ကင်မ်ကာဒက်ရှန်အား ဓားပြတိုက်ခဲ့သည်ဟု သံသယရှိသူများတွင် အသက် ၇၂ နှစ်အရွယ် မူးယစ်ဆေး ကုန်သည် ပါဝင်

ကင်မ်ကာဒက်ရှန်နှင့် ခင်ပွန်းကန်ညေးဝက်စ်တို့အား ပါရီဖက်ရှင်ရှိုး၌၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ကင်မ်ကာဒက်ရှန်နှင့် ခင်ပွန်းကန်ညေးဝက်စ်တို့အား ပါရီဖက်ရှင်ရှိုး၌၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။

၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သော မော်ဒယ်လ် ကင်မ်ကာဒက်ရှန်၏ တိုက်ခန်းတွင်းသို့ ဖောက်ထွင်း
ဝင်ရောက်ကာ သန်းချီ တန်ဖိုးရှိသော ရတနာများ ခိုးယူခဲ့သည့် မျက်နှာဖုံးစွပ် သေနတ်သမား
၅ ယောက်ထဲတွင် အသက် ၇၂ နှစ်အရွယ် ကိုကင်းကုန်သည်တစ်ဦး ပါဝင်နေကြောင်း ပြင်သစ်
ရဲတပ်ဖွဲ့ က သံသယရှိသည်ဟု နီးစပ်ရာ သတင်းရင်းမြစ်က ပြောကြားသည်ကို ကိုးကားကာ
အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဇန်န၀ါရီလ ၁၁ ရက်နေ့က ဖော်ပြထားသည်။

အောက်တိုဘာ ၃ ရက်နေ့က ဖြစ်ပွားခဲ့သော ဓားပြမှုနှင့် ပတ်သက်၍ ပါရီမြို့နှင့် ပြင်သစ်နိုင်ငံ
တောင်ပိုင်းတို့တွင် စီးနင်းဖမ်းဆီးမှုများ ပူးပေါင်းလုပ်ဆောင်စဉ်အတွင်း မြေထဲပင်လယ်အနီးရှိ
ဗီလာတစ်ခုတွင် ပီးယားရော့တ်ဟူသော နာမည်ပြောင်ပိုင်ရှင် အဆိုပါမူးယစ်ကုန်သည်အား
ဇန်န၀ါရီ လ ၉ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ကင်မ်အား သေနတ်သမားက
ကြိုးတုပ်ကာ ရေချိုးခန်းထဲတွင် ပိတ်မထားမီတွင် ပါးစပ်ကို ပိတ်ရန် အသုံးပြုခဲ့သော တိပ်၌
၎င်း၏ လက်ဗွေရာကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အခြားသော သံသယရှိသူ နှစ်ဦးကိုမူ ကမ္ဘာ့ကျောက်မျက်ရတနာကုန်သွယ်မှုအချက်အချာဖြစ်
သော ဘယ်လ်ဂျီယံနိုင်ငံ၊ အန့်တွာ့ပ်မြို့တွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ရှာဖွေမှုများအရ
ငွေသား ယူရိုငွေ နှစ်သောင်းကိုသာ ပြန်လည်ရရှိခဲ့ပြီး ကျန်သော ရတနာပစ္စည်းများကို
ပြန်ရှာမတွေ့သေးကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိများက ပြောကြားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း