ရေနံယိုဖိတ်မှုကို ထိုင်းရေနံကုမ္ပဏီတစ်ခုမှ လျှော့တွက်ခဲ့သည်ဟု ဂရင်းပိစ်အဖွဲ့ကပြောကြား

ထိုင်းနိုင်ငံ တော်ဝင်ရေတပ်မှ ရေတပ်သားများက ရေနံလွှာဖယ်ရှားရေးဆောင်ရွက်နေစဉ်။ထိုင်းနိုင်ငံ တော်ဝင်ရေတပ်မှ ရေတပ်သားများက ရေနံလွှာဖယ်ရှားရေးဆောင်ရွက်နေစဉ်။

ကိုဆာမက်(ထိုင်း) - ရေနံယိုဖိတ်မှုသည် ကိုဆာမက်ကျွန်းမှနေ၍ ထိုင်းနိုင်ငံ ကုန်းမကြီးဆီသို့
ရောက်ရှိနိုင်သည်ဟု ရေတပ်က သတိပေးနေချိန်တွင် အဓိကပိုက်လိုင်းမှ ရေနံများ ယိုဖိတ်လာမည့်
အန္တရာယ်ကို ထိုင်းရေနံကုမ္ပဏီ က လျှော့တွက်ခဲ့သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဆိုင်ရာပညာရှင်များက စွပ်စွဲပြောဆိုထားသည်။

နိုင်ငံအရှေကပိုင်း ရာယွန်ပြည်နယ်အလွန်တွင် တည်ရှိသော ကာကွယ်စောင့်ရှောက်ထားသည့်
ခေါင်လာယာ အမျိုးသားဥယျာဉ် ဧရိယာအတွင်းရှိ ကိုဆာမက်ကျွန်းပေါ်ရှိ အိုဖရိုကမ်းခြေ ၌ ရေနံ
များ ဖယ်ရှားနေသည်မှာ အပြီးသတ်တော့မည်ဟု PTT Global Chemical က ပြောကြားခဲ့သည်။

"ရေနံတွေကို ဖယ်ရှားနေတာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပါပြီ" ဟု ရေနံဖယ်ရှားရေး ကြီးကြပ်ကွပ်ကဲ
နေသော PTT Global Chemical မှ အုပ်ချုပ်ရေးပိုင်း ဒုတိယဥက္ကဋ္ဌ ပွန်းတက်ပ် ဘတ်နီဖင့်က
ပြောကြားခဲ့သည်။

"ဇူလိုင် ၃၁ ရက်နေ့မှာဆိုရင် အိုဖရို ကမ်းခြေဟာ အစစအရာရာ ပုံမှန်အနေအထားအတိုင်း
ရောက်ရှိမယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်" ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

"၈၀ ရာခိုင်နှုန်းပြီးမယ်လို့ ပြောနေ တာက မဖြစ်နိုင်ပါဘူး။ ပင်လယ်ထဲမှာ ရေနံတွေ အများကြီး
ရှိနေတုန်းပါ။ နိုင်ငံတကာနဲ့ရင်ပေါင်တန်းပြီး လုပ်ကိုင် နေတဲ့ ကုမ္ပဏီကြီးက ဒီလို အကျပ် အတည်း
အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်မှုမရှိတာတော့ တော်တော် စိတ်ပျက်ဖို့ကောင်းပါတယ်"
ဟု ဂရင်း ပိစ်အဖွဲ့မှ လှုံ့ဆော်စည်းရုံးရေးသမား ပလိုင်ပီရွမ်က ပြောသည်။

"ပါးလွှာတဲ့ ရေနံအလွှာတွေဟာ ကုန်းမကြီးဆီကို ရောက်ရှိနိုင်ပါတယ်။ အဲဒီနေရာကို ရောက်ဖို့
တာစူနေပါပြီ။ ဒါကို ထိန်းချုပ်နိုင်ဖို့ ရက်သတ္တပတ် လောက်တော့ ကြာမှာပါ " ဟု ရေတပ် ဒုတိယ
ဗိုလ်ချုပ်ကြီး ရွန်းဆက် ဆီရီးဝက် က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

စစ်တပ်မှ တာဝန်ရှိသူများအပါအ၀င် အလုပ်သမား ၆၀၀ နျင့် ဏွှ ကုမ္ပဏီ ၀န်ထမ်းများကို ရေထု
ညစ်ညမ်း စေသော ရေနံအလွှာများ ဖယ်ရှားရေးအတွက် တာဝန်ပေးထားပြီးဖြစ်ကြောင်း အစိုးရ
က ပြောကြားသည်။

အစိုးရက တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင် သော ဏွှ ကုမ္ပဏီကြီးမှ ရေနံပိုက်လိုင်း အော်ပရေတာ၏
ပြောပြချက်အရ ကမ်းခြေမှ ကီလိုမီတာ ၂၀ (၁၂ မိုင်) ခန့် အကွာရှိ ပင်လယ်အတွင်းသို့ ရေနံ
လီတာ ၅၀ယ၀၀၀ ပန်းထွက်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ရေနံယိုစိမ့်မှု ပိုမိုဆိုး ရွားလာမည်
ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်အချို့က စိုးရိမ်နေကြသည်။

ရေနံချက်စက်ရုံသို့ ပို့ဆောင်ရန်အတွက် ပိုက်လိုင်းဆီသို့ လွှဲပြောင်းပို့ ပေးရန်စီစဉ်ကာ ကမ်းလွန်
ပင်လယ် ပြင်တွင် ကျောက်ချရပ်နားထားသည့် အိုမန်နိုင်ငံပိုင် ရေနံတင်သင်္ဘောမှ ရေနံစိမ်းများ
ထွက်လာခြင်းကြောင့် ရေနံယိုဖိတ်မှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဏွှ ကုမ္ပဏီက ပြောသည်။

ရေနံတူးဖော်မှုနျင့် ထိုင်းပင်လယ်ကွေ့အတွင်း သို့ ရေနံယိုစိမ့်ပျံ့နှံ့လာမှုများ အဆုံး သတ်ပေးရန်
ဂရင်းပိစ်အဖွဲ့က ထိုင်း အစိုးရကို ဇူလိုင်၂၉ ရက်နေ့က တိုက်တွန်း ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း