နာဂျစ် မဲဆွယ်တရားဟောပြီ

ပီနန်ကျွန်းသို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မဲဆွယ်စည်းရုံးရေးဆင်းနေသည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်။ ဓာတ်ပုံ - အေအက်ဖ်ပီပီနန်ကျွန်းသို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မဲဆွယ်စည်းရုံးရေးဆင်းနေသည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အောက်တွင်ဖော်ပြမယ့် ကိစ္စတွေကိုလုပ်တဲ့ နိုင်ငံရေးသမားရဲ့ နာမည်ကို အလွယ်လေးနဲ့ သိနိုင်တာ
ဖြစ်ပေမယ့်၊ လေ့လာသူအချို့မှာ ရက်သတ္တပတ်အတွင်း အစမ်းသတ်ခံကြရာမှာ ခေါင်းရှုပ်သွားကြ
တယ်။

ဒီနိုင်ငံရေးသမားဟာ ပြီးခဲ့တဲ့လက ဟားမာစ်တို့ ထိန်းချုပ်ထားတဲ့ဂါဇာရှိ ပါလက်စတိုင်းတို့ရဲ့နယ်မြေ
ကို သွား ရောက်ခဲ့တယ်။

ပြီးတော့ဆွစ်ဇာလန် နိုင်ငံ၊ ဒါးဗို့စ်မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွား ရေးဖိုရမ်ကို တက်ရောက်ခဲ့တယ်။
အဲဒီမှာ ရင်းနှီးမြှုပ်နှံသူတွေကို ဘယ် လိုပြောခဲ့သလဲဆိုရင် အရှေ့တောင် အာရှမှာ အစ္စလမ္မစ်စစ်
သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုဟာ ပျက်ပြားသွားပြီလို့ ပြောခဲ့တယ်။

ဒါပေမဲ့ သူ့နိုင်ငံပြန်ရောက် တဲ့အခါမှာတော့ ချက်ချင်းပဲအကြမ်း ဖက်သုံးယောက်တို့ကို အဖျက်
အမှောင့် လှုပ်ရှားမှုတွေလုပ်တယ်ဆိုကာ ထိန်းသိမ်းစေခဲ့တယ်။

သိပ်မကြာခင်မှာပဲ စင်ကာပူနိုင်ငံမှ တာရှည်အုပ်ချုပ်လာတဲ့ ပြည်သူ့လုပ် ဆောင်မှုပါတီ (PAP) ဟာ
၁၃ ဒသမ ၅ရာခိုင်နှုန်းရှိတဲ့အစိုးရဆန့်ကျင်လှုပ်ရှားမှုကြောင့် အမတ်နေရာဟောင်းတစ်ခုကို ကြား
ဖြတ်ရွေးကောက်ပွဲမှာ ဆုံးရှုံးခဲ့တာ ကြောင့်အရှက်ရခဲ့တယ်။

ဖေဖော်ဝါရီလ ၁၁ ရက်လည်း မဲရရှိ ရေးအတွက် တရုတ်နှစ်သစ်ကူးပျော်ရွှင်ပွဲကိုတက်ရောက်ခဲ့သေး
တယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က အီဂျစ်နဲ့ ဆော်ဒီအာရေဗျနိုင်ငံများကို သွားရောက်ခဲ့တဲ့ မကြာမီသူ့ပါတီ
ဟာ ရွေးကောက်ပွဲ တွေနဲ့ ရင်ဆိုင်ရတော့မယ်။

အင်ဒိုနီးရှား သမ္မတ ဆူစီလိုဘမ်ဘန်း ယူဒိုယိုနိုတော့ မဟုတ်ပေဘူး။ သူဟာ ဒါးဗို့စ်ဆွေးနွေး ပွဲကို
၂၀၁၁ ခုနှစ်က တက်ရောက်ခဲ့တာ ဖြစ်တယ်။

ဒီနှစ်တက်တာမဟုတ်ပါဘူး။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် လည်းမဟုတ်ပါဘူး။ သူလည်း
ရွေးကောက်ပွဲတွေကို ဇူလိုင်လမှာ ရင်ဆိုင်ဖို့ရှိပေမယ့် PAP ကိုရှုံးနိမ့်ဖို့ လည်းမရှိတဲ့အတွက် မဲပေးသူ
တွေကို ဆွဲဆောင်ဖို့လည်းမလိုဘူး။

ဒါးဗို့စ် ဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ အလားအလာမရှိဘူး။ အဲဒီနိုင်ငံရေးသမားကတော့
တစ်ခြား လူမဟုတ်ပါဘူး။

ဇွန်လ ၂၇ ရက်မှာ အထွေထွေရွေးကောက်ပွဲရင်ဆိုင်ဖို့ရှိတဲ့ အားနည်းချက်ရှိသူ မလေးရှားဝန်ကြီးချုပ်
နာဂျစ်ရာဇတ်ဖြစ်တယ်။ သူဟာလည်း အခုဆိုရင် မဲဆွယ်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်နေပြီ
ဖြစ်တယ်။

အာရပ်လူမျိုးမဟုတ်တဲ့ မွတ်စလင်ဘာသာဝင်ခေါင်းဆောင်အနေနဲ့ ၂၀၀၇ ခုနှစ်နောက် ပထမဆုံး
အကြိမ်သွား ရောက်ခဲ့တဲ့ နာဂျစ်ရဲ့ ဂါဇာခရီးစဉ်ဟာလည်း မလေး - မွတ်စလင် မဲဆန္ဒရှင်တွေ
အထင်ကြီးအောင် လုပ်ခဲ့တာကိုက ဆွပေးသလို အန္တရယ်များပြီး အနုမစိတ်ဘူး။

ဒါပေမဲ့လည်းအလွန်ပဲချီးကျူးထိုက်ပါပေတယ်။ ပြောရရင်တော့ ဂါဇာမှာရှိတဲ့ဟားမာစ် ထိန်းချုပ်ထား
တဲ့အစိုးရဟာ ၂၀၀၆ ခုနှစ် ကတည်းက ဒီမိုကရေစီကျကျ ရွေးကောက်တင်ခြင်းခံထားရတဲ့ အစိုးရ
ဖြစ်တယ်။

ပြီးတော့ ဒီဒေသတွင်းမှာရှိတဲ့ အချို့နိုင်ငံတွေထက် တရားဝင်တယ်။ ထင်ထားသလိုပဲပြိုင်ဘက်
ဖာတာ အဖွဲ့ဦးဆောင်တဲ့ အနောက်ဘက်ကမ်း မှာရှိတဲ့ ပါလက်စတိုင်းအာဏာပိုင် အဖွဲ့က ရာဇတ်
လာရောက်တာကို ရှုတ်ချခဲ့တယ်။

သတိထားမိတဲ့အနောက် အုပ်စုနိုင်ငံတွေကလည်း ဒီအတိုင်းရှုတ်ချခဲ့တယ်။ မထင်မှတ်တဲ့မလေးရှား
အတိုက်အခံ အဖွဲ့ခေါင်းဆောင် အန်ဝါ အီဘရာဟင်ကလည်း ရှုတ်ချခဲ့တယ်။

အန်ဝါဟာ စိတ်အပြောင်းအလဲမြန် တဲ့လူလို့ပြောရမှာပဲ။ သူ ငယ်ရွယ်တဲ့ အချိန်တုန်းက တော်လှန်
ရေးအမြင်တွေရှိခဲ့တယ် အင်မတန်မှ ထက်သန်တဲ့ အစ္စလမ္မစ်တစ်ယောက် ဖြစ်ခဲ့တယ်။

အခုဆိုရင် သူ့သဘောထားတွေဟာ၊ အထူးသဖြင့် သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အမေရိကန်နိုင်ငံနဲ့
ပိုပြီးသဟာဇာတဖြစ်တယ်။

ဒီကိစ္စကို နားလည်သဘောပေါက်လို့ ရတယ်။ သူအတော်ကြာထိန်းသိမ်းခံခဲ့ရ ခြင်းနဲ့ အာဏာရှင်
ဆန်တဲ့ ၀န်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက် အစိုးရ ရဲ့ အနှောင့်အယှက်ပေးခြင်းခံခဲ့ရတဲ့
အတွက် အန်ဝါကို အမေရိကန်အစိုးရ လောက် ဘယ်သူမှ ထောက်ခံအားမပေးခဲ့ဘူး။

နာဂျစ်ရဲ့ဂါဇာခရီးစဉ်ကို အမေရိကန်အစိုးရရဲ့ ခြေရာအတိုင်းလိုက်ပြီး အန်ဝါကရှုတ်ချခဲ့ခြင်းဟာ
အန်ဝါအတွက် အဓိကကျတဲ့ ခြေလှမ်းမှားဖြစ်တယ်။

နာဂျစ်ဟာ သူရဲ့ခရီးစဉ်ကို လူသား ချင်း စာနာထောက်ထားတဲ့ ခရီးလို့ မယုံနိုင်စရာ ကာကွယ်ပြော
ဆိုခဲ့ရုံတင် မကဘဲ ရန်လိုတဲ့ အစ္စရေးနိုင်ငံကို ပြစ်တင်ဝေဖန်ဖို့ အခွင့်ကောင်းယူခဲ့ပြီး ငွေးကြေး
မတတ်နိုင်တဲ့ ပါလက်စတိုင်း ကျောင်းသားတွေကို ပညာသင်ဆုတွေ ကမ်းလှမ်းခဲ့တယ်။

ချီတုံချတုံအလွန်ဖြစ်တတ်တဲ့ နိုင်ငံရေးသမားတစ်ယောက်အဖို့ ရဲရင့်ပြတ်သား တဲ့ဆုံးဖြတ်ချက်ဟာ
အလိုအလျောက် နာဂျစ်ရဲ့ National Front အစိုးရကို မလေးရှားနိုင်ငံရဲ့ အချက်အချာ ဖြစ်ကြတဲ့
ကီးဒါး၊ ပီရတ်နဲ့ တီရင်ဂါနူးပြည် နယ်တွေကို ထိန်းထားနိုင်တယ်။

မလုပ်နိုင်တာတစ်ခုကတော့ မလေး မဟုတ်တဲ့ မဲဆန္ဒရှင်တွေရဲ့မဲတွေကို ရနိုင် မှာမဟုတ်ဘူး။
တီးခေါက်ချက်တွေအရ တရုတ်နဲ့ အိန္ဒိယမျိုးနွယ်စု အသိုင်းအ၀ိုင်းတွေက အန်ဝါခေါင်းဆောင်တဲ့
အတိုက်အခံပါတီ ကို ထောက်ခံကြလိမ့်မယ်လို့သိရတယ်။

ဝန်ကြီးချုပ်ရဲ့ National Front ပါတီ ဟာ လူဦးရေအများစုဖြစ်တဲ့ မွတ်စလင် တွေရှိတဲ့ မလေးရှား
ကျွန်းဆွယ်မှာ ဆက်လက်ရှင်သန်နိုင်ပါတယ်။

ဒါပေမဲ့ အရှေ့ဘက် မလေးရှားပြည်နယ်တွေဖြစ် တဲ့ ဆားဘားနဲ့ဆာရာဝပ်မှာတော့ နာဂျစ် အတွက်
မလွယ်ဘူးလို့သိရပါတယ်။ ဒီလိုအခြေအနေ ဖြစ်လာနိုင်တယ်။

ဘာကြောင့်လဲဆိုရင် 'မဲပေးရင် နိုင်ငံသား ခံယူခွင့်ရမယ်'ဆိုတဲ့အစီအစဉ် ပေါ်လာတဲ့အတွက် အရှေ့
မလေးရှားပြည်သူတွေအပေါ် ချဉ်းကပ်မှုဟာ ထိခိုက်ခဲ့တယ်။

တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား ရာထောင်ချီပြီးရှိတဲ့ တရားမ၀င်ရွှေ့ပြောင်း အလုပ်သမားတွေ
ကို ဒီအစီအစဉ်အရ မှတ်ပုံတင်ကတ်တွေ ထုတ်ပေးခဲ့တယ်။

ပြီးခဲ့တဲ့လကဆိုရင် စုံစမ်းရေးကော် မရှင်တစ်ခုကိုအရာရှိဟောင်းတစ်ဦးက ပြောကြားရာမှာ
National Front ပါတီ ကို မဲပေးမယ်လို့ကတိပေးခဲ့ကြတဲ့ တရား မ၀င်တဲ့ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့
ပါကစ္စတန်မှ မွတ်စလင်တွေကို နိုင်ငံသား အဖြစ်ဆောင်ရွက်ပေးဖို့ အမေရိကန် ဒေါ်လာ ၂၅ယ၀၀၀
လက်ခံခဲ့တယ်တဲ့။

ကိန်းဂဏန်းအရေအတွက်ဟာ ဒီစွပ် စွဲချက်ကိုထောက်ခံနေတယ်။ ၁၉၆၀ ခုနှစ်တုန်းက ဆားဘား
ပြည်နယ်ရဲ့ မွတ်စလင်ဘာသာဝင်လူဦးရေဟာ ၄၀ ရာခိုင်နှုန်းအောက်မှာရှိခဲ့တယ်။

အခုဆိုရင် ၇၀ ရာခိုင်နှုန်းခန့်ဖြစ်နေပြီ။ လာမယ့်ရွေးကောက်ပွဲမှာ ဒီကြီးကျယ်တဲ့လိမ်လည်မှုကြီးကို
မလေးရှားနိုင်ငံ သားတွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ခန့်မှန်းရတာခက်ပေမယ့် ဖြစ်နိုင်ခြေရှိတာက
တော့ မလေးရှားနိုင်ငံမှာဖြစ်လာမယ့်တုန်လှုပ်မှုဟာ စင်ကာပူမှာဖြစ်ခဲ့တဲ့ တုန်လှုပ်မှုထက် လွန်ကဲဖို့
သေချာတယ်။

ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း