ဂီတာလွယ်ကာသီဆိုဖျော်ဖြေခဲ့သောအသက်၈၁နှစ်အရွယ်ရှိစင်္ဂပူအဘွားအို

 

အသက်၈၁နှစ်အရွယ်ရှိသော ဂီတာအမြဲလွယ်ထားသော စင်္ဂပူအဘွားအို၏ ဂီတဖျော်ဖြေမှုကိုယူကျူ့၌ုကြည့်ရှု သူပေါင်း တသန်းကျော်ရှိကြောင်းတွေ့ရစဉ်။ ဓါတ်ပုံ - အေအက်ဖ်ပီအသက်၈၁နှစ်အရွယ်ရှိသော ဂီတာအမြဲလွယ်ထားသော စင်္ဂပူအဘွားအို၏ ဂီတဖျော်ဖြေမှုကိုယူကျူ့၌ုကြည့်ရှု သူပေါင်း တသန်းကျော်ရှိကြောင်းတွေ့ရစဉ်။ ဓါတ်ပုံ - အေအက်ဖ်ပီ

အသက်၈၁နှစ်အရွယ် စင်္ဂပူလူမျိုးအဘွားအို Mary Ho သည် ဂစ်တာလွယ်၍ သူမချစ်သော
ရော့စ်မြူးဇစ်ကို သီဆို ဖျော်ဖြေခဲ့သည်။ ၅၂နှစ်မြောက်စင်္ဂပူအမျိုးသားနေ့တွင်ကျင်းပသောဖျော်ဖြေပွဲ၌
ဧည့်ပရိတ် သတ် အများ၏ရှေ့တွင် သီဆိုဖျော်ဖြေသောအခါ Mery Ho ၏ဖျော်ဖြေမှုသည်
ဗုဒ္ဓဟူးနေ့တွင် ထိပ်ဆုံးသို့ရောက်ရှိနေခဲ့သည်။ မြေးခုနှစ်ယောက်ရှိသော Ho အဘွားအိုသည်
အသက်၆၀ မှသာလျှင် သူ၏ ငယ်ဘ၀ အိမ်မက်တစ်ခုအနေဖြင့် ဘ၀တစ်လျောက်ဂစ်တာကို
စတင် သင်ယူတီးခတ်ခဲ့သည်။

သူမကိုယ်တိုင် သီဆိုတီးခတ်ပြီး အသံနှင့် သက်ဆိုင်သော စာအုပ်များမှ လည်းသင်ယူခဲ့သည်။
သို့သော်သူမသည် ဆယ်စုနှစ် တစ်ခု အကြာမှ ရော့စ်စတား ကားလို့စ်ဆန်တနာ၏ ကလပ်ဇစ်
တေးဂီတဖြစ်သော "Samba Pa Ti" တေးသီချင်းဖြင့် သူငယ်ချင်းများက မိတ်ဆက်သောအခါ
Ho သည် ဂီတ အနည်းငယ် ကျွမ်းကျင်သူ အချို့ထံမှာ ရှာဖွေသင်ယူရန် ဆုံးဖြတ်ခဲ့သည်။

"ဒါပေမဲ့အရင်ကအဖွားအရွယ် ဘယ်တဦးကိုမှ မသင်ခဲ့ဖူးဘူးဟု ဆရာက ကျမကိုကြည့်ပြီး
ပြောဆိုခဲ့တယ်"။

"ကိုယ်တိုင် သင်ယူခဲ့တာက အရမ်းကို ခက်ခဲ့တာကြောင့် ဆရာတစ်ဦးကို ရှာဖွေခဲ့ပါတယ်" ဟု
သူမက အေအက်ဖ်ပီ သတင်းဋ္ဌာနကို ပြောကြားသည်။ ဂီတကို ဘယ်လိုတီးခတ်ရမလဲ ဆိုတာ
တကယ် မသိခဲ့သောကြောင့် Ho အဘွားအိုက တနေ့ကို သူမအကြိုက်ဆုံး သီချင်းဖြင့် တစ်ရက်ကို
သုံးနာရီကြာအောင် လေ့ကျင့် သင်ယူဖို့ဆုံးဖြတ်ခဲ့သည်။ ဂစ်တာအလက် ၂၀ ကျော်
စုဆောင်းနိုင်ခဲ့သလို လက်တင်ဂီတအမျိုးအစား ကိုယ်ပိုင်အယ်လ်ဘမ် တစ်ချပ်ကို အသံသွင်းခဲ့ပြီး
၎င်းသီချင်းများမှာ အလှူပွဲများ တွင်မကြာခဏ တောင်းဆိုခံရလေ့ရှိသည်။
"Need Your Love So Bad" ရော့စ် တေးသီချင်းဖြင့် တီးခတ်ခဲ့သော ဗီဒီယိုဖိုင်ကို
ယူကျူ့ ပေါ်တွင်ကြည့်ရှုသူ တစ်သန်းကျော် ရှိခဲ့ကြောင်း သိရသည်။

သက်ကြီး ရွယ်အိုနှုန်းမြင့်တက်လျက်ရှိသော စင်ကာပူနိုင်ငံတွင် Ho သည် သက်ကြီးရွယ်အိုများ
အတွက် စံပြ ပြယုဂ် တစ်ခုဖြစ်ခဲ့ပြီး လက်ရှိ၎င်းကစီနီယာများအား အသက်အရွယ်အိုမင်း
လာချိန်တွင် တက်တက်ကြွကြွ နေထိုင်ရန် တိုက်တွန်းအားပေးမှုပွဲများကိုလည်း ပြုလုပ်လျက်
ရှိသည်။

သူမကဗုဒ္ဓဟူးနေ့တွင်ပြုလုပ်ခဲ့သော ပရိတ်သတ်၂၇၀၀၀ကျော်ရှေ့၌ ဖျော်ဖြေရမည့်ပွဲ
အတွက် စိုးရိမ်မှုများ အနည်းငယ်ရှိကြောင်းကို ၀န်ခံခဲ့သည်။ ၄င်းတင်ဆက်မှုသည် သူမ၏
ပတမဆုံးအကြိမ် ကြီးမားသော ဖျော်ဖြေမှုဖြစ်ပြီး အရမ်းကြောက်ရွံ့ခဲ့သည်ဟု သူမပြောကြား
ခဲ့သည်။ သူမ၏ ပင်ကိုယ်သဘာဝက ဖြစ်နိုင်ရင် အရာအားလုံးကိုချစ်တယ်။ ဘယ်တော့မှ
သင်ယူနေရတာ မမောပန်းဘူးလို့သူမပြောကြားခဲ့သည်။

အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း