အက်ဖ်ဘီအိုင်ဒါရိုက်တာ ဂျိမ်းစ်ဘီကိုမီ ရာထူးမှ ဖယ်ရှားခံရ

ဓာတ်ပုံ - အေအက်ဖ်ပီဓာတ်ပုံ - အေအက်ဖ်ပီအမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်သည် အက်ဖ်ဘီအိုင်ဒါရိုက်တာ ဂျိမ်းစ်ဘီကိုမီအား ရာထူးမှ
ဖယ်ရှားလိုက်ကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်တွင် မေလ ၁၀ ရက်က ဖော်ပြထားသည်။

အက်ဖ်ဘီအိုင်ဒါရိုက်တာ ဂျိမ်းစ်ဘီကိုမီအား ရာထူးမှ ထုတ်ပယ်ခြင်းကို တရားရေးဌာန တာဝန်ရှိသူ
များ၏ ထောက်ခံချက်ဖြင့် သမ္မတထရန့်က လက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီး အိမ်ဖြူတော် ပြောရေး
ဆိုခွင့် ရှိသူ ဆီရန်းစပိုင်ဆာက မေလ ၉ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင်
ဒါရိုက်တာ ဂျိမ်းစ်ဘီကိုမီ၏ ရာထူးနေရာတွင် အစားထိုး ပြောင်းလဲခန့်အပ်ရန် သမ္မတထရန့် ဦးဆောင်
သည့် အစိုးရအဖွဲ့က စီစဉ်လျက် ရှိသည်။

ဓာတ်ပုံ - အေအက်ဖ်ပီဓာတ်ပုံ - အေအက်ဖ်ပီ

အက်ဖ်ဘီအိုင် ဒါရိုက်တာ ဂျိမ်းစ်ဘီကိုမီသည် အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလအတွင်း
သမ္မတ ထရန့်အား ကူညီထောက်ပံ့ပေးရန် ရုရှား အာဏာပိုင်များ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း ရှိ၊
မရှိ စုံစမ်းစစ်ဆေးရာတွင် အဓိက တာဝန်ရှိသူတစ်ဦး ဖြစ်သည်။ အဆိုပါ စုံစမ်း စစ်ဆေးမှုနှင့်
ပတ်သက်ပြီး အဖြစ်မှန်များ ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင့် သမ္မတ ထရန့် အစိုးရက အက်ဖ်ဘီအိုင်
ဒါရိုက်တာ ဂျိမ်းစ်ဘီကိုမီအား ရာထူးမှ ဖယ်ရှားနိုင်ခြေ ရှိသည်ဟု ဒီမိုကရက်တစ်အချို့က ပြောကြား
ခဲ့ဖူးကြောင်း သိရသည်။

ထို့ပြင် သမ္မတ ထရန့်နှင့် ရုရှားအစိုးရတို့၏ ဆက်ဆံရေးကို ပွင့်လင်းမြင်သာစွာ သိရှိရေးအတွက်
အစိုးရရှေ့နေတစ်ဦး ခန့်အပ်ပေးရန် ဒီမိုကရက်တစ်အချို့က တောင်းဆိုထားသည်ဟု ဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း