မြန်မာတိုင်း(မ်)စာစဉ်ဟောင်းများရှာရန်

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ

မဲဆန္ဒနယ် ၄၅ နေရာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်               (၄၃)
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ  (၁)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ   (၁)

ယခုတစ်ပတ်မြန်မာတိုင်း(မ်)စာစောင်
Latest Issue
အတွဲ ၂၉ ၊ အမှတ် ၅၆၅ ၊ ၂၃-၄-၂၀၁၂ တွင် လွှင့်တင်သည်။

အီးယူက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေး ယူမှုများကို ခေတ္တရပ်ဆိုင်းပေးထားရန် ဗြိတိန် ၀န်ကြီးချုပ် အကြံပြု

မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကို တုံ့ပြန်မှုပေး
သည့်အနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် ဥရောပသမဂ္ဂက
ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှုများကို ခေတ္တ
ရပ်ဆိုင်းပေးထားရန် မြန်မာနိုင်ငံသို့ ယခုလ ၁၃ ရက်
နေ့က လာရောက်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်
ကင်မရွန်က ပြောကြားသည်။

News

သင်္ကြန်ရက်များအတွင်းယာဉ်မတော်တဆမှု
များကြောင့် လေးဦးသေဆုံး

မဟာသင်္ကြန်ကာလအတွင်း
ရန်ကုန်မြို့တွင် ယာဉ်မတော်တဆ
မှုကြောင့် လေးဦးသေဆုံးပြီး ၁၀၆
ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

News

မြန်မာနိုင်ငံပြောင်းလဲမှုများအတွက် အမေရိကန် General Electric ကုမ္ပဏီကြီး ကူညီမည် ဟုဆို

အမေရိကန်နိုင်ငံမှ ကမ္ဘာကျော်
ကုမ္ပဏီ ကြီးတစ်ခုဖြစ်သည့်
General Electric
ကုမ္ပဏီအနေဖြင့်
မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲ
မှုများအတွက် ကူညီရန်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု
သိရသည်။

News

ကေအင်န်ယူနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေး

ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)နှင့်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး
အဖွဲ့တို့ သည် ဧပြီလ ၅ ရက်နေ့က ပြည်ထောင်စု
အဆင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ လက်နက်ကိုင်
တိုက်ပွဲများ ကြောင့် ပြည်သူများနှင့် ဖြစ်ရသည့် ပဋိပက္ခများကိုပါ
အသေးစိတ် ဆွေးနွေးသွားကြောင်း ကေအင်န်ယူ အဖွဲ့မှပြောဆိုခွင့်ရှိသူ
ဦးစောဂွဲထူးဝင်း က မြန်မာတိုင်း(မ်)ကိုပြောသည်။

News


အမေရိကန်အစိုးရ၏ မူဝါဒပြောင်းလဲရေး ညှိနှိုင်းဆွေးနွေး မည်ဟု ဂျင်မ်ဝက်ဘ်ပြောကြား

လွန်ခဲ့သော ရက်သတ္တပတ်က မြန်မာနိုင်ငံသို့
လာရောက်ခဲ့သော အမေရိကန်အထက်လွှတ်တော်
အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်က မြန်မာနိုင်ငံအပေါ်
အမေရိကန်အစိုးရအနေဖြင့် အရေးယူ ပိတ်ဆို့
ထားမှုများကိုအမြန်ဆုံးပြန်လည်သုံးသပ်ရေးနှင့်ပတ်သက်၍ အမေရိကန်
အစိုးရ၏မူဝါဒပြောင်းလဲနိုင်ရန်အတွက် အစိုးရနှင့် လွှတ်တော်အကြား
ညှိနှိုင်း ဆွေးနွေးသွားမည်ဟု ဧပြီလ ၁၁ ရက် နေ့က ရန်ကုန်မြို့ရှိ
အမေရိကန်သံရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။ News

» သတင်းအပြည့်အစုံသို့..

ကွမ်ရှီး-မြန်မာ စီးပွားရေးဆိုင်ရာသဘောတူစာချုပ် ရေးထိုး

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်
ခွင့်ရဒေသတို့သည် အမေရိကန်ဒေါ်လာ ၂၉၂ သန်း
တန်ဖိုးရှိ စီမံကိန်း ၂၂ ခုအား စီးပွားရေး ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရန်သဘောတူ စာချုပ်များအား
မတ်လ ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆို
ခဲ့သည်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ
လျှော့ပေါ့ပေးတော့မည်ဖြစ်ကြောင်း ကလင်တန်ပြော

ကာလရှည်ပိတ်ပင်ထားသော မြန်မာနိုင်ငံတွင်
သမိုင်းမှတ်တိုင်ရွေးကောက်ပွဲကို အောင်မြင်စွာ
ကျင်းပ ပေးခဲ့သော ပြုပြင်ပြောင်းလဲရေး မြန်မာ
အစိုးရကို ထောက်ခံအားပေးမြှင့်တင်ရန် အမေ
ရိကန်အစိုးရသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများအပေါ် ကန့်သတ်
ချက်များကို လျှော့ပေါ့ပေးမည့်အပြင် ......

» သတင်းအပြည့်အစုံသို့..

မန္တလေးမြို့ပေါ်ဖုန်းများ လိုင်းပွင့်လာကြသော်
လည်း တိုင်းဒေသကြီးဖုန်းများ မေလ ပထမပတ်မှ
ပွင့်မည်ဟုဆို

ယခုလ ၉ ရက်နေ့တွင် စတင်ရောင်းချသော မန္တလေး
မြို့ပေါ်အတွက်ချထားပေးသည့် နှစ်သိန်းတန်ဖုန်းများမှာ
စတင် ချထားသည့်နေ့မှာပင် ပြောဆိုဆက် သွယ်နိုင်
ပြီဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး အမည်
ပေါက်ဖုန်းများမှာ မေလပထမပတ်ကျမှသာ မန္တလေးတွင်
စတင်ပြောဆိုနိုင်မည်ဟု ဖုန်းအရောင်းဆိုင်များက
ဆိုသည်။

News

ပန်းချီပြပွဲ ရောင်းရငွေထဲမှ အင်န်အယ်လ်ဒီကို လှူမည်ဟုဆို

ပန်းချီကျော်သီဟ၏ 'အာရှအလှ' အမည်ရ
တစ်ကိုယ်တော်ပန်းချီပြပွဲကို ယခုလ ၄ ရက်မှစ၍
၃၄ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ 'သီရိ'
အနုပညာ ပြခန်းတွင် ကျင်းပခဲ့ရာ ပန်းချီ
ကားရောင်း ချရပါက ရောင်းရ ငွေထဲမှ အမျိုးသားဒီမို ကရေစီ
အဖွဲ့ချုပ်ကို လှူဒါန်းသွားမည်ဟု ပန်းချီဆရာက ပြောသည်။

News

» သတင်းအပြည့်အစုံသို့..

ဝဇီရာရုပ်ရှင်ရုံ နှစ်ရုံကို ရုပ်ရှင်လုပ်ငန်းမှ ပြန်လည် သိမ်းယူ

ပြန်ကြားရေးဝန်ကြီးဌာန၊ ရုပ်ရှင်လုပ်ငန်းကနေ ရုပ်ရှင်
အစည်းအရုံးကို ငှားရမ်းပြသခွင့်ပြုခဲ့တဲ့ ၀ဇီရာ(၁)နဲ့(၂)
ရုပ်ရှင်ရုံတွေကို ဆက်လက် ငှားရမ်းခွင့် မပေးတော့ဘဲ
မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားကာ ရုပ်ရှင်ရုံတွေ
ပိတ်ပေးဖို့ အကြောင်းကြားစာကို မတ်လ ၂၆ ရက်နေ့မှာ
ရုပ်ရှင်အစည်းအရုံးကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

သံချပ်ပွဲကျင်းပခွင့်မရတာကြောင့် အနုပညာရှင်များ ၀မ်းနည်းနေကြ

မိဘမဲ့ ကလေးများအတွက် မတ်လ ၃၀ ရက်နေ့၊
ပြည်သူ့ရင်ပြင်မှာ ဒါရိုက်တာ မောင်သီစီစဉ်ပြီး
မေတ္တာ၊ ကုသိုလ်၊ ဗေလုဝနဲ့ အရိုင်းတို့ ပါဝင်မယ့်
ရန်ပုံငွေ သင်္ကြန်သံချပ်ပွဲကျင်းပမယ်လို့ ကြိုတင်
ကြေညာခဲ့ပြီး လက်မှတ်တွေကိုလည်း ရောင်းချခဲ့ပေမယ့် နောက်ဆုံးမှာ
ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပွဲခွင့်ပြုချက် မရရှိတာကြောင့်
မကျင်းပ လိုက်ရဘူးလို့ ....

News

» သတင်းအပြည့်အစုံသို့..

သတ်ကွင်းထဲရောက်သလိုဖြစ်သွားတဲ့ မန်စီးတီးနဲ့ မန်ချီနီ

မန်စီးတီးရဲ့ လက်ရှိပေါ်ပေါက်ကြုံတွေ့ နေရမှုက ကြိတ်
မနိုင် ခဲမရ အခြေအနေမျိုးပဲဖြစ်ပါတယ်။ မန်ချီနီဟာ
စီးရီးအေမှာ အင်တာမီလန် နဲ့အတူ စီးရီးအေ ချန်ပီယံ
ဆုတွေ ရယူထားခဲ့သူတစ်ယောက်ပဲ။ လိဂ် တစ်ခုရဲ့
တစ်ရာသီဖြတ်သန်းရမှု အတိမ်အနက်ကို သဘော
ပေါက်ထားခဲ့မှာပါ။
News

ကမ္ဘာ့အဆင့်(၁)သရဖူ ပြန်လည်ရယူသွားပြန်သူ လုခ်ဒေါ်နယ်

လုခ်ဒေါ်နယ်ဟာ ၁၉၉၇ မှာ အမေရိကား ဂေါက်
သီးကမ္ဘာကို သူခြေချခွင့်ရ ခဲ့ပြီး Sigma Chi
အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ သလို ဂေါက်သီး နည်းပြ
ပက်ဂေါ့စ်ရဲ့ သွန်သင်မှုတွေကြားမှာ သူလက်စောင်း
ထက်လာခဲ့တာ အချိန်ကာလတို အတောအတွင်းမှာပဲဖြစ်ပါတယ်။

News

» သတင်းအပြည့်အစုံသို့..

ဖော့ကလန်ကျွန်းစုတိုက်ပွဲ နှစ် ၃၀ ပြည့် နှစ်နိုင်ငံစလုံး၌ကျင်းပ

စတန်လေ- ဗြိတိန်နိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့ ၇၄
ရက်ကြာ တိုက်ခိုက်ခဲ့ကြသည့် ဖော့ကလန်ကျွန်းစု
တိုက်ပွဲ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ပွဲကို ဧပြီလ ၂
ရက်နေ့တွင် နှစ်နိုင်ငံစလုံးက ကျင်းပ ခဲ့ကြသည်။ News