ဒေါ်နယ်လ်ထရန့်က သမက်ဖြစ်သူကို အိမ်ဖြူတော် အကြံပေးအဖြစ် ခန့်အပ်

ဓာတ်ပုံ - အေအက်ဖ်ပီဓာတ်ပုံ - အေအက်ဖ်ပီ

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရန့်က ၎င်း၏ သမက်ဖြစ်သူ ဂျာရတ်ကတ်ရှ်နာကို
အိမ်ဖြူတော် ထိပ်တန်းအကြံပေးတစ်ဦးအဖြစ် ခန့်အပ်လိုက်ကြောင်း အင်န်အိတ်ခ်ျကေသတင်း
တစ်ရပ်တွင် ဇန်န၀ါရီလ ၁၀ ရက်က ဖော်ပြထားသည်။

အီဗန်ကာထရန့်၏ ခင်ပွန်းဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ကတ်ရှ်နာသည် အစိုးရအဖွဲ့တွင် အဓိက
အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်သည့်အတွက် ဂုဏ်ယူကြောင်း၊ စီးပွား ရေးလုပ်ငန်းများတွင်
သာမက ယခုအခါ နိုင်ငံရေးတွင်လည်း ထူးခြားစွာ အောင်မြင်သူတစ်ဦးဖြစ်ကြောင်း ထရန့်က
ဇန်န၀ါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကတ်ရှ်နာသည် မူဝါဒများ ချမှတ်ရေးဆွဲရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်လင့်ရပြီး
အိမ်ဖြူတော် ဝန်ထမ်းရေးရာ အရာရှိချုပ် ဖြစ်လာမည့် ပရင့်ပရီဘက်စ် နှင့် မဟာဗျူဟာရေးရာ
အကြီး အကဲ ဖြစ်လာမည့် စတိ ဗန်နန်တို့နှင့် အနီးကပ် ပူးပေါင်းလုပ်ဆောင်သွားရမည် ဖြစ်သည်။
သို့ရာတွင် ယခုကဲ့သို့ သမ္မတနှင့် ဆွေမျိုးနီးစပ် သူများကို ရာထူးခန့်အပ်မှုသည် ဥပဒေကိုချိုးဖောက်ရာ
ရောက်ကြောင်း အမေရိကန်သတင်းမီဒီယာများက ဝေဖန်ခဲ့ကြသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း