ထိုင်း ရသေ့များ ကမ္ဘာသိစေရေး ဝက်ဘ်ဆိုက်ကို အသုံးပြု

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ နေအိမ်တွင်တွေ့ရသော ထိုင်းဂမ္ဘီရဆရာ တွန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ နေအိမ်တွင်တွေ့ရသော ထိုင်းဂမ္ဘီရဆရာ တွန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ခွန်ကေအင်  (ထိုင်း) - ထိုင်းနိုင်ငံ၏ ဂူအောင်း ရသေ့များသည် မျက်နှာပွင့်ဆေးကို စီမံဖော်စပ်ပေးရန်
တောတွင်း၌ ဝိညာဉ်များနှင့် လက်ပွန်းတတီးနေထိုင်ရင်း ရှေးမှော်အတတ်နှင့် ရိုးရာဓလေ့များကို
လမ်းညွှန်အဖြစ် ကိုင်စွဲလျက် သဘာဝလွန် အားထုတ်မှုများကို တစ်ချိန်က ပြုမူနေထိုင်ကြသည်။

ယခုခေတ်တွင် ထိုင်း ဂမ္ဘီရဆရာများသည် ယခင်ကထက်ပိုပြီး ဆက်စပ်မှုရှိကြသည်။ စမတ်ဖုန်းများ၊
ဖေ့စ်ဘွတ်ခ်သတင်းများနှင့် စီးပွားရေးနှင့်စပ်လျဉ်း၍ အာရှဒေသအနှံ့ တပည့်တပန်းများကို
စည်းရုံးရန် စိတ်တန်ခိုးရှင်အုပ်စုတစ်စုသည် ခေတ်သစ်နည်းပညာကို အသုံးပြုနေကြသည်။

'တွန်း'အမည်ရှိ ထိုင်းဂမ္ဘီရဆရာ ရသေ့သည် သူ၏ စမတ်ဖုန်းပေါ်ရှိ နက္ခတ်ဗေဒင်ဆိုင်ရာ ဇယား
ကွက်ကို ငုံ့ကြည့်ပြီး အေအက်ဖ်ပီသတင်းထောက်ကို ''ဒီလကုန်ရက်မှာ မတော်တဆဖြစ်မှု တစ်ခုခုနဲ့
ကြုံလိမ့်မယ်'' ဟု ဟောလိုက်သည်။

တောက်ပနေသော ဗုဒ္ဓဆင်းတုတော်များ ထိတ်လန့်စရာကောင်းသော အရုပ်များနှင့် အခြား ဘာသာရေး
ဆိုင်ရာ လက်ဝတ်တန်ဆာ မြောက်မြားစွာဖြင့် ဝန်းရံလျက် အသက် ၅၇ နှစ်အရွယ်ရှိ တွန်းသည်
ကံအကျိုးပေး ကောင်းမွန်ရေး အထွတ်အမြတ်ဖြစ်သော ဆေးမှုန့်များနှင့် ဆီမန်းကို အသုံးပြုသည်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကျယ်ဝန်းသော အိမ်ကြီးတစ်အိမ်ရှိ အခန်းတွင် အခြားသော ဂမ္ဘီရရသေ့
အချို့ စုဝေးနေကြသည်။ ၄င်းတို့ကို ထိုင်းဘာသာဖြင့် မနကျနန ဟု ခေါ်သည်။

နိုင်ငံခြားက ရာပေါင်းများစွာသော တပည့်တပန်းများသည် ရသေ့တို့၏ အမှာစကားတိုင်းကို စွဲမြဲစွာ
ရင်ဝယ်ပိုက်ထားကြသည်။ ဂမ္ဘီရ ဆရာများထံ အမြဲလာနေကြသည့် တပည့် တစ်ဦးဖြစ်သည့်
တရုတ်(တိုင်ပေ) အမျိုးသမီး အန်းလျူက ၄င်း၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် တွန်းက ၄င်း၏ခင်ပွန်းကို
ပရိတ်ကြိုးပတ်၍ ရှင်းပြနေပုံကို တင်ထားသည်။ ဘဏ်အလုပ်သမားဟောင်း တစ်ဦးဖြစ်သော
တွန်းသည် ထိုင်းနိုင်ငံ၏ ယုံကြည်သက်ဝင်မှုဆိုင်ရာ ပရလောကတွင် ရုတ်တရက်ပေါ်လာသည့်
ခေတ်သစ် ဂမ္ဘီရ ဆရာများစွာတို့ထက် ရှေ့တန်းရောက်နေ သည်။ ဂမ္ဘီရလောကတွင် နတ်ဆရာများ၊
ပယောဂဆရာများနှင့် နက္ခတ်ဗေဒင်ဆရာများ များစွာရှိသည်။

ထိုင်းနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို အထူးပင် သက်ဝင်ယုံကြည်မှုများသော်လည်း တစ္ဆေ၊
သရဲများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြသည်။

တွန်းသည် လွန်ခဲ့သော ၁၆ နှစ်ကစ၍ ထိုလောကီပညာကို ကျင့်သုံးဆောင်ရွက်ခဲ့သဖြင့်
အရပ်ဝတ်များမဝတ်တော့ဘဲ ဝတ်ဖြူစင်ကြယ်ကိုသာ ဝတ်ဆင်၍ မုတ်ဆိတ်မွေး ရှည်ရှည်ထားပြီး
လက်မောင်းများတွင် အကာအကွယ်အဖြစ် ဂိုဏ်းဆေးများကို ထိုးထားသည်။

ဖေ့စ်ဘွတ်ခ်နှင့် တယ်လီဖုန်းဆက်သွယ်ရေးကို အသုံးပြု၍ ၄င်း၏လုပ်ငန်းကို ကြော်ငြာခဲ့ပြီး
တပည့်တပန်း ရာပေါင်းများစွာ ရှိလာသည်။ ယခုအခါ ဂမ္ဘီရရသေ့များသည် ဝေဒနာရှင်များကို
လွယ်ကူစွာကူညီနိုင်ရန် တောရပ်မမှီတော့ဘဲ မြို့ထဲ၌ပင် နေကြသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း