နိုင်ငံတော်၏ ရသုံးမှန်းခြေဆိုင်ရာငွေစာရင်းဘတ်ဂျက်ရေးဆွဲမှုပုံစံမှာ ပွင့်လင်းမြင်သာမှု
အားနည်းသောကြောင့် ပြည်သူဘက်ကပါ၀င် အကြံဉာဏ်ပေးနိုင်မှု အခွင့်အလမ်းလည်း
အားနည်းနေကြောင်း ကျွမ်းကျင်သူများကပြောသည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး မတ်လ ၃၁ ရက်နေ့တွင်ထွက်ရှိလာခဲ့သော ရသုံး
မှန်းခြေဆိုင်ရာ ဥပဒေတစ်ခုတည်းသာလျှင် ဘတ်ဂျက်ကို လေ့လာနိုင်သည့် တစ်ခုတည်းသော
ရင်းမြစ်တစ်ခုဖြစ်ကြောင်း ရသုံး မှန်းခြေစာရင်းဌာနတွင် ဒုတိယညွှန်ကြား ရေးမှူးချုပ်အဖြစ် ၃၉
နှစ်ကြာတာဝန်ထမ်းဆောင်ဖူးသော ဦးစိုးသိန်းကပြောသည်။
ဘတ်ဂျက်ရေးဆွဲရာတွင် ပွင့်လင်းမြင်သာမှု ရှိမှသာ ပြည်သူဘက်က ပြောဆိုနိုင်သည့်အခွင့်
အရေးရှိလာပြီး ယင်းကိုဆောင်ရွက်နေသူများ ဘက်က ပိုမိုဂရုစိုက်လုပ်ကိုင်နိုင်သည့် တာဝန်ခံ
ဆောင်ရွက်နိုင်မှု မြင့်တက်လာနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ထိုသို့ဘတ်ဂျက် ရေးဆွဲ
မှုများအတွက် အကျိုးရှိသည့်လုပ်ငန်း များတွင် အရင်းအမြစ် မျှတစွာ ခွဲဝေနိုင်ရန် ပြည်သူတွင်
အခွင့်အရေးရှိကြောင်း ၎င်းက ပြောသည်။
၎င်းသည် ဘတ်ဂျက်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင်နှင့်လွှတ်တော်တွင်
ပြည်သူ့ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ကော်မရှင်အဖွဲ့ဝင်အဖြစ် လုပ်ကိုင်လျက်ရှိသည်။
"ပြည်သူတွေ ပါ၀င်ဆောင်ရွက်ရတဲ့ကဏ္ဍက ကျွန်တော်တို့ဆီမှာ ပျောက်နေပါတယ်။ ဘတ်ဂျက်
ဒေတာတွေက တစ်နှစ်မှတစ်ခါ မြင် လိုက်တယ်။ အဲဒီဒေတာတွေက ရှုပ်ရှုပ်ထွေးထွေး သေးသေး
မွှားမွှားနဲ့ သတင်းစာထဲမှာ တစ်ရက် နှစ်ရက်လောက်ပါပြီး ပျောက်သွားတယ်။ ဒီဥစ္စာ ကိုနားလည်
အောင်ကြည့်နိုင်တဲ့လူကလည်း တော်တော်ရှားတယ်။ အဲဒါကြောင့်မို့လို့ အချိန် ကြာလာတဲ့အခါမှာ
ဘတ်ဂျက်နဲ့ ပြည်သူက တခြားစီဖြစ်သွားပါတယ်"ဟု ၎င်းကပြောသည်။
သို့သော်ရသုံးမှန်းခြေစာရင်းသည် တိုင်းပြည် တစ်ခုလုံး၏စီးပွားရေးနှင့် ပြည်သူများ၏ အခွန်၊
ပင်စင်နှင့် လစာစသော နိစ္စဓူဝဘဝများကို အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ပြော
သည်။
လွှတ်တော်၏လက်ရှိဘက်ဂျက် ရေးဆွဲမှုပုံစံမှာ ဘဏ္ဍာနှစ်တိုင်း၏ ရသုံးမှန်းခြေ စာရင်းများကို
မှန်းခြေဟုသာပြထားပြီး ယာယီ အမှန်စာရင်းနှင့် အကောင်အထည်ဖော်မှုကိုမူ ပြည်သူလူထုသို့
ထုတ်ပြန်ထားခြင်းမရှိပေ။ ထို့ကြောင့် လူထုဘက်ကလည်း ယင်းအပေါ်လေ့လာသုံးသပ်ရန်
အခွင့်အရေးမရခဲ့ ကြောင်း ၎င်းကပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိရသုံးမှန်းခြေ ဆိုင်ရာစာရင်းရေးဆွဲမှု အဆင့်တိုင်းတွင် တစ်ဆင့်နှင့်
တစ်ဆင့် ချိတ်ဆက်မှုအားနည်းပြီး သုံးစွဲမှုများကို မှန်ကန်သည့်နေရာ ချထားခြင်း မရှိခဲ့သည့်အတွက် ကြွေးမြီထူထပ်ကာ ငွေကြေး ဖောင်းပွမှုလည်း မြင့်တက်ခဲ့သည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ကျပ် ၂ ဒသမ ရ ထရီလျံ လိုငွေပေါ်မည်ဟု ခန့်မှန်းရေးဆွဲထားပြီး
ယင်းမှာဂျီဒီပီ၏ ၄ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်သည်။ အဆိုပါ အခြေအနေအပြင် ၂၀၁၃ ၁၄ ဘဏ္ဍာ
နှစ်ကလည်း ကျပ်၂ ဒသမ ၉ ထရီလျံကျော်လိုငွေပြခဲ့သည်ဖြစ်ရာ လာမည့်သုံးလေးနှစ်အတွင်း၌
လည်း တစ်နှစ်လျှင် ကျပ် သုံးဘီလျံအတွင်း လိုငွေပြနေဦးမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
"ဒီ ဘတ်ဂျက်လိုငွေဟာ မြင့်မားသလားလို့ နိုင်ငံတကာ အဆင့်အတန်းနဲ့ကြည့်ရင် မြင့် တယ်လို့
ပြောလို့မရပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံ ရဲ့ အဓိကပြဿနာက တစ်နှစ်ဘတ်ဂျက်ကိုသာရေးဆွဲပြီး
ကျွန်တော်တို့က သုံးနျစ်ကနေ ငါးနှစ်အထိ ရှေ့ ာငိအနမာ စီမံကိန်းတစ်ခုရေးဆွဲထားဖို့လိုတယ်။
သုံးနှစ်ကနေ ငါးနှစ် မှာ ဘတ်ဂျက်အခြေအနေဘယ်လိုဖြစ်လာမလဲ ဆိုတာ ဘယ်သူမှမသိဘူး။
ဒါပေမဲ့ လွန်ခဲ့တဲ့ နျစ်နျစ် သုံးနျစ်က အခြေအနေကိုကြည့်ရင် လက်ရှိဖြစ်ပေါ်နေတဲ့ ဘတ်ဂျက်လို
ငွေဟာ နောက်သုံးနျစ်ကနေ ငါးနှစ်လောက်အထိ လည်း ဆက်လက်ပြီးပေါ်ပေါက်နေဦးမယ်လို့
ကျွန်တော်တို့ခန့်မှန်းနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံထူထောင်စဖြစ်တဲ့အတွက် အသုံး
စရိတ်တွေသုံးစွဲနေရတယ်။ သုံးစရာတွေ အများ ကြီး ရှိနေဦးမှာပဲ။ မနက်ဖြန်မှာ ဘတ်ဂျက်လိုငွေ
လျော့ကျသွားနိုင်မလားဆိုတာကို သိပ် မျှော်လင့်စရာမရှိပါဘူး"ဟု ၎င်းကပြောသည်။
စီးပွားရေးပညာရှင်အယူအဆအရ ဘတ်ဂျက် လိုငွေသည် ဂျီဒီပီအချိုး၏ ငါးရာခိုင်နှုန်းထက်မပို
လျှင် စိုးရိမ်ရသောအခြေအနေမရှိကြောင်းခန့်မှန်းရသော်လည်း မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရ
သော ကြွေးမြီဝန်ထုပ်ဝန်ပိုးကိုမူ ထည့်သွင်းစဉ်းစားသင့်ကြောင်း ၎င်းကပြောသည်။
ဏမေောင နညနမါပ ွမသကစ သ် ဃသာစညေငနျ ၏ အကြီးတန်းအကြံပေး ဦးတင်ချိုက
လက်ရှိလုပ်ကိုင်နေသော ဘတ်ဂျက်ဌာနသည် ၎င်းတို့စိတ်ကူးစိတ်သန်းနျင့် မူဝါဒများ ပြန်စဉ်းစား
သင့်ကြောင်းပြောသည်။
"ကျွန်တော်တို့ ဘတ်ဂျက်ဌာနမှာ လုပ်တုန်း က သက်ဆိုင်ရာအစိုးရဌာနဖြစ်စေ၊ နိုင်ငံပိုင် စီးပွားရေး
အဖွဲ့အစည်းကို တာဝန်ယူပြီး ဘတ်ဂျက်တာဝန်ယူ ခန့်ခွဲရတဲ့ ပုဂ္ဂိုလ်တွေဟာ ဘတ်ဂျက်ငွေတောင်း
တဲ့အခါ အင်မတန်စိစိ စစ်စစ်တောင်းပါတယ်။ မလိုရင်မတောင်းပါဘူး။ အဲဒီတုန်းက ပုဂ္ဂိုလ်
အတော်များများဟာ အစိုးရပိုက်ဆံကို ကိုယ့်ပိုက်ဆံလိုပဲသဘောထားပြီး ခြိုးခြံချွေတာသုံးစွဲတယ်။
အဲဒီစိတ်ကူး က အရမ်းအရေးကြီးပါတယ်။ ဘတ်ဂျက် ထိန်းချုပ်မှုကို ကနေ့အခါမှာ ခွဲပေးထားတဲ့
ရန်ပုံငွေက ပိုလျှံရင်လည်း ပြန်အပ်စရာမလို ဘူး။ အဲဒီဘတ်ဂျက်မကုန်ခင်မှာ ခွဲပေးထားတဲ့ ရန်ပုံ
ငွေက အကုန်ပြန်ရပါတယ်။ တချို့ဌာန တွေဆိုရင် သာမန်ဘတ်ဂျက်ငွေစာရင်းကနေ ကက်ပီ
တယ်ဘတ်ဂျက်ပစ္စည်းတွေ ၀ယ်ထား တယ်။ နောက်ကျမှ စာရင်းစစ်နဲ့တွေ့၊ ဘဏ္ဍာ ရေး ထေရနဲ့
ဒီလိုပဲဖုံးဖုံးဖိဖိလုပ်သွားရတာတွေ အများကြီးပါပဲ။ စိတ်ကူးပြောင်းလာတာပါ။ ငါ့ကိုပေးလိုက်တဲ့ငွေ
က ငါအပိုင်ပဲဆိုပြီးသုံးချင် သလို သုံးလာကြတယ်"ဟု ၎င်းကပြောသည်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းနျင့် ၀န်ကြီးဌာန ၃၁ ခုမှာဖောင်းပွနေပြီး ယင်းတို့အတွက် နှစ်စဉ် အသုံး
စရိတ်ကျခံနေရသည့်အပြင် အခွန်အကောက်ရရှိမှုလည်း အားနည်းနေသည့်အတွက် ယင်းတို့ကို
လည်း ချုံ့ပစ်သင့်ကြောင်း ပညာရှင်များက ပြောသည်။ စီးပွားရေးပညာရှင် ဦးလှမောင်ကမူ
ဘတ်ဂျက်ရေးဆွဲခွဲဝေမှုအချိုးသည် ရေးဆွဲခွင့် ရသူလူတစ်စု စေတနာအပေါ် မူတည်နေ ကြောင်း
ပြောသည်။
"ဘတ်ဂျက်မှာ ကာကွယ်ရေးအသုံးစရိတ်အတွက် အများကြီးပိုရေးဆွဲထားတယ်။ ဒါလိုအပ်လို့လား။
မြန်မာနိုင်ငံက အမြဲတမ်းစစ်ဖြစ် နေတဲ့ အစ္စရေးလိုနိုင်ငံမျိုးလည်းမဟုတ်ဘူး။ နေပြည်တော်မှာ
ဘယ်နှစ်လမ်းသွား လမ်းမ ကြီးတွေဖောက်လိုက်မယ်၊ ဆည်ကြီးတွေ ဆောက်မယ်၊ တံတားကြီး
တွေ ဆောက်မယ် စတာ ထက်စာရင် ပြည်သူအတွက် တကယ်လိုအပ်တဲ့ နေရာမျိုးမှာသုံးစွဲမယ့်
မူမျိုး ပြောင်းရမှာ"ဟု ၎င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက လက်ရှိ
ရေးဆွဲထားသော ဘတ်ဂျက်စီမံကိန်းအပြင် အခွန်ဥပဒေစသည်တို့မှာ ပြည်ထောင်စုလွှတ်တော်
တွင် အနိုင်ရသည့် ကြံ့ခိုင်ရေးပါတီကသာ ချမှတ်ထားခြင်းသာဖြစ်ကြောင်းနှင့် ကျန်လွှတ်တော်ကိုယ်စားလှယ်များမှာ ထောက်ပြဝေဖန်နိုင်သည့်အခြေအနေသာရှိကြောင်း
ပြောသည်။
ထို့ကြောင့် လက်ရှိရေးဆွဲထားသော ဘတ်ဂျက်စနစ်စသည်တို့နှင့်ပတ်သက်ပြီး မူဝါဒပြုပြင်သည့်
စီမံကိန်းများ ချမှတ်နိုင်ရန်နျင့် လူထုကိုအသိပေးဆွေးနွေးရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။
"ကျွန်တော်သိတာက ပြည်ထောင်စုအစိုးရ မှာတာဝန်ရှိတယ်။ တိုင်းပြည်ကို ဘယ်လိုစီမံကိန်း
တွေချမှတ်ပြီး ဘယ်လိုမူဝါဒတွေနဲ့ သွားမယ်၊ တြ်ဂျက် သံသရာလည်တဲ့စနစ်ဟာ ပြည်ထောင်စု
အစိုးရဘက်က ပြုပြင်ဖို့လိုတယ်လို့ မြင်ပါတယ်။ "ပြည်သူလူထုက ဒီမိုကရေစီခေတ်ကို သွားမယ်
ဆိုရင် ဒီမူဝါဒတွေကိုကြည့်ရပါမယ်။ နိုင်ငံ တကာအဆင့်အတန်းက ဒီအတိုင်းရှိပါတယ်။
ဒါကြောင့်မို့ ကျွန်တော်က ဒီအခြေအနေကို ပြောနိုင်တာပါ။ အခုကျွန်တော်တို့ ရင်ဆိုင် နေရတဲ့
စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာ အာဏာရပါတီရဲ့ မူဝါဒည့ံဖျင်းမှုကြောင့် ဖြစ်နေ တဲ့ အခြေအနေ
ပါ။ ဒါကိုပြုပြင်နိုင်ဖို့အတွက် ကျွန်တော်တို့ဘကိုးပမ်းနေပါတယ်"ဟု ၎င်းက ပြောသည်။
















