တောင်ကိုရီးယားသမ္မတသစ်အဖြစ် မွန်းဂျယ်အင်း ကျမ်းသစ္စာကျိန်ဆို

ဓာတ်ပုံ - အေအက်ဖ်ပီဓာတ်ပုံ - အေအက်ဖ်ပီ

တောင်ကိုရီးယားနိုင်ငံ၏ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ မွန်းဂျယ်အင်းသည် သမ္မတ
ရာထူး၌ စတင် တာဝန်ထမ်းဆောင်ရန် မေလ ၁ဝ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း ဒေသဆိုင်ရာ
သတင်းဌာနများ၏ ထုတ်ပြန်ချက်ကို ကိုးကားကာ ရိုက်တာသတင်းတစ်ရပ်တွင် မေလ ၁၀ ရက်က
ဖော်ပြထားသည်။

လတ်တလော ဖြစ်ပေါ်နေသော မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ အရေးတကြီး ကိုင်တွယ်
ဆောင်ရွက်ရာတွင် နျူကလီးယားနှင့် ဒုံးလက်နက် အစီအစဉ်များ အကောင်အထည်ဖော်နေသော
မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်၊ တရုတ်နိုင်ငံတို့ တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် ဒေသတွင်း
တည်ငြိမ်မှုပြန်လည်ရရှိရေး ဦးစားပေးဆောင်ရွက်မည်ဟု တောင်ကိုရီးယားသမ္မတသစ် မွန်းဂျယ်အင်း
က သန္နိဋ္ဌာန်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ လျော့ပါးပျက်ပြယ်ရန် မိမိအနေဖြင့် အစွမ်းကုန် ကြိုးပမ်းသွား မည် ဖြစ်ကြောင်း၊ တောင်ကိုရီးယား၌ ဖြန့်ကြက်လျက်ရှိသော အမေရိကန်၏ ဒုံးလက်နက် ကာကွယ်
ရေးစနစ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ဖြစ်ပေါ်နေသော အငြင်းပွားမှုများ အဆုံးသတ်ရန် အတွက်
လည်း ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သမ္မတအဖြစ် ပထမဆုံးအကြိမ် ပြောကြားခဲ့သည့်
မိန့်ခွန်းတွင် မွန်းဂျယ်အင်းက ထည့်သွင်းပြောကြားခဲ့သည်ဟု ဆိုသည်။

ထူးခြားမှုတစ်ရပ်မှာ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးမြှင့်တင်ရန် လိုလားသော မူဝါဒနှင့် ပတ်သက်
၍ ကိုင်တွယ်ဆောင်ရွက်ခဲ့သူများကို ဝန်ကြီးချုပ်ရာထူးတွင်လည်းကောင်း၊ ထောက်လှမ်းရေးဌာန၏
အကြီးအကဲ ရာထူးတွင်လည်းကောင်း ခန့်အပ်ရန် သမ္မတ မွန်းက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း