တရုတ်နိုင်ငံတွင် ကမ္ဘာ့အရှည်လျားဆုံး မြန်နှုန်းမြင့်ရထားလမ်း စတင်ဖွင့်လှစ်

ကမ္ဘာ့အရှည်ဆုံး မြန်နှုန်းမြင့်ရထားလမ်းပေါ်တွင် မောင်းနှင်နေသော ရထားတစ်စင်းပေါ်၌ ရထားဝန်ထမ်းအမျိုးသမီး တစ်ဦးက ခရီးသည်များအား ၀န်ဆောင်မှုပေးနေစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)ကမ္ဘာ့အရှည်ဆုံး မြန်နှုန်းမြင့်ရထားလမ်းပေါ်တွင် မောင်းနှင်နေသော ရထားတစ်စင်းပေါ်၌ ရထားဝန်ထမ်းအမျိုးသမီး တစ်ဦးက ခရီးသည်များအား ၀န်ဆောင်မှုပေးနေစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ပေကျင်း- တရုတ်နိုင်ငံသည် ကမ္ဘာ့ အရှည်ဆုံး မြန်နှုန်းမြင့်ရထားလမ်း၏ တတိယမြောက်
နောက်ဆုံးရထားလမ်း ပိုင်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ထုတ်ဖော်ပြသခဲ့သည်ဟု သိရ
သည်။

ရထားလမ်းပိုင်း အစအဆုံးမှာ ပေကျင်း မြို့မှ ကွမ်ကျိုးမြို့ထိဖြစ်ပြီး ၂,၂၉၈ ကီလိုမီတာရှိ
သည်ဟု သိရသည်။ ၎င်းလမ်းပိုင်းအစအဆုံးကို ဒီဇင်ဘာလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ခရီး
သည်များ ပို့ဆောင်ရန် စတင်ပြေးဆွဲမည်ဖြစ်သည်။

ယင်းမြန်နှုန်းမြင့်ရထားလမ်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ နှုန်း ဖြင့် သွားနိုင်မည်ဖြစ်ပြီး
ယခင်က မြို့တော် ပေကျင်းနှင့် တောင်ပိုင်းစီးပွားရေး အချက်အချာမြို့ ကွမ်ကျိုးကို ၂၂ နာရီ
ကြာ သွားခဲ့ရရာမှ ရှစ်နာရီထိ လျော့ကျသွားမည်ဟု သိရသည်။

အာဏာပိုင်များက စနေနေ့တွင် သတင်းသမားများအား နောက်ဆုံး လမ်းပိုင်းဖြစ်သည့်
ပေကျင်းမြို့ West Station ဘူတာနှင့် ကျန်ကျိုးမြို့တို့ကို ဆက်သွယ်ထားသော ၆၉၃
ကီလိုမီတာ လမ်းပိုင်းကို ထုတ်ဖော်ပြသခဲ့သည်။

တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ ကျော် နှုန်းဖြင့်ပြေးသော်လည်း ယင်း မြန်နှုန်း မြင့်
ကျည်ဆန်ရထားကို စီးနင်းရသည်မှာ ချောမွေ့ငြိမ့်ညောင်းပြီး အသံအနည်း ငယ်သာ
ထွက်သည်ဟုဆိုသည်။

"ဒါက ကမ္ဘာ့အရှည်ဆုံးကျည်ဆန် ရထားလမ်းဖြစ်သလို ကမ္ဘာနဲ့ တရုတ် နိုင်ငံတို့မှာ
နည်းပညာအမြင့်မားဆုံး တွေထဲက တစ်ခုလည်းဖြစ်ပါတယ်"ဟု မီးရထားဝန်ကြီးဌာနမှ
တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ကျိုးလီကပြောကြားသည်။

ယင်းရထားလမ်းမှာ ရပ်နားဘူတာ ၃၅ ခုရှိမည်ဖြစ်ပြီး ယင်းရထားလမ်းသည် ကျန်ကျိုးမြို
့အပြင် တခြားမြို့ကြီးများ ဖြစ်သည့် ၀ူဟန်နှင့် ချန်ဝှာမြို့များ ကိုလည်း ဖြတ်သန်းသွားမည်
ဖြစ်သည်။

ကျန်ကျိုးမြို့နှင့် ၀ူဟန်မြို့လမ်းပိုင်းနှင့် ဂူဟန်မြို့နှင့် ကွမ်ကျိုးမြို့လမ်းပိုင်းများမှာ အသုံးပြု
နေပြီးဖြစ်သည်။ တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ကျည်ဆန် ရထားကွန်ရက်မှာ ၂၀၀၇ ခုနှစ်တွင်မှ
စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သော် လည်း အလျင်အမြန်ပင် ကမ္ဘာ့အကြီး မားဆုံးဖြစ်လာခဲ့
သည်။

၂၀၁၀ ပြည့်နှစ် အဆုံးတွင် စုစုပေါင်းရထားလမ်းအရှည် ၈,၃၅၈ ကီလိုမီတာရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ၎င်းသည် ကီလို မီတာ ၁၆,၀၀၀ ခန့်ထိ နှစ်ဆတိုးလာ မည်ဟု ခန့်မှန်း
ထားကြသည်။

သို့သော် ယင်းရထားလမ်းဖောက် လုပ်မှုတွင် လာဘ်စားမှုများ၊ လုံခြုံရေး ပြဿနာများ အများ
အပြားရှိခဲ့သည်ဟု သိရသည်။

၎င်းမှာ ရထားလမ်းကွန်ရက် ချဲ့ထွင်မှု အလွန်မြန်ဆန်လွန်း၍ဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ
တွင် ကျည်ဆန် ရထားတိုက်မှုကြောင့် လူ ၄၀ သေဆုံး ခဲ့ရမှုမှာ အများပြည်သူဝေဖန်ပြစ်
တင် စရာဖြစ်ခဲ့သည်။

အာဏာပိုင်များက နောက်ဆုံး လမ်း ပိုင်းဖွင့်လှစ်မှုမတိုင်မီတွင် ရထားလမ်း ထိန်းသိမ်းမှု၊
တည်ဆောက်ပုံ စစ်ဆေးမှု၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း စနစ်များ အားလုံးကိုကြို
တင်လေ့လာခဲ့ သည်ဟုဆိုသည်။

"အရေးပေါ်ကယ် ဆယ်ရေး စနစ်များအားလုံးကို ပိုမိုကောင်း မွန်အောင် စစ်ဆေးတည်
ဆောက်ပြီး ဖြစ်ပါတယ်" ဟု မီးရထားဝန်ကြီးဌာန၏ သတင်းသမားများကိုဝေငှသော လက်
ကမ်းစာစောင်တွင် ဆိုထားသည်။

တရုတ်နှစ်သစ်ကူးကာလအမီ ရထား လမ်းကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ၎င်း နှစ်သစ်
ကူးအားလပ်ရက်သည် ဖေဖော်ဝါရီလလယ်တွင် ကျရောက်ပြီး ထိုကာလတွင် နိုင်ငံတစ်ဝန်း
ခရီးသွားများ ကူးသန်းသွားလာမှု သန်းရာချီပြီး ၎င်းမှာ ကမ္ဘာ့အကြီးမားဆုံး နှစ်စဉ် ကူးသန်း
သွားလာမှုအဖြစ် နာမည်ကြီးကြောင်း သိရသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း