စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မော်တော်ယာဉ်တင်သွင်းမှုအပေါ် စည်းကြပ်သည့်အခွန်များကို ပြင်ဆင်ကာ နောက်ဆုံး လျှော့ပေးလိုက်သည့် အခွန်နှုန်းထား
များတွင် တံခါးလေးပေါက်ပါ Double Cab ပစ်ကပ်ကားများလည်း ပါ၀င်ကြောင်း ကားလုပ်ငန်း
ရှင်များက ပြောသည်။ ၆၀ ရာခိုင်နှုန်း သွင်းကုန်ခွန်လျှော့ပေးထားသည့် Double Cabပစ်ကပ်
ကားများ အတွက် အဓိကချမှတ်ဆောင်ရွက်ခဲ့သည့် အဆိုပါသွင်းကုန်ခွန်လျှော့ချပေးမှုကို မတ်လ
ကုန်ပိုင်းက ကြေညာခဲ့ခြင်းဖြစ်သည်။
Ford, Land Rover/ Range Rover နှင့် Jaguar စသည့်ကားများကို မြန်မာနိုင်ငံတွင်
ရောင်းချနေသည့် ဃစေငအေူ ဗကအသာသအငလန ၏ အထွေ ထွေအရောင်းမန်နေဂျာ
ပေါလ်ဗာလေ က ၎င်းအခွန်လျှော့ချမှုကြောင့် င်္သမိ ျွညေါနမ ပစ်ကပ်ကားများ၏ ဈေးနှုန်းတွင်
၂၀ ရာခိုင်နှုန်း ကျော် ကျဆင်းသွားသဖြင့် ကျပ်ငွေ ၅၀ ဒသမ ၆ သန်းခန့်မှ ကျပ် ၄၀ ဒသမ
၅ သန်းအထိ ဈေးကျလာနိုင်ကြောင်း ပြောသည်။ မစ္စတာဗာလေက ယင်းအခွန်နှုန်းပြောင်းလဲ
မှုများမှာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီ ၁ ရက်နေ့တွင် စတင်အကျုံးဝင်မည်ဖြစ်ကြောင်း
ပြောသည်။
သို့ရာတွင် အခွန်နှုန်းအပြောင်းအလဲများ အား ပြည်သူလူထုထံသို့ ရှင်းလင်းတိကျသည့်သတင်း
အချက်များ လျင်မြန်စွာဖြန့်ဖြူးပေးရာတွင် အားနည်းချက်များရှိနေပြီး ကားရောင်းဝယ်သူများမှာ
အဆိုပါအပြောင်းအလဲများကို ၀ယ်သူအချို့ထံမှ ပြန်လည်သိရှိခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကပြော
သည်။
ပစ်ကပ်ကားများမှာ မြန်မာနိုင်ငံ၏ မဆိုး လှသောလမ်းများပေါ်တွင် မောင်းနှင်နိုင်သည့် ကားများ
အဖြစ် လူကြိုက်များလာသော ကား အမျိုးအစားများ ဖြစ်သည်။ သို့သော် ၀န်ကြီးဌာန က
လုပ်ငန်းသုံးယာဉ်အဖြစ် အမျိုးအစားခွဲထား ခြင်းကြောင့် တံခါးနှစ်ပေါက်ပစ်ကပ်များမှာ
လက်ရှိအရောင်းရဆုံးကားများဖြစ်သည်။
ထိုသို့ အမျိုးအစားခွဲခြားမှုအရ Capital Auto၊ Mazda နှင့် မကြာမီဖွင့်လှစ်လာမည့် အခြား
မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ အား ဈေးအလွန်သက်သာ၍ အာမခံသက်တမ်း
များများပေးသော ကားအမျိုးအစားသစ်များကို ရောင်းချခွင့်ပြုထားသည်။ ဈေးအနိမ့်ဆုံး
Ranger မှာ ကျပ်၂၁ ဒသမ ၂ သန်း၊ သို့မဟုတ် အမေရိကန်ဒေါ်လာ ၂၂,၁၀၀ အောက်သာ
ဈေးရှိသည်။
ထိုဈေးနှုန်းမှာ ၁၀ နှစ်ကြာ သက်တမ်းရှိ တစ်ပတ်ရစ် Toyota Rav 4 နှင့် ဈေးအတူတူပင်
ဖြစ်ပြီး ၀ယ်သူများ ကြိုက်နှစ် သက်သော ကားအမျိုးအစားဖြစ်သည်ဟု မစ္စတာဗာလေကပြော
သည်။
"လတ်တလောအခြေအနေအရ ျွညေါနမ ကို ကျွန်တော်တို့ ပိုမျှော်လင့်ထားပေမယ့် မြန်ဆန်တဲ့
ကားလုပ်ငန်းနဲ့အတူ အခွင့်အလမ်း တွေ အများကြီးရှိနေသေးတယ်လို့ ထင်ပါတယ်"ဟု မစ္စတာ
ဗာလေကပြောသည်။
"မော်ဒယ်တစ်ခုချင်းစီမှာ ဥပမာ - တံခါး နှစ်ပေါက်၊ တံခါးလေးပေါက်နဲ့ rap cab တွေဆိုရင်
ကားအသစ်တွေဝင်လာတာနဲ့ အခွန် နှုန်းပြောင်းလဲမှုတွေကြောင့် ရောင်းအားအတက်အကျတွေ
အများကြီးဖြစ်ခဲ့တာကို တွေ့ရတယ်"ဟု ၎င်းကပြောသည်။
"အရင်ကတော့ တံခါးနှစ်ပေါက်ကားတွေ အများကြီး ကျွန်တော်တို့ ရောင်းရတယ်။ နောက် rap
cab တွေ မြန်မာနိုင်ငံကို ရောက်လာပြီး ရောင်းအားတွေ ကောင်းနေပါတယ်။ အခု ပြောင်းလဲမှု
တစ်ခုကို ကျွန်တော်တို့ ထပ်ပြီးမြင် တွေ့ရတော့မယ်" ဟု မစ္စတာဗာကေက ဆိုသည်။
ယခုအခွန်ဈေးနှုန်း အပြောင်းအလဲများမှာ တံခါးနှစ်ပေါက်ကားများ၏ ဈေးနငန်းအပေါ် သက်ရောက်
မှုမရှိကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ "အခွန်နှုန်းပြောင်းလဲမှုကြောင့် တံခါးနှစ်ပေါက်
ကားတွေထက် တံခါးလေးပေါက်ကား တွေမှာ ပိုပြီးအလားအလာကောင်းမယ့် အခြေ အနေမျိုး
မရှိနိုင်ဘူးလို့ ထင်ပါတယ်။ ၀ယ်သူတွေ တော်တော်များများဟာ တံခါးလေးပေါက် ပစ်ကပ်ကား
တွေ ၀ယ်ချင်လို့ ရှာကြပေမယ့် တံခါးနှစ်ပေါက်နဲ့ rap cab တွေနဲ့ယှဉ်ရင် တံခါးလေးပေါက်တွေ
က ဈေးပိုကြီးကြတယ်လေ။ အခုတော့ ကျွန်တော်တို့ ၀ယ်သူတွေအတွက် ရွေးချယ်စရာတွေ
များများရလာပါပြီ" ဟု ၎င်းကပြောသည်။
သို့သော် ယခုပြောင်းလဲမှုကြောင့် မော်တော်ယာဉ်တင်သွင်းမှုအများစုအတွက် အကျိုးသက်
ရောက်မှုရှိကြောင်း ၎င်းကပြောသည်။
"အခု အခွန်နှုန်းပြောင်းလဲမှုကြောင့် မော် တော်ယာဉ် မှတ်ပုံတင်တဲ့စရိတ်မှာ မော်ဒယ် အားလုံး
နီးပါးအတွက် လျော့ကျလာတာကို တွေ့ရပါတယ်။ ကိစ္စတော်တော်များများမှာ အခွန်နှုန်းသတ်
မှတ်မှုတွေ လျော့ကျလာပါတယ်"ဟု ၎င်းကပြောသည်။
ယခုပြောင်းလဲမှုများတွင် Land Rover ကားများအတွက် ၁၀၀ မှ ၈၀ ရာခိုင်နှုန်း၊ Jaguar
XJ နှင့် Jaguar XF ကားများအတွက် ၈၀ မှ ၅၀ ရာခိုင်နှုန်း ယာဉ်မှတ်ပုံတင်ခြင်းကုန်ကျစရိတ်များ
ကိုလျှော့ချပေးထားခြင်းဖြစ်သည်။ ဇာဇာစိုး ဘာသာပြန်သည်။

















