ရှီယာမျိုးနွယ်များကို ဗုံးခွဲတိုက်ခိုက် ပြည်နယ်အစိုးရဖျက်သိမ်း

အလောင်းများ မြေမြှုပ်သင်္ဂြိုဟ်ရန်ငြင်းဆန်၍ ဆန္ဒပြနေကြသော ရှီယာမွတ်စလင်များ။ ဓာတ်ပုံ - အေအက်ဖ်ပီအလောင်းများ မြေမြှုပ်သင်္ဂြိုဟ်ရန်ငြင်းဆန်၍ ဆန္ဒပြနေကြသော ရှီယာမွတ်စလင်များ။ ဓာတ်ပုံ - အေအက်ဖ်ပီ

ကွက်တာ - ပြင်းထန်သည့် ဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားပြီးနောက် ရှီယာ မွတ်စလင် ကန့်ကွက်
ဆန္ဒပြသူများက ၎င်းတို့ကိုကာကွယ်ပေးရန် တောင်းဆိုနေကြခြင်းကြောင့် ပါကစ္စတန်
ဝန်ကြီးချုပ် ရာဂျာ ပါဗက်ဇ်အက်ရှ်ရက်ဖ်က ဇန်န၀ါရီ လ ၁၄ ရက်နေ့တွင် ဘလူချီစတန်
ပြည်နယ်အစိုးရကို ဖျက်သိမ်းခဲ့သည်။

ဇန်န၀ါရီလ ၁၀ ရက်နေ့က ပြည်နယ်မြို့တော်ကွက်တာရှိ  ပရိသတ်အမြောက်အမြား လာ
ရောက်ကြည့်ရှု ကြသည့် စနူကာအားကစားရုံတွင်  အသေခံဗုံးခွဲတိုက်ခိုက်သူများက ဗုံးခွဲ
တိုက်ခိုက်ခဲ့ရာ လူ ၉၂ ဦးသေဆုံးခဲ့ခြင်း ကြောင့် လူနည်းစု ရှီယာအသိုင်းအ၀ိုင်း ဘက်က
ဆန္ဒပြကာ အဆိုပါ ပါကစ္စတန်နိုင်ငံ၏ အဆိုးရွားဆုံး ဗုံးပေါက်ကွဲမှု များတွင်သေဆုံးခဲ့သူတို့
အား မြေမြှုပ် သင်္ဂြိုဟ်ရန် ငြင်းဆန်လျက်ရှိသည်။

လူနည်းစုမျိုးနွယ်ဖြစ်သည့် ဟာဇရာ မျိုးနွယ်စုမှဆင်းသက်လာသော ရှီယာ မွတ်စလင်
တို့ကြီးစိုးသည့် ဒေသတစ်ခုတွင်  ဖြစ်ပွားခဲ့သည့် လူ ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့သော အဆိုပါ
ဗုံးခွဲတိုက်ခိုက်မှုများမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ဆွန်နီ မွတ်စလင်စစ်သွေးကြွ အုပ်စု
ဖြစ်သည့် လက်ရှ်ကာ-အီး-ဂျန်ဟ်ဗီက ပြောကြားခဲ့သည်။  

ဝန်ကြီးချုပ် အက်ရှ်ရက်ဖ်က အရေးယူ ဆောင်ရွက်မှုများကို နောက်တစ်နေ့ နံနက်တွင်
တရားဝင်ကြေညာချက် မထုတ်ပြန်မချင်း ဆန္ဒပြသူများက ၎င်းတို့ သပိတ်မှောက်နေသည်ကို
ရုပ်သိမ်း ပေးမည်မဟုတ်ကြောင်းနှင့် သေဆုံးသူ တို့၏ ရုပ်အလောင်းများကိုလည်းမြေမြှုပ်
သင်္ဂြိုဟ်မည်မဟုတ်ကြောင်း ရှီယာခေါင်းဆောင်များက ပြောကြားခဲ့သည်။

ပြည်တွင်းရုပ်သံဌာနများက ကန့်ကွက်ဆန္ဒပြနေသည်များကို ထုတ်လွှင့်ပြသခဲ့သည်။ မြို့တော်
၏ လုံခြုံရေးနှင့်အုပ်ချုပ်ရေးကို စစ်တပ်က ထိန်းချုပ်ပေးရန်အာဏာပိုင်များက သဘောမတူ
မချင်း သေဆုံးသွားသူများကို မြေမြှုပ်သင်္ဂြိုဟ်မည်မဟုတ်ဟု သေဆုံးသူများ၏မိသားစုဝင်
များက ပြောကြားခဲ့သည်။

ဗုံးခွဲတိုက်ခိုက်မှုများကြောင့် မကျေနပ်ချက်များကိုဖြေရှင်းပေးရန် ၀န်ကြီးချုပ်သည် ဇန်န၀ါရီလ
၁၃ ရက်နေ့တွင် ကွက်တာသို့ သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရ ဖြုတ်ချရေးနှင့် ဥပဒေရေးဆွဲ
နေသည်ကို ဆိုင်းငံ့ပေးရေးအပါအ၀င် ဆန္ဒပြသူများ၏ တောင်းဆိုချက်များအားလုံးကို
လက်ခံကြောင်း ရုပ်မြင်သံကြားမှ ကြေညာခဲ့သည်။(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း