အွန်လိုင်းမှ ငွေလိမ်သည့် တရုတ်များ သီရိလင်္ကာတွင် ဖမ်းဆီးခံရ

ဖမ်းဆီးခံရသော တရုတ်နိုင်ငံသားများ ကို ရဲများကခေါ်လာစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)ဖမ်းဆီးခံရသော တရုတ်နိုင်ငံသားများ ကို ရဲများကခေါ်လာစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ကိုလံဘို - အင်တာနက်မှ ငွေကြေး လိမ်ညာရယူသူများဟု စွပ်စွဲခြင်းခံရသူ တရုတ်နိုင်ငံသား
အနည်းဆုံး ၁၁၄ ဦးကို သီရိလင်္ကာရဲတပ်ဖွဲ့က ကိုလံဘိုမြို့တွင်း နှင့် အနီးပတ်ဝန်းကျင်၌
စီးနင်းမှုများ ပြုလုပ်စဉ်အတွင်း ဖမ်းဆီးလိုက်ကြောင်း ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အရာရှိ
များကပြောသည်။

ယင်းသို့ စီးနင်းဖမ်းဆီးမှုများသည် အဆိုပါလူလိမ်ဂိုဏ်းကို ဖြိုခွင်းနှိမ်နင်း နေသည့် တရုတ်ရဲ
များ၏ သီရိလင်္ကာ ရဲတပ်ဖွဲ့ကို အကူအညီတောင်းခံအပြီး၌ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

"သူတို့ဟာ သူတို့နိုင်ငံသားအချင်း ချင်းကိုလိမ်ခဲ့တာပါ။ လိမ်ညာခံရသူ တွေကို သီရိလင်္ကာ
မှာရှိတဲ့ အခုအဖမ်းခံ ထား ရသူတွေရဲ့အမည်တွေနဲ့ ငွေစာရင်း ထဲကို ငွေလွှဲပေးပို့ခိုင်းခဲ့တာပါ"
ဟု အဆင့် မြင့်ရဲအရာရှိ ပရီဟန်သာဂျာယာကိုဒီ က အေအက်ဖ်ပီသတင်းဌာနကို ပြောသည်။

လိမ်လည်မှု၌ ပါဝင်ပတ်သက်သည့် သီရိလင်္ကာနိုင်ငံတွင်းမှ ဖုန်းခေါ်ဆိုမှု များကိုတွေ့ရှိခဲ့အပြီး
တွင် တရုတ်ရဲ တပ်ဖွဲ့က အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သီရီလင်္ကာရဲတပ်ဖွဲ့က ဆိုခဲ့
သည်။

"လိမ်လည်ခံခဲ့ရသူတွေဟာ တရုတ် နိုင်ငံမှာ နေထိုင်ကြပြီး လိမ်လည်မှု ကတော့ အင်တာနက်
ကနေတစ်ဆင့် သီရိလင်္ကာနိုင်ငံမှာ ဆောင်ရွက်ခဲ့ကြ တာပါ" ဟု ဂျာယာကိုဒီကပြောသည်။

အဖမ်းဆီးခံထားရသော တရုတ်နိုင်ငံ သားများသည် သီရိလင်္ကာတွင် တိုးရစ် ဗီဇာဖြင့်နေထိုင်
ခဲ့ကြကြောင်း ရဲများက ဆိုသည်။

တရုတ်လူမျိုး ထောင်ပေါင်း များစွာသည် သီရိလင်္ကာတစ်ဝန်းတွင် တရုတ်နိုင်ငံ၏ ငွေကြေး
ထောက်ပံ့ခံ စီမံကိန်းလုပ်ငန်းများ၌ အလုပ်လုပ်ကိုင် လျက်ရှိကြသည်။

ပြီးခဲ့သည့်ဇွန်လကပင် သီရီလင်္ကာ နိုင်ငံသည် တရုတ်နိုင်ငံ၏ ချေးငွေဖြင့် တရုတ်နိုင်ငံကပင်
တည်ဆောက်ထား သော နိုင်ငံ၏ ပထမဆုံးသော ဆိပ်ကမ်း ကြီးတစ်ခုကို ဖွင့်လှစ်ခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း