နယူးဒေလီအမျိုးသမီးများ ကိုယ်ခံပညာသင်ကြာ

နယူးဒေလီမြို့ ကိုယ်ခံပညာသင်တန်းတစ်ခုတွင်တက်ရောက်နေသည့် အိန္ဒိယအမျိုး သမီးငယ်တစ်ဦးက ကစားဖော်နှင့်အကန်လေ့ကျင့်စဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီနယူးဒေလီမြို့ ကိုယ်ခံပညာသင်တန်းတစ်ခုတွင်တက်ရောက်နေသည့် အိန္ဒိယအမျိုး သမီးငယ်တစ်ဦးက ကစားဖော်နှင့်အကန်လေ့ကျင့်စဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

နယူးဒေလီ - အိန္ဒယနိုင်ငံ၊ နယူးဒေလီ တွင် ထိတ်လန့်ချောက်ချားစရာ မုဒိမ်းမှုကြီး ရက်သတ္တ
သုံးပတ်နီးပါးကြာ ထွက်ပေါ်ခဲ့ပြီးနောက် နယူးဒေလီမှ အမျိုးသမီးများ၎င်းတို့၏ လုံခြုံရေးကို
ယခင်ကထက် ပိုမိုစိုးရိမ်လာကြပြီး ကိုယ်ခံပညာသင်တန်းများ တက်ရောက်ရန် စိတ်ဝင်စား
နေကြကြောင်း သိရသည်။

နယူးဒေလီတောင်ပိုင်းတွင် ဖွင့်လှစ် ထားသောInvictus Survival Sciences သင်တန်းကို
စိတ်ဝင်စားပြီး အလောတကြီးဖုန်းဖြင့် ဆက်သွယ်လာ ကြသော အမျိုးသမီးများအား အကူ
အညီပေးရန် စောင့်မျှော်နေပါကြောင်း ကိုယ်ခံပညာသင်တန်းဆရာ အနုဂ်ျရှားမားက
ပြောကြားသည်။

"နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဒီဖြစ် ရပ်က ဂရုစိုက်မခံရတဲ့သူတွေအပေါ် လုံခြုံမှုပေးနိုင်တော့
မှာ မဟုတ်ဖူးလို့ ထင်လာကြပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးဟာ သူတို့အတွက် အဓိက
ဖြစ်လာတာလို့ထင်တယ်" ဟု ၎င်း သင်တန်းဆရာက ဆိုသည်။

နယူးဒေလီတွင် စော်ကားသတ်ဖြတ် ခံခဲ့ရသော အမျိုးသမီးကဲ့သို့ အသက် ၂၃ နှစ် အရွယ်ရှိ
ဆမ်ရီတီအိုင်ရာဆိုသူ မိန်းကလေးက ၎င်းသည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် ရှားမား၏
သင်တန်းသို့ တက်ရောက်ခဲ့ရာ အခြားသော သူငယ် ချင်းများသည်လည်း ၎င်းကဲ့သို့သင်တန်း
တက်ရန် စိတ်ဝင်စားလာကြကြောင်းပြောသည်။

ဗလက္ကာရပြုလုပ်သူ၏ လက်တွင်းမှ လက်သီး၊ သို့မဟုတ် ခြေထောက်ဖြင့် ပေါင်ခြံသို့ကန်ပြီး
ပြန်လည်ခုခံပြီးရုန်း ထွက်နိုင်သည့် နည်းများအပါအ၀င် အခြေခံကိုယ်ခံပညာများကို သင်တန်း
တွင် ရှားမားက သင်ကြားပေးသည်ဟု ၎င်းကဆိုသည်။

"ကိုယ့်အန္တရာယ်ကို အရင်ဆုံး ကိုယ် ကိုယ်တိုင် ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့စိတ်ကို
အမျိုးသမီးတွေက အမြဲ တမ်းသတိပြုဖို့လိုတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်ဖြစ်ပြီးတဲ့နောက်
ကျွန်မတို့လို အသက်အရွယ် အမျိုးသမီးတွေတွေ့တာနဲ့  ဒီကိစ္စကိုပဲ စပြီးဆွေးနွေးတာ
ကြတယ်" ဟု လိုင်ရာကပြောသည်။

ယခုတစ်ပတ်ထုတ် သတင်းစာ တစ်စောင်တွင်လည်း အမျိုးသမီးများသေနတ်လိုင်စင်
လျှောက်ထားမှုများ စတင် တိုးလာသည်ဟု ဖော်ပြထားသည်။ အမျိုးသမီးများအပေါ်
အနိုင်ကျင့်သည့် အမှုများတိုးပွားလာပြီး စိတ်ပျက်စရာ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုများ မြန်မြန်
ဆန်ဆန် ပေါ်ပေါက်ခဲ့သည့်အတွက် ငရုတ်ကောင်းမှုန့် ဖျန်းဆေးဘူးများ ရောင်းအား
ကောင်းလာကြောင်း အိန္ဒိယအလယ်ပိုင်းမှ ကုန်စုံဆိုင်ပိုင်ရှင် ဂျိုင်ရှန်ကာက အေအက်ဖ်ပီ
သတင်းဌာနသို့ ပြောကြားသည်။

"နယူးဒေလီက အဖြစ်ဆိုးဖြစ်ပွားပြီး နောက်မှာ ညဘက်နောက်ကျပြီး တက္ကစီ နဲ့ပြန်ရင်
လုံခြုံရေးတစ်ယောက်တော့ရှိမှ စိတ်ချရမယ်" ဟု နယူးဒေလီအခြေစိုက် လူစွမ်းအားအရင်း
အမြစ် စီမံခန့်ခွဲရေး ကုမ္ပဏီတစ်ခုမှ အန်ယူရက်မာသာက အေအက်ဖ်ပီသတင်းဌာနသို့
ပြောသည်။

Call Centre ခေါ် တယ်လီဖုန်းများကိုသုံး၍ အာမခံလုပ်ငန်း စီစဉ်ပေးခြင်း၊ ကုန်မှာစာပို
့ပေးခြင်း၊ သိလိုသမျှ ဖြေကြား ခြင်းတို့ကို ဆောင်ရွက်ပေးရာ ရုံးများနှင့် နည်းပညာကုမ္ပဏီများမှ
အမျိုးသမီး ၀န်ထမ်းများ အလုပ်လုပ်ချိန် လျှော့ဆင်းခြင်း၊ အလုပ်ထွက်ခြင်းများရှိသည့်အတွက်
အလုပ်လုပ်နိုင်စွမ်းအားများ ၄၀ ရာခိုင်နှုန်းကျဆင်းသည်ဟု  ဇန်န၀ါရီလ ၄ ရက်နေ့တွင်
ထုတ်ဝေခဲ့သော ဗှဥဃံဗြ အုပ်စု၏ စစ်တမ်းတစ်ရပ်က ဆိုသည်။

ရာဇ၀တ်မှုဆိုင်ရာ မှတ်တမ်းရုံးချုပ်၏ စာရင်းအရ ၂၀၁၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ၌ မုဒိမ်းမှုပေါင်း
၂၄,၂၀၆ မှုရှိပြီး မြို့များ အနေဖြင့်  ဒေလီမြို့တွင် ၁၇ ရာခိုင်နှုန်းနှင့် မွမ်ဘိုင်းမြို့တွင် ၈ ဒသမ ၆
ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။ (အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း