မြောက်ကိုရီးယား သတိပေးချက်ထုတ်

နိုင်ငံ့ခေါင်းဆောင်ကြီး ကင်အင်ဆွန်းနှင့်ကင်ဂျုံအီးတို့၏ရုပ်တုများ။ အေအက်ဖ်ပီနိုင်ငံ့ခေါင်းဆောင်ကြီး ကင်အင်ဆွန်းနှင့်ကင်ဂျုံအီးတို့၏ရုပ်တုများ။ အေအက်ဖ်ပီ

ဂျနီဗာ - မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအစီအစဉ်အပေါ် ကုလသမဂ္ဂက ပိုပြီးပြင်းထန်
သည့် ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်အတွက် တောင် ကိုရီးယားနှင့် ၎င်း၏ မဟာမိတ်များက
ဆက်ပြီး တွန်းအားပေးနေမည်ဆိုလျှင် တောင်ကိုရီးယားနိုင်ငံသည် အကြီးအကျယ်ပျက်စီးမှုကြီးနှင့်
ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။

"အရေးယူ ပိတ်ဆို့မှုတွေအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက်
တွေကို ကျွန်တော်တို့ ဘယ်တော့မှ အသိအမှတ် ပြုမှာမဟုတ်ပါဘူး" ဟု ကုလသမဂ္ဂ လက်နက်
ဖျက်သိမ်းရေး အစည်းအဝေး တစ်ရပ်တွင် မြောက်ကိုရီးယားနိုင်ငံ၏ သံတမန် ဂျွန်ယောင်ရောင်းက
ပြောကြားသည်။

"မွေးကင်းစခွေးပေါက်လေးက ကျားကြီးကို ကြောက်ရမှန်းမသိဆိုတဲ့ ဆိုရိုးစကားလိုပဲ တောင်
ကိုရီးယားနိုင်ငံရဲ့ မူမမှန်တဲ့အပြုအမူက အကြီးအကျယ် ပျက်စီးမှုနဲ့ရင်ဆိုင်ရမယ့် ရှေ့ပြေးနိမိတ်ပဲ
ဖြစ်ပါတယ်"ဟု ၎င်းကပြောခဲ့သည်။

ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး ညီလာခံကို ဂျနီဗာမြို့၌ ပုံမှန်ကျင်းပပြီး ကမ္ဘာ့လက်နက်ထိန်း
ချုပ်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးလေ့ရှိကာ ထိုအစည်းအဝေးပွဲတွင် မြောက်ကိုရီးယား
နှင့် တောင်ကိုရီးယားနိုင်ငံတို့က တစ်ဖက်နှင့်တစ်ဖက် မခံချိမခံသာ စကားများပြောဆိုကြသည်မှာ
အစဉ်အလာပင်ဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်က မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား ဒုံးပျံပစ်လွှတ်
ပြီးနောက်ပိုင်းတွင် တစ်ကမ္ဘာလုံးက ပြစ်တင်ဝေဖန်မှုများ ပေါ်ပေါက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့
အစည်းအဝေးတွင် အချေအတင်ပြောဆိုမှုများ အမြင့်ဆုံးအနေအထားသို့ရောက်ရှိခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း