ဂျပန် ယာကူဆာများ အစားအသောက်များ ခိုးစားနေရ

တိုကျို - ဂျပန်နိုင်ငံရှိ ယာကူဆာဂိုဏ်းသားများ၏ဘဝ ရပ်တည်နိုင်ရေးအတွက်
အပြင်းအထန်ကြိုးစားနေကြရရာ အချို့ဆိုလျှင် ဆိုင်များမှ အစားအသောက်များကိုပင်
ခိုးယူနေကြရသည် ဆို၏။

ရာဇဝတ်မှုများကို ဂိုဏ်းဖွဲ့၍ကျူးလွန်သော ယာကူဆာ ဂိုဏ်းသားနှစ်ဦးသည်
ဂျပန်နိုင်ငံအလယ်ပိုင်းမြို့ ဖြစ်သော နာဂိုယာမြို့ရှိ စတိုးဆိုင်တစ်ဆိုင်မှ ယန်းငွေ
၇၆,၁၂ဝ တန်ဖိုးရှိ စားသောက်ကုန် ပစ္စည်းများကို ခိုးယူရန်ကြိုးပမ်းမှုဖြင့် ဖမ်းဆီး
ခံခဲ့ရကြောင်း မေ ၂၄ ရက်တွင် ဂျပန်ရဲက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အသက် ၅၂ နှစ်နှင့် ၅၉ နှစ်အရွယ်ရှိ ယာကူဆာ ဂိုဏ်းသားနှစ်ယောက်သည် ဖရဲသီး၊
ဆန်၊ ငါးရှဥ့်နှင့် အသင့်စားသောက်နိုင်သည့် အစားအသောက်ထုပ်များအပါအဝင်
ပစ္စည်း ၁၉၈ မျိုးကို ခိုးယူခဲ့သည်ဆို၏။

- အေအက်ဖ်ပ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း