အိန္ဒိယ၏ အခွန်စည်းကြပ်မည့် အစီအစဉ်ကြောင့် မြန်မာနှင့် သီရိလင်္ကာနိုင်ငံများသို့ သကြားတင်ပို့မှုအပေါ် သက်ရောက်မှု ရှိနိုင်

သကြားတင်ပို့သူများအပေါ် အခွန်စည်းကြပ်မည့် အိန္ဒိယ၏
အစီအစဉ်ကြောင့် မြန်မာနှင့် သီရိလင်္ကာနိုင်ငံများသို့
တင်ပို့သည့် သကြားတင်ပို့မှုအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း
စက်မှုလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်ကို ကိုးကားကာ ရိုက်တာသတင်း
တစ်ရပ်တွင် ဇွန်လ ၁ဝ ရက်နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ကျားများရောင်းဝယ်မှုမှာ ၄င်းနှင့် မသက်ဆိုင်ကြောင်း ထိုင်းကျားကျောင်းမှ ကျောင်းထိုင်ဆရာတော် ပြောကြား

စွပ်စွဲခံထားရသော ကျားများအား အလွဲသုံးစားပြုမှုနှင့်
ကျားများနှင့် ကျားအစိတ်အပိုင်းများအား တရားမဝင်
ရောင်းဝယ် ဖောက်ကားမှုများနှင့် ပတ်သက်၍
ကျောင်းထိုင်ဆရာတော်တွင် အပြစ်မရှိကြောင်း ၄င်း၏
ကိုယ်စားလှယ်များက ပြောကြားပြီး ဘုန်းကြီးကျောင်းမှ
ဝန်ထမ်းများနှင့် တာဝန်ရှိသူများအား အပြစ်လွှဲချခဲ့ကြောင်း ...

» အပြည့်အစုံသို့

ထိုင်းနိုင်ငံက မိခင်မှ ကလေးသို့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကာကွယ်နိုင်သည့် ပထမဆုံးအာရှနိုင်ငံ ဖြစ်လာ

ထိုင်းနိုင်ငံသည် မိခင်မှ ကလေးသို့ HIV ဗိုင်းရပ်စ်ပိုး
ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်ခဲ့သည့် ပထမဆုံး အာရှနိုင်ငံ
ဖြစ်လာခဲ့ကြောင်း WHO က ဇွန်လ ၈ ရက်နေ့တွင်
ကြိုဆိုဂုဏ်ပြုပြောကြားခဲ့သည်ကို ကိုးကားကာ
စီအင်န်အင်န်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

» အပြည့်အစုံသို့

အမေရိကန်ပြည်ထောင်စုတွင် F-16 တိုက်လေယာဉ် နှစ်စင်းဝေဟင်တွင် တိုက်မိရာ လေယာဉ်မှူးများ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့

အမေရိကန်ပြည်ထောင်စုအရှေ့ပိုင်း၊ ဂျော်ဂျီယာ ပြည်နယ်တွင်
ဇွန် ၇ ရက်ညပိုင်းက တောင်ကာရို လိုင်းနား အမျိုးသား
လေကြောင်းအစောင့်တပ်ဖွဲ့မှ F-16 တိုက်လေယာဉ်နှစ်စင်း
ဝေဟင်တွင် တိုက်မိမှု ဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်မှူးများမှာ
ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း အဆိုပါ
အစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်ကို ကိုးကားကာ
စီအင်န်အင်န်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

» အပြည့်အစုံသို့

ဟီရိုရှီးမားခရီးစဉ်တွင် တောင်းပန်စကားပြောကြားမည် မဟုတ်ဟု အမေရိကန်သမ္မတ အိုဘားမား ပြောကြား

ဟီရိုရှီးမားတွင် အက်တမ်ဗုံးဖောက်ခွဲခဲ့သည့်အတွက် တောင်းပန်စကားပြောကြားသွားမည်
မဟုတ်ကြောင်း ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ် ကာလအတွင်း တွေ့ဆုံမေးမြန်းပွဲတွင်
အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ဂျပန်ရုပ်သံလွှင့်ဌာနကို ပြောကြားခဲ့သည်ဟု
ရိုက်တာသတင်းဌာနက မေလ၂၄ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

» အပြည့်အစုံသို့

ကမ္ဘာမှ မိုင် ၂၅၀ အမြင့်ရှိ ကမ္ဘာ့ပတ်လမ်းကြောင်းကို အာကာသအတွင်း အဖိုးအတန်ဆုံး နေရာအဖြစ် သတ်မှတ် ကာကွယ်မည်

ကမ္ဘာမှ အနည်းဆုံး မိုင်ပေါင်း ၂၅ဝ မြင့်သည့်
ကမ္ဘာပတ်လမ်းကြောင်းသည် အမေရိကန်နိုင်ငံ အပါအဝင်
နိုင်ငံတကာ အာကာသစူးစမ်းလေ့လာရေးအဖွဲ့များ၏
ဂြိုဟ်တုများ၊ အာကာသယာဉ်များ၊ စူးစမ်းလေ့လာရေး
ယာဉ်များကို ထားရှိလှည့်လည် ပျံသန်းစူးစမ်းသောနေရာ
ဖြစ်သည့်အတွက် ကမ္ဘာပတ်လမ်းကြောင်းကို ...

» အပြည့်အစုံသို့

ဟန်ဆောင်လက်ထပ်ပွဲကို စီစဉ်ခဲ့သည့် ဗီယက်နမ်အမျိုးသမီးနှစ်ဦးအား ထောင်ဒဏ်ချမှတ်ခဲ့

၂၀၁၃ခုနှစ်က စင်ကာပူအမျိုးသားတစ်ဦးနှင့် ဗီယက်နမ်အမျိုး
သမီးတစ်ဦးတို့ကို ဟန်ဆောင်လက်ထပ်ပေးခဲ့သည့်အတွက်
ဗီယက်နမ်အမျိုးသမီးနှစ်ဦးအား ဖမ်းဆီးထောင်ချခဲ့ကြောင်း
လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးအာဏာပိုင်အဖွဲ့က
မေလ ၆ရက်နေ့တွင် ပြောကြားခဲ့သည်ကို ကိုးကားကာ
ချန်နယ်နယူးစ်အေးရှား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

» အပြည့်အစုံသို့

ကမ္ဘာ့ရာသီဥတုက စီးပွားရေးကိုပါ ထိခိုက်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ကြေညာ

လတ်တလော ကမ္ဘာ့တစ်ဝန်းတွင် ရာသီဥတု ဖောက်ပြန်ပြီး မိုးခေါင်ရေရှားပါးမှု၊ အငတ်ဘေးနှင့်
ရေရှားပါးမှုများကို ရင်ဆိုင်နေရသောကြောင့် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးကဏ္ဍများ ကျဆင်းလာကြောင်း
ရိုက်တာသတင်းဌာနက မေလ ၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

» အပြည့်အစုံသို့

သက်ရှိများ အသက်ရှင်သန်နိုင်ချေရှိသာ ဂြိုဟ်သုံးလုံးကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့

နေအဖွဲ့အစည်းပြင်ပတွင် သက်ရှိများကို ရှာဖွေတွေ့ရှိနိုင်ရန် အလားအလာအရှိဆုံးဖြစ်သော ကမ္ဘာနှင့်
အလားသဏ္ဍာန်တူသည့် ဂြိုဟ်သုံးလုံးကို နိုင်ငံတကာသိပ္ပံပညာရှင်များအဖွဲ့က တွေ့ရှိခဲ့ကြောင်း
အေအက်ဖ်ပီသတင်း တစ်ရပ်တွင် မေလ ၄ ရက်နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

နယူးဇီလန် ၀န်ကြီးချုပ်ဟောင်း ဟယ်လင်ကလာ့ခ် အား ကုလသမဂ္ဂအကြီးအကဲအဖြစ် စာရင်းသွင်း

နယူးဇီလန်နိုင်ငံ ၀န်ကြီးချူပ်ဟောင်း ဟယ်လင်ကလာ့ခ်သည်
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူး
ရွေးချယ်ပွဲတွင် ဧပြီလ ၄ ရက်နေ့က ပါဝင်ယှဉ်ပြိုင်ခဲ့သည်ဟု
ချန်နယ်နယူးစ်အေးရှား သတင်းတစ်ရပ်တွင်
ဖော်ပြထားသည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ကမ္ဘာ့သတင်း