယားက ၄င်း၏ ဟန်များသော လေလုံးထွားမှုဖြင့် ထင်ရှားသော်လည်း ကင်၏
ရည်မှန်းထားသော တာလတ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု သိသိသာသာ တိုးတက်မှုအပေါ်
ပညာရှင်များက စိုးရိမ်လျက်ရှိသည်။ မြောက်ကိုရီးယားက မေ ၁၄ ရက်တွင် ပဲ့ထိန်းဒုံးကျည်
စမ်းသပ်ပစ်လွှတ်ခဲ့ပြီး စမ်းသပ်ပစ်လွှတ်သည့်နေရာမှ ကိုရီးယားကျွန်းဆွယ်နှင့်
ဂျပန်နိုင်ငံအကြား ပင်လယ်အတွင်း တရုတ်နိုင်ငံနယ်စပ် ၄၃၅ မိုင် အကွာတွင်
ပြုတ်ကျခဲ့သည်။ အဆိုပါ ဒုံးကျည်တွင် ပေါက်ကွဲအားမည်မျှ သယ်ဆောင်လာသည်ကိုမူ
ချက်ချင်း ရှင်းရှင်းလင်းလင်း မသိနိုင်ခဲ့ပေ။

ထိုစမ်းသပ်ပစ်လွှတ်မှုကို အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားခဲ့ပြီး
ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ကိုရီးယား အဓိကသတင်းအေဂျင်စီက ဆိုသည်။ အဆိုပါ
ဒုံးကျည်သည် အမြင့်မိုင် ၁,၂၄ဝ ခန့် ရောက်ရှိခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး
စီမံကိန်း တွဲဖက် ဒါရိုက်တာ ဒေးဗစ် ရိုက်က ပြောကြားခဲ့သည်။ အကယ်၍ စံလမ်းကြောင်း
ပေါ်တွင် အဆိုပါ ဒုံးကျည်ကို လွှတ်တင်ခဲ့ပါက နည်းပညာအရ အကွာအဝေး
မိုင်ပေါင်း ၂,၈ဝဝ ခန့်ရောက်ရှိမည်ဖြစ်ပြီး အမေရိကန်နိုင်ငံပိုင် ဂွမ်ကျွန်းအတွင်းသို့
လွယ်ကူစွာ ရောက်ရှိနိုင်သည်ဟု ၄င်းက ပြောသည်။ ''မြောက်ကိုရီးယားမှာ ကွဲပြားခြားနားတဲ့
လက်နက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းတွေ ရှိနေတာကို ဒီ ဒုံးကျည်စမ်းသပ်မှုက
သက်သေပြနေတယ်'' ဟု ၄င်းက ပြောကြားခဲ့သည်။

Hwasong 12 ဒုံးကျည်သည် မြောက်ကိုရီးယား စစ်ချီတက်ပွဲတွင် ပြသခဲ့သည့်
ဒုံးကျည်ဖြစ်နိုင်သည်ဟု လေ့လာသုံးသပ်သူများက ထင်မြင်ယူဆကြသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း