စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအိမ်ဖော်အား သတ်ဖြတ်မှုဖြင့် သားအမိနှစ်ဦး တရားစွဲဆိုခံရ

စင်ကာပူနိုင်ငံ၊ ဘီရှန်အရပ်ရှိ နေအိမ်တွင် မြန်မာလူမျိုး
အိမ်ဖော်အား သတ်ဖြတ်ခဲ့မှုဖြင့် အမျိုးသမီး တစ်ဦးနှင့်
၎င်း၏ မိခင်တို့အား ဇူလိုင်လ ၂၈ ရက်နေ့တွင် တရားရုံး၌
တရားစွဲဆိုခဲ့ကြောင်း သည်စထရိတ်တိုင်းမ်စ်
သတင်းတစ်ရပ်တွင် ဇူလိုင်လ ၂၈ ရက်နေ့က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

ဘာလင်မြို့တွင် သေနတ်သမားတစ်ဦးက ဆရာဝန်ကို ပစ်ခတ်ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် သေနတ်သမားတစ်ဦးက
ဆရာဝန်တစ်ဦးကို သေနတ်ဖြင့်
ပစ်ခတ်ခဲ့ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း
Independent သတင်းတစ်ရပ်တွင်
ဇူလိုင်လ ၂၇ ရက်နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

တိုကျိုမြို့အနီးရှိ မသန်စွမ်းဂေဟာ၌ ဓားဖြင့် တိုက်ခိုက်မှုဖြစ်ပွားရာ အနည်းဆုံး ၁၉ ဦးသေဆုံးပြီး ၄၅ ဦးဒဏ်ရာရ

ဂျပန်နိုင်ငံ တိုကျိုမြို့အနီးရှိ မသန်စွမ်းဂေဟာတစ်ခု၌ ဓားဖြင့်
တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၉ ဦး
သေဆုံးပြီး ၄၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း အေဘီစီသတင်း
တစ်ရပ်တွင် ဇူလိုင်လ ၂၇ ရက်နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ကမ္ဘာပတ်ခဲ့သော နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် အာရပ်စော်ဘွားများပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိ

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်တစ်စင်းသည်
ပထမဦးဆုံးသော လောင်စာမဲ့ပျံသန်းမှုအဖြစ်
၁၆ လကြာ ကမ္ဘာပတ်ပျံသန်းနိုင်ခဲ့ပြီးနောက်
အောင်မြင်စွာပျံသန်းနိုင်ခဲ့ကာ အဘူဒါဘီမြို့သို့
ပြန်လည်ရောက်ရှိခဲ့ကြောင်း ဒီဗွီဘီသတင်းတစ်ရပ်တွင်
ဇူလိုင်လ ၂၆ ရက်နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ဂျာမနီတွင် နိုင်ငံရေးခိုလှုံခွင့် ငြင်းပယ်ခြင်းခံရသည့် ဆီးရီးယားအမျိုးသားက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့

ဂျာမနီနိုင်ငံတွင် ၂ဝ၁၅ ခုနှစ်က ဒုက္ခသည်အဖြစ်
လာရောက်နေထိုင်ရန် ငြင်းပယ်ခံခဲ့ရသောဆီးရီးယား
နိုင်ငံသားတစ်ဦးကဇူလိုင် ၂၄ ရက်တွင်
အန်းစ်ဘက်မြို့ လူစည်ကားသောဂီတပွဲတော်
တစ်ခု၏ အပြင်ဘက်၌် အသေခံ ဗုံးဖောက်ခွဲမှု
ကျူးလွန်ခဲ့သဖြင့် လူ ၁၂ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း...

» အပြည့်အစုံသို့

အနုညာတခုံရုံး၏ တောင်တရုတ်ပင်လယ်အရေးကိစ္စ ဆုံးဖြတ်ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂပင်လယ်ပြင်
ဥပဒေဆိုင်ရာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ (၇) အရ တောင်တရုတ်ပင်လယ်အရေးကိစ္စနှင့်
ပတ်သက်သည့် အနုညာတခုံရုံး၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် ဇူလိုင်လ ၁၃ ရက်နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

အာကာသယာဉ်မှူးများ၏ အမြင်အာရုံကို အားနည်းစေသော အမည်မသိရောဂါလက္ခဏာ ဖြစ်ပွား

ကမ္ဘာမြေကြီး၏ ဆွဲငင်အားရပ်ဝန်းမှ ဆွဲငင်အားကင်းမဲ့
ဇုန်ဖြစ်သော အာကာသထဲသို့ သွားရောက်အမှုထမ်းသည့်
အာကာသယာဉ်မှူးများတွင် အမြင်အာရုံကို
အားနည်းစေသော အမည်မသိ ရောဂါလက္ခဏာ
ဖြစ်ပွားနေသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်
ရှိကြောင်း The Stuff သတင်းတစ်ရပ်တွင် ...

» အပြည့်အစုံသို့

ဘရာဇီးက ဆောပေါလို နှင့် ရီယိုမြို့ရှိ လေဆိပ်များကို ရောင်းချမည်

ဘရာဇီးအစိုးရအနေဖြင့် လာမည့်နှစ်အတွက် ရသုံးမှန်းခြေ
ငွေစာရင်းလိုငွေပြမှုကို လျှော့ချရန် ဆော်ပေါ်လိုနှင့် ရီယိုမြို့တို့ရှိ
လေဆိပ်များကို ရောင်းချရန် စဉ်းစားဆုံးဖြတ်သွားမည်
ဖြစ်ကြောင်း ယာယီသမ္မတ မီချဲလ်တန်မာက
Folha de S.Paulo သတင်းစာသို့ ဇူလိုင် ၁ဝ ရက်တွင်
ပြောကြားခဲ့သည်ကို ကိုးကားကာ အိုင်းရစ်ရှ်တိုင်းမ် ...

» အပြည့်အစုံသို့

မြန်မာနိုင်ငံ၏ တတိယမြောက် စက်မှုဇုန်ကို မအူပင်မြို့တွင် တည်ဆောက်ရန် စီစဉ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် မြန်မာနိုင်ငံ၏ တတိယမြောက်စက်မှုဇုန်စီမံကိန်းကို
တည်ဆောက်ရန် စီစဉ်နေကြောင်း နိုင်ငံပိုင်မီဒီယာများက ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်ကို
ကိုးကားကာ ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

» အပြည့်အစုံသို့

တရုတ်တွင် အာရှ၏ အရှည်ဆုံး နှစ်လမ်းသွား ဥမင်လိုဏ်ခေါင်းမီးရထားလမ်း တည်ဆောက်ပြီးစီး

တရုတ်နိုင်ငံတွင် အာရှ၏ အရှည်ဆုံး နှစ်လမ်းသွား ဥမင်လိုဏ်ခေါင်း မီးရထားလမ်းကို
တည်ဆောက်ပြီးစီးခဲ့ ကြောင်း ရှန်ဟိုင်းဒေးလီးသတင်းတစ်ရပ်တွင် ဇူလိုင်လ ၉ ရက်က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ကမ္ဘာ့သတင်း