ကမ္ဘာ့အသက်အကြီးဆုံး အီတလီလူမျိုး အမျိုးသမီး ကွယ်လွန်

ဓာတ်ပုံ - Reuters ဓာတ်ပုံ - Reuters

ကမ္ဘာ့အသက်ကြီးဆုံးဟု လူသိများသော အီတလီလူမျိုး အမျိုးသမီး အမ်မာမိုရမ်နိုသည် အသက်
၁၁၇ နှစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဧပြီလ ၁၇ ရက်နေ့က
ဖော်ပြထားသည်။

မိုရမ်နိုသည် အီတလီမင်းဆက် သုံးဆက်အထိ မီခဲ့သူဖြစ်သကဲ့သို့ သမ္မတ ၁၂ ဦး၏ အုပ်ချုပ်မှု
အောက်တွင် နေထိုင်ခဲ့သူ ဖြစ်သည်။ မိုရမ်နိုကို ၁၈၉၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မွေးဖွား
ခဲ့သည့်အတွက် ၁၉ ရာစုအတွင်း မွေးဖွားခဲ့သူများအနက် နောက်ဆုံး အသက်ရှင်ကျန်ရစ်သူ ဖြစ်
ကြောင်း သိရသည်။

မိုရမ်နိုသည် လွန်ခဲ့သော နှစ်ပေါင်း ဆယ်နှစ်ခန့်ထိ တစ်နေ့လျှင် ကြက်ဥသုံးလုံး စားသုံးလေ့ရှိခဲ့ပြီး
အဆိုပါ အချက်မှာ ဘဝသက်တမ်းကို ရှည်ကြာစေသည့် အချက်တစ်ချက် ဖြစ်သည်ဟု ဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း