ကားဈေးကွက် ပုံမှန်မဖြစ်ဘဲ စလစ်ဈေးများ ဆက်တက်နေ

ကားဈေးကွက် ပုံမှန်မဖြစ်ဘဲ စလစ်ဈေးများ ဆက်တက်နေ

သင်္ကြန်ပိတ်ရက်အလွန် ပြည်တွင်းကား ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန် မလည်ပတ်နိုင်
သေးသော်လည်း စလစ်ဈေးနှုန်းများ ကျဆင်းနိုင်ဖွယ်မရှိကြောင်း ကားအရောင်းအဝယ်လုပ်ကိုင်
သူများက ပြောသည်။

"ဈေးကွက်ထဲမှာ သင်္ကြန်မကျခင်တုန်းကတည်းက စလစ်ဈေးတွေ မကျတာအခုထက်ထိဆိုပါတော့။
ရုံးပိတ်ရက်ရှည်တဲ့ အတွက်ကြောင့် အလုပ်ကိုင်တွေ အထိုင်မကျ သေးပေမယ့် နှစ်ဆန်းနှစ်ရက်
လောက်ကစပြီး တော့ ဈေးကွက်ထဲမှာ အရောင်းအဝယ်လုပ်ဖို့ ပြန်ရောက်လာကြတယ်။ မေးတဲ့
လူတွေလည်း ရှိတယ်။ သင်္ကြန်မတိုင်ခင် ရန်ကုန်ကိုဆင်းလာ တဲ့ နယ်ဝယ်လက်တွေကများတယ်"
ဟု ကား အရောင်းအဝယ်လုပ်ကိုင်သူ ကိုထွန်းဝင်းနိုင်က ပြောသည်။

တောင်ကြီး၊ မန္တလေးနှင့် ပြင်ဦးလွင်ရှိ လုပ်ငန်းရှင်အချို့ သင်္ကြန်မတိုင်ခင် ရန်ကုန်သို့ အဆင်းများ
ခဲ့ပြီး လုပ်ငန်းခွင်အသုံးပြုသည့် ကားများနှင့် ဇိမ်ခံအိမ်စီးကားများကို ၀ယ်ယူ ရန်စောင့်ဆိုင်းကာ
ရန်ကုန်သင်္ကြန်ပွဲတော် ကို ဆင်နွှဲမှုများရှိခဲ့ကြောင်း သင်္ကြန်မတိုင်ခင် ဈေးနှုန်းမြင့်တက်ခဲ့သည့်
အမြင့်ကားဈေးနှုန်း များ သင်္ကြန်အပြီး ကျဈေးမှန်းကာ ၀ယ်ယူရန် စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်
ကြောင်း ကားဝယ် ရောင်းလုပ်ကိုင်သူများက သုံးသပ်သည်။

"နယ်ဝယ်လက်တွေ သင်္ကြန်ပြီးနောက်ပိုင်းရက်တွေ ဈေးကွက်ထဲကိုဆင်းတယ်။ လိုချင်တဲ့ကား
တွေကို၀ယ်ယူဖို့ ဈေးမေးညှိနှိုင်းတဲ့ အနေထားလောက်ပါပဲ။ အရောင်းအဝယ်ကတော့ ဈေးကွက်
ထဲမှာရှိတဲ့ ဈေးကတင်းခံနေတာကြောင့် သူတို့ထင်ထားတဲ့ သင်္ကြန်အပြီး ဈေးကွက်က ပြန်ပြီးကျ
ဖို့ဆိုတာက မလွယ်ဘူး ဖြစ်နေတယ်။ သင်္ကြန်မတိုင်ခင် ကညန အခွန် လျော့တာရယ်။ ဈေးကွက်
ထဲမှာ လတော်တော် ကြာ အအပ်မခံခဲ့တဲ့ '၁က' အက္ခရာကားကို အအပ်ခံဖို့ကြေညာခဲ့လို့ ရုံးပိတ်
ရက်တွေ မတိုင်ခင် ဈေးကွက်ထဲမှာတော်တော်လေး ၀ရုန်းသုန်းကားဖြစ်သွားသေးတယ်" ဟု
ကား ၀ယ်ရောင်း ကိုဦးကပြောသည်။

ဈေးကွက်အတွင်း သင်္ကြန်မတိုင်ခင် အရောင်း အဝယ်ဖြစ်ခဲ့သည့် '၁က' အက္ခရာဈေးနှုန်းများ မှာ
လည်း ကျဆင်းမှုမရှိဘဲ ဆက်လက်ငြိမ်သက်နေပြီး လာမည့် ဆယ်လပိုင်းတွင် အအပ်ခံမည့်
'၂က' အက္ခရာများလည်းရှိနေခြင်းကြောင့် စလစ်ဈေးနှုန်းများကျဆင်းနိုင်ဖွယ်မရှိကြောင်း လုပ်ငန်း
ရှင်များကခန့်မှန်းသည်။ "အက္ခရာတစ်ခုနဲ့တစ်ခုကြားကို အရင်လို သုံးလလောက်မဟုတ်ပဲ ငါးလ
လောက်ခြား သွားတော့ စလစ်ဈေးနှုန်းပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီကြားထဲမှာ အပ်နှံဖို့လုပ်
တဲ့ ပိုင်ရှင်တွေရှိတဲ့အတွက် ဈေးကွက်ထဲမှာ အပ်ကားရှားပါးသွားနိုင်ပြီး စလစ်ဈေးလည်း ကောင်း
နေဦးမှာပါ"ဟု ကားဝယ်ရောင်း ဦးမင်းညွန့်က ပြောသည်။

ဧပြီလ ၄ ရက်နေ့တွင် သက်ဆိုင်ရာမှ ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု စီမံချက်ဖြင့် အနှစ် ၂၀
ကျော် သက်တမ်းရှိသည့် ယာဉ်များမှ '၁က'အက္ခရာများကို အပ်နှံခွင့်ပြုခဲ့ချိန် တွင် ဈေးကွက်
အတွင်း လအတန်ကြာ စောင့်ဆိုင်းနေရသည့် အဆိုပါကားများအပ်နှံမှု များခဲ့ချိန်တွင် စလစ်
ဈေးနှုန်းများမှာလည်း ဈေးကွက်အတွင်း ပေါက်ဈေးဖြစ်သည့် ကျပ်သိန်း ၁၂၀ ၀န်းကျင်တွင်
ဈေးတန့်နေကြောင်း ကားအရောင်းအဝယ် လုပ်ကိုင်နေသူများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး