တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး ကုန်းရေနှစ်မျိုးသွားလေယာဉ် တည်ဆောက်

ဓာတ်ပုံ - ဆင်ဟွာဓာတ်ပုံ - ဆင်ဟွာတရုတ်နိုင်ငံ လေယာဉ်ကုမ္ပဏီတစ်ခုက တာဝန်ယူ တည်ဆောက်နေသော AG 600 အမျိုးအစား
ကမ္ဘာ့အကြီးဆုံး ကုန်း ရေ နှစ်မျိုးသွားလေယာဉ်၏ အင်ဂျင်ကို အောင်မြင်စွာ စမ်းသပ် လုပ်ဆောင်
နိုင်ခဲ့ကြောင်း ကုမ္ပဏီ၏ ပြောကြားချက်ကို ကိုးကားကာ ဆင်ဟွာသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီ
၁၅ရက်က ဖော်ပြထားသည်။

ကမ္ဘာ့အကြီးဆုံး ကုန်း ရေနှစ်မျိုး သွားလေယာဉ်ကို တရုတ်နိုင်ငံတောင်ပိုင်း၊ ဇူဟိုင်မြို့၌ ၂၀၁၆ ခုနှစ်၊
ဇူလိုင်လက စတင်တည်ဆောက်ခဲ့ပြီး တိကျသော စမ်းသပ်မှုအဆင့်ဆင့်ကို မြေပြင်တွင် ပြုလုပ်ခဲ့ပြီး
ဖြစ်ရာ ယခုနှစ် ပထမခြောက်လတွင် ပထမဆုံးပျံသန်းမှုကို စတင်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

အဆိုပါ လေယာဉ်သည် အလျား ၃၇ မီတာနှင့် တောင်ပံဖြန့် အရှည် ၃၈ ဒသမ ၈ မီတာရှိပြီး ကမ္ဘာ့
အကြီးဆုံး ကုန်းရေ နှစ်မျိုးမောင်းနှင်နိုင်သည့် လေယာဉ် ဖြစ်ပြီး ဘိုးရင်း ၇၃၇ လေယာဉ်၏ အရွယ်
အစားခန့် ရှိကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း