ပါကစ္စတန် ကာကွယ်ဆေးထိုးအဖွဲ့ သေနတ်ပစ်ခံရ

ပတ်ရှဝါ (ပါကစ္စတန်) - ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် ပိုလီယို ကာကွယ်ဆေးထိုးပေးသည့်
အဖွဲ့တစ်ဖွဲ့အား သေနတ်သမားများက သေနတ်ဖြင့် ပစ်ခတ်ရာ ယင်းအဖွဲ့ လုံခြုံရေး စောင့်ရှောက်
ပေးနေသည့် ရဲသားတစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အမျိုးသားနှစ်ဦးက ကလေးများ အားပိုလီယိုကာကွယ်ဆေးတိုက်ကျွေးပေး နေသော ဆ၀ါဘီခရိုင်၊
ကာလာရွာ အတွင်းတွင် ယင်းသို့ ပစ်ခတ်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ "ကာကွယ်ဆေးထိုးပေးတဲ့
အဖွဲ့က ကာလာရွာမှာပြီးသွားလို့ အနီးနားက ရွာတစ်ရွာကိုသွားဖို့ စီစဉ်နေတာပါ။

အဲဒီအချိန်မှာ ကလက်ရှ်နီကော့ဗ် မောင်းပြန်ရိုင်ဖယ် သေနတ်တွေနဲ့ သေနတ်သမားသုံးယောက်က
ကြံခင်း ထဲကထွက်လာပြီး ပစ်ခတ်ခဲ့တာပါ" ဟု ဆ၀ါဘီရဲအရာရှိချုပ် အက်ဘ်ဒူလ် ရာရှစ်ခန်က
အေအက်ဖ်ပီသို့ ပြောကြားသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း