တရုတ်နိုင်ငံ၏ အကြီးဆုံး ပန်ဒါဝက်ဝံဥယျာဉ် တည်ဆောက်မည်

တရုတ်နိုင်ငံ၏ အကြီးဆုံး ပန်ဒါဝက်ဝံဥယျာဉ်တစ်ခု
တည်ဆောက်ရေး အစီအစဉ်တစ်ရပ်ကို ဗဟိုအစိုးရသို့
တင်သွင်းထားကြောင်း သစ်တောရေးရာဌာန
တာဝန်ရှိသူများက ပြောကြားခဲ့သည်ကို ကိုးကားကာ
ဆင်ဟွာသတင်းတစ်ရပ်တွင် သြဂုတ်လ ၁၇ ရက်နေ့က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

ရီယိုဒီဂျနေးရိုးရှိ အိုလံပစ် အားကစား ကျေးရွာ၌ ခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားနေ

ရီယိုအိုလံပစ်အားကစားပြိုင်ပွဲစီစဉ်ကျင်းပသူများမှာ
အားကစားသမားများနေထိုင်ရာ ကျေးရွာ၌
ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေမှုကို ကြိုးပမ်းဖြေရှင်း
ပေးနေရကြောင်း အင်န်အိတ်ခ်ျကေသတင်း
တစ်ရပ်တွင်သြဂုတ်လ ၁၄ ရက်နေ့က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အသစ်မှာ အမျိုးသမီးတစ်ဦးဖြစ်သင့်ကြောင်း ဘန်ကီမွန်းပြောကြားခဲ့

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက
၎င်း၏ နေရာကို ဆက်ခံမည့်သူမှာ
အမျိုးသမီး တစ်ဦးဖြစ်သင့်သည်ဟု ပြောကြားခဲ့ကြောင်း
ဘီဘီစီသတင်းတစ်ရပ်တွင်
သြဂုတ်လ ၁၆ ရက်နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ကျူးဘားတော်လှန်ရေး ခေါင်းဆောင် ဖီဒယ်ကက်စထရို၏ အသက် (၉ဝ)ပြည့် မွေးနေ့ပွဲ ကျင်းပခဲ့

ကျူးဘားနိုင်ငံ၏ တော်လှန်ရေးခေါင်းဆောင်ကြီးဖြစ်သော
သမ္မတဟောင်း ဖီဒယ်ကက်စထရို၏ အသက် (၉ဝ) ပြည့်
မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ
၁၃ ရက်က ကျင်းပခဲ့ကြောင်း ဒေသခံသတင်းဌာနများက
သြဂုတ်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ကို
ကိုးကားကာ ဆင်ဟွာသတင်းတစ်ရပ်တွင် ...

» အပြည့်အစုံသို့

တစ်ကမ္ဘာလုံးရှိ နျူလက်နက်များကို ဖျက်ဆီးသင့်သည်ဟု နာဂါစကီမြို့တော်ဝန် တိုက်တွန်းခဲ့

တစ်ကမ္ဘာလုံးရှိ နျူလက်နက်များကို ဖျက်ဆီးသင့်သည်ဟု
နာဂါစကီမြို့တော်ဝန် တိုမီဟီရှာတာအူက ဂျပန်နိုင်ငံ
နာဂါစကီမြို့တွင် သြဂုတ်လ ၉ ရက်နေ့က ကျင်းပခဲ့သော
အဏုမြူဗုံးကြဲ တိုက်ခိုက်ခံရမှု (၇၁)နှစ်မြောက် နှစ်ပတ်လည်
အခမ်းအနားတွင် နိုင်ငံတကာအဖွဲ့အစည်းများအား
တိုက်တွန်းပြောကြားခဲ့ကြောင်း Japan Times သတင်းစာက
သြဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

» အပြည့်အစုံသို့

ဗီယက်နမ်တွင် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းနှစ်ခုကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့

ဗီယက်နမ်နိုင်ငံတွင် တိုက်ခတ်သွားသော အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းနှစ်ခုကြောင့်
ဗီယက်နမ်ဒေါင် ၆.၇ ထရီ လီယံခန့် ဆုံးရှုံးခဲ့ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်
ဖွံ့ဖြိုးရေးဌာန (MARD)က သြဂုတ်လ ၉ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ကို ကိုးကားကာ
ဆင်ဟွာသတင်း တစ်ရပ်တွင် သြဂုတ် လ ၉ ရက်နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မြန်မာမြားပစ်အားကစားမယ် စန်းယုထွေး အိုလံပစ်ပြိုင်ပွဲတွင် ၁၆ ဦးအဆင့် တက်ရောက်

ဘရာဇီးနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂ဝ၁၆ ရီယိုနွေရာသီအိုလံပစ်ပြိုင်ပွဲ၏ မြားပစ်ပြိုင်ပွဲကို
သြဂုတ်လ ၈ ရက်နံနက်ပိုင်းက စတင်ကျင်းပရာ မြန်မာအားကစားမယ် စန်းယုထွေးသည်
၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
သြဂုတ်လ ၉ ရက်နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ရီယိုအိုလံပစ်အားကစားပြိုင်ပွဲ၌ ပေါ်တူဂီဝန်ကြီးတစ်ဦး ဓားပြတိုက်ခံရ

ပေါ်တူဂီပညာရေးဝန်ကြီးသည် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုး၌ ဓားဖြင့်ခြိမ်းခြောက်ကာ
ဓားပြတိုက်ခံရကြောင်း ဘရာဇီးရဲများက ပြောကြားခဲ့သည်ကို ကိုးကားကာ
အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်တွင် သြဂုတ်လ ၈ ရက်နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

သြဂုတ်လအတွက် ကုလလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံ တာဝန်ယူမည်

သြဂုတ်လအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံက
တာဝန်ယူလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ခုတွင်
ပြောကြားခဲ့သည်ကို ကိုးကားကာ ဆင်ဟွာသတင်းတစ်ရပ်တွင် သြဂုတ်လ ၄ ရက်နေ့က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

အမေရိကန်ဒေါ်လာ ၄၉ ဒေါ်လာဖြင့် အပန်းဖြေကျွန်းတစ်ခုလုံးကို အမျိုးသားတစ်ဦး ပိုင်ဆိုင်ခွင့်ရ

သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးပြည်နယ်မှ ဂျော့ရှာ
အမည်ရှိ အမျိုးသားတစ်ဦးသည် အမေရိကန် ဒေါ်လာ
သန်းပေါင်းများစွာ တန်ဖိုးရှိ အပန်းဖြေကျွန်း တစ်ခုလုံးကို
၄၉ ဒေါ်လာဖြင့် ကံစမ်းမဲပေါက်၍ ပိုင်ဆိုင်ခွင့်ရရှိခဲ့ကြောင်း
သည်ဂါးဒီးယန်းသတင်းတစ်ရပ်တွင် ဇူလိုင်လ ၂၈ ရက်နေ့က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ကမ္ဘာ့သတင်း