ကမ္ဘာ့အသက်အကြီးဆုံး ဧဝရက်တောင်တက်သမားစံချိန်ကို ထပ်မံ ချိုးရန် ကြိုးစားသည့် တောင်တက်သမား သေဆုံးခဲ့

ဓာတ်ပုံ - အေအက်ဖ်ပီဓာတ်ပုံ - အေအက်ဖ်ပီ

တစ်ချိန်က ဧဝရက်တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်သည့် ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်
အဖြစ် မှတ်တမ်းတင်ခံထားရသော နီပေါနိုင်ငံသား တောင်တက်သမားတစ်ဦးသည် လက်ရှိ စံချိန်ကို
ချိုးဖြတ်ရန် ကြိုးစားစဉ် သေဆုံးသွားခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်တွင် မေလ ၇ ရက်
နေ့က ဖော်ပြထားသည်။

အသက်(၈၅)နှစ်ရှိ ဘဟာဒူအာရှာချန်သည် မေလ ၆ ရက် မွန်းလွဲပိုင်းတွင် ပင်လယ် ရေမျက်နှာပြင်
အထက် မီတာ ၅၄ဝဝ အမြင့်ရှိ တောင်ခြေစခန်း၌ သေဆုံးသွားခဲ့ကြောင်း နီပေါတာဝန်ရှိသူများက
ပြောကြားခဲ့ခြင်း ဖြစ်သည်။ သေဆုံးရခြင်း အကြောင်းရင်းကို မသိရသေးသော်လည်း အမြင့်ပိုင်းရာသီ
ဥတုဒဏ်ကို ခံစားရပြီး သေဆုံးခဲ့ခြင်း ဖြစ်ဖွယ် ရှိကြောင်း ယူဆကြသည်။

ဘဟာဒူအာရှာချန်သည်၂ဝဝ၈ ခုနှစ် အသက် (၇၆) နှစ်အရွယ်တွင် ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်
ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး ကမ္ဘာ့ အသက်ကြီးဆုံး တောင်တက်သမားအဖြစ် သတ်
မှတ်ခံခဲ့ရပြီး ဖြစ်သော်လည်း နောက် ငါးနှစ်အကြာတွင် အသက် (၈ဝ)အရွယ်ရှိ ဂျပန်နိုင်ငံသား ယူအိ
ချီရို မီရာက ၎င်း၏ စံချိန်ကို ချိုးဖြတ်ခဲ့သောကြောင့် ဧဝရက်တောင်ထိပ်သို့ ထပ်မံ တက်ရောက်ပြီး စံချိန်
သစ်တင်ရန် လွန်ခဲ့သည့် လက အဆိုပါ တောင်ခြေစခန်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

တောင်တက်ခရီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း တောင်ခြေသို့ မသွားရောက်မီ ခတ္တမန္ဒူမြို့တွင်
ဘဟာဒူအာရှာချန်က သတင်းထောက်များကို ပြောကြားခဲ့သေးသည်ဟု သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း