တနင်္ဂနွေ
ထိုင်နေတော့ အကောင်း၊ ထသွားမှ ကျိုးမှန်းသိဆိုသကဲ့သလို့ မထင်မှတ်ဘဲ အရှက်ကွဲရတတ်သော ကာလဖြစ်သည်။ မိမိ၏ ဘဝပုံရိပ်များ အမှောင်ဖုံးနေတတ်သည်။ ဆန္ဒအလိုလိုက်ပြီး မိုက်ရူးရဲလုပ်ရပ်များ လုပ်မိတတ်သည်။ ပုဂ္ဂိုလ်ရေး လုံခြုံမှု စိတ်မချရတတ်ပါ။ မျက်စိ အမြင်အာရုံထိခိုက်တတ်သည်။ အချစ်ရေးတွင် ဖြေရှင်းရခက်သော အကြောင်းများရှိမည်။
* ခေါင်းလျှော်ရည်လှူရန်။
တနင်္လာ
ကံကောင်းအကြောင်းလှမည့် အခါသမယဖြစ်သည်။ ယာယီနီးဝေး ခရီးကောင်းများသွားလာရမည်။ ဘဝစိတ်ကူးအိပ်မက်များကို ထူးခြားစွာ အကောင်အထည်ဖော်နိုင်မည်။ မျှော်မှန်းထားသော စီးပွားရေးလုပ်ငန်းများ အောင်မြင်အကျိုးရှိမည်။ ပေးကမ်းစွန့်ကြဲ လှူဒါန်းမှုများ ပြုလုပ်ရမည်။ အချစ်ရေးတွင် သတင်းကောင်းများကြားရမည်။
* ကျောက်ကျောလှူရန်။
အင်္ဂါ
ပုဂ္ဂိုလ်ရေး နားလည်ယုံကြည်မှုများ ကွယ်ပျောက်နေတတ်သော ကာလဖြစ်သည်။ လုပ်ငန်းစီးပွား စိတ်ကူးသစ်များကို ရဲဝံ့ပြတ်သားစွာ အကောင်အထည်ဖော်နိုင်လိမ့်မည်။ စွန့်လွှတ်စွန့်စားလုပ်ကိုင်မှုများ အဆင်ပြေကံကောင်း အောင်မြင်မည်။ ရည်ရွယ်ထားသော ခရီးကောင်းများ သွားလာရမည်။ အချစ်ရေးတွင် သစ္စာရှိမှုကို ပြသတတ်သော် အကျိုးရှိမည်။
* ဇီးသီး(သို့)ဇီးယို ကပ်လှူ
ဗုဒ္ဓဟူး
ကံမရှိ ဉာဏ်ရှိတိုင်းမွဲတတ်သည့် ကာလဖြစ်မည်။ ရှေ့နောက်စကားမညီ ကတိမတည်သောကြောင့် လူမှုရေးယုံကြည်မှုများ ကွယ်ပျောက်တတ်သည်။ လုပ်ငန်းစီးပွားအချိတ်အဆက်များ ပျက်စီးတတ်သည်။ ယာယီခရီးများမှာ သူတစ်ပါး မကောင်းကြံခံရတတ်သည်။ ကျန်းမာရေးညံ့မည်။အချစ်ရေးတွင် ချစ်သူ၏ အထင်လွဲခြင်းခံရတတ်သည်။
* သောက်ရေခွက်လှူရန်။
ကြာသပတေး
စိတ်ရှည်သည်းခံမှုဖြင့် လူမှုဘဝကို ဖြတ်သန်းနေရတတ်သည့် ကာလဖြစ်မည်။ လူမှုဝန်းကျင်၏ အကောင်းမမြင်တတ်မှုကို ဆိတ်ဆိတ်နေခြင်းဖြင့် တုံ့ပြန်တတ်သော် အကျိုးရှိမည်။ အမှတ်မထင် ငွေဝင်ကိန်းရှိသည်။ ရပ်ဝေးမှ သတင်းကောင်းများ ကြားရမည်။ အချစ်ရေးတွင် အတွင်းပယောဂ အနှောင့်အယှက်များရှိမည်။
* ပိန္နဲသီး ကပ်လှူရန်။
သောကြာ
ကံဇာတာတက် ဉာဏ်ပညာထက်ပြီး ဘုန်းသမ္ဘာကြီးမား ထင်ရှားကျော်ကြားမည့် ကာလဖြစ်သည်။ နေ့စဉ်အမှုကို ကုသိုလ်နှင့် ဆက်တတ်လေ အကျိုးရှိလေ မိတ်ဆွေကောင်းများ တိုးပွားလေဖြစ်မည်။ ယာယီခရီးကောင်းများ သွားလာရမည်။ လက်ဆောင်ကောင်းများရမည်။ အချစ်ရေးတွင်ကောင်းသော မင်္ဂလာအမှုပြုရမည်။
* သစ်ခွပန်းပွင့်များ ကပ်လှူရန်။
စနေ
လောဘမတက်သော်လည်း ဒေါသထွက်စရာအကြောင်းများ ရှိနေတတ်သော ကာလဖြစ်သည်။ မိုက်ရူးရဲလုပ်ရပ်များ သတိထားမှ အကျိုးရှိမည်။ ပုဂ္ဂိုလ်ရေး မကောင်းသတင်းများ လုပ်ကြံဖန်တီးခြင်းခံရတတ်သည်။ ယာယီနီးဝေးခရီးများ ဘေးရန်မကင်းတတ်ပါ။ လုပ်ငန်းစီးပွား ပျက်တတ်သည်။ အချစ်ရေးတွင် အတ္တမာနကင်းပါစေ။
* ဒူးရင်းသီး ကပ်လှူရန်။
ဆရာအောင်မြင်ကျော် (နက္ခတ္တဗေဒပညာရှင်)
အမှတ်(၁၁၃)၊ ၄ လွှာ၊ သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၉၇၃၁၃၅၆၃၂
