ဟင်းလျာဖြစ်မည့် ကြောင်များ ကုန်ကားတိမ်းမှောက်ပြီး လွတ်မြောက်ခဲ့

စောင့်ရှောက်ရေးအဖွဲ့များ၏ ကယ်ဆယ်ခံလိုက်ရသော ကြောင်ကလေးများ။စောင့်ရှောက်ရေးအဖွဲ့များ၏ ကယ်ဆယ်ခံလိုက်ရသော ကြောင်ကလေးများ။

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ကုန်တင်ယာဉ်တိမ်းမှောက်ပြီးနောက် ကြောင်ကောင်ရေ ၆၀၀
နီးပါး ပါဝင်သည့် သစ်သားပုံးများကို တိရစ္ဆာန်ကာကွယ် ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့်
စေတနာ့ဝန်ထမ်းများက ဖမ်းမိခဲ့ကြောင်း စေတနာရှင်တစ်ဦးက ဇန်န၀ါရီလ၁၇ ရက်နေ့တွင်
ပြောကြားသည်။

အဆိုပါ ကြောင်များကို ညနေစာ ဟင်းပွဲအတွက် အဓိကရည်ရွယ်ပြီး ရောင်းချကြခြင်း
ဖြစ်သည်ဟုဆိုသည်။ အဓိက အချက်အချာမြို့ဖြစ်သည့် ချန်ရှားတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး
နောက် ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် ကုန်ကားအတွင်းမှ ကြောင်များကို စေတနာ့ဝန်ထမ်းများ
က ဆွဲထုတ်ခဲ့ရပြီးအကောင် ၁၀၀ ခန့်မှာ သေဆုံးပြီးဖြစ်ကြောင်း ချန်ရှား တိရစ္ဆာန်ငယ်များ
ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (Changsha Small Animal Protection Association)
မှ ရွှီချင်ရှင်းက ပြောသည်။

ဖြူဖွေးပြီး ဖွံ့ထွားသည့် ကြောင်များ စွာသည် အအေးခန်းထဲတွင် ၂၄ နာရီ ကျော်ကြာနေခဲ့ရ
ပြီးနောက် သေဆုံးခြင်းများရှိခဲ့သလို မသေဘဲ ကျန်ရစ်ခဲ့သည် များလည်းရှိသည်ဟုဆိုသည်။
တရုတ် နိုင်ငံတောင်ပိုင်းတွင် ကြောင်သားများ ဟင်းလျာတစ်မျိုးအဖြစ် ပေါ်ပေါ်ထင်ထင်
ရောင်းချလေ့ရှိသည်ဟု ရွှီကအေအက်ဖ်ပီသို့ ပြောသည်။

ကြောင်များကို နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ရှိ စားသောက်ဆိုင်များအတွက် ရည်ရွယ်
ရောင်းချကြသည်ဟု နိုင်ငံပိုင် တရုတ် နေ့စဉ်သတင်းစာကဆိုသည်။ စေတနာ့ဝန်ထမ်းအုပ်စု
သည် တိရစ္ဆာန်များကို ယွမ် ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၆၀၀) ဖြင့်ဝယ်ရန် ကုန်ကား
မောင်းသူတစ်ဦးနှင့် ညှိနှိုင်းခဲ့ပြီး ၎င်းတို့သည် ယခုအချိန်တွင် မွေးစားရန် စောင့်ဆိုင်းနေ
ကြောင်း ရွှီကဆိုပြီး "ချန်ရှားတစ်မြို့လုံးရှိ မိသားစုတွေဆီက သတင်းတွေကိုလည်း
ကျွန်တော်တို့ စုံစမ်းရရှိထားပြီးပါပြီ" ဟုဆိုသည်။ (အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း