သီလဝါ အထူးစီးပွားရေးဇုန် ရှယ်ယာ ၀ယ်ရန် အဆိုပြုသူ ၉၀ ရာနှုန်းကျော် အပြည့်အဝ ၀ယ်ယူခွင့်ရမည

သီလဝါ အထူးစီးပွားရေးဇုန် ရှယ်ယာ ၀ယ်ရန် အဆိုပြုသူ ၉၀ ရာနှုန်းကျော် အပြည့်အဝ ၀ယ်ယူခွင့်ရမည

သီလဝါအထူးစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖေါ်နေသော
MTSH (မြန်မာသီလဝါအထူးစီးပွားရေးဇုန်အများပိုင်ဟိုးဒင်ကုမ္ပဏီလီမိ တက်)၏ရှယ်ယာများ
အား ၀ယ်ယူရန် အဆိုပြုလွှာတင်ထားသူများအနက် ၉၀ရာခိုင်နှုန်းကျော်သည် ဆန္ဒပြုသည့်
ရှယ်ယာအရေအတွက် အတိုင်း ၀ယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း အဆိုပါအများပိုင်ကုမ္ပဏီ
တာဝန်ရှိသူများက ထုတ်ပြန် ပြောကြားသည်။

အကျယ်အဝန်းဧကငါးထောင်ကျော်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းနယ်မြေအတွင်း၌
Class A ဟုသတ်မှတ်ထားသောမြေဧက ၉၇၀ကျော်ပေါ်တွင် စီမံကိန်း၏ ကနဦးအဆင့်ကို
အကောင် အထည်ဖေါ်လျှက်ရှိသော MTSH ကုမ္ပဏီသည် ငွေကျပ်၂၁ဒသမ၄၅၀တန်ဖိုးရှိ
တစ်စုလျှင် တစ်သောင်းကျပ် ဖြစ်သော ရှယ်ယာအရေအ တွက်၂ဒသမ၁၄၅သန်းအား မတ်လ
၃ရက်မှ စတင်ကာ ဧပြီလ၉ရက်အထိ ရောင်းချရန်အဆိုပြုလွှာခေါ်ယူခဲ့ရာတွင် ရှယ်ယာဝယ်ယူ
ရေး လျှောက်လွှာ တင်သူလူဦးရေ၁၇၀၀၀ကျော်အထိရှိကာ ၀ယ်ယူရန်အဆိုပြုထားသည့်
ရှယ်ယာတန်ဖိုးမှာ ငွေကျပ် ဘီလီယံ၄၀ကျော်ဖိုးအထိရှိသည်ဟု ၎င်းတို့ကပြောသည်။

အဆိုပါရှယ်ယာများကိုရောင်းချရာတွင် ရှယ်ယာအရေအတွက် အနည်းငယ်ကို သာဝယ်ယူရန်
အဆိုပြုသူများကိုဦးစားပေးအဖြစ် နိုင်ငံတကာတွင် ကျင့်သုံးလျှက်ရှိသော Pro-rata ခေါ်အချိုး
ကျစနစ်ဖြင့်ဆောင်ရွက်မည်ဟု သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဖြစ်သူ
အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်က
ကြိုတင်ကြေငြာခဲ့သည်။

လက်တွေ့ဆောင်ရွက်ရာတွင်လည်း ရှယ်ယာဝယ်ယူရန် အဆိုပြုသူဦးရေ ၁၇၀၀၀ကျော်
အနက်မှ၉၀ရာခိုင်နှုန်း ကျော်ဖြစ်သော ရှယ်ယာတစ်စုမှ အစုပေါင်း၅၀၀အထိ(ကျပ်တစ်သောင်းမှ
ကျပ်သိန်း၅၀ဖိုးအထိ) ၀ယ်ယူရန်အဆိုပြုထားသူများကို ၎င်းတို့ဆန္ဒပြုသည့်အရေအ တွက်
အတိုင်း အပြည့်အဝရောင်းချပေးမည်ဖြစ်ကာ ကျန်ဦးရေ ကိုးရာခိုင်နှုန်းကျော်အား အချိုးကျ
စနစ်ဖြင့်ရောင်းချပေးမည်ဖြစ်ကာ ၎င်းတို့အနေဖြင့် လည်း ရှယ်ယာအ ရေအတွက်အနည်းဆုံး
၅၀၀အထိ ၀ယ်ယူခွင့်ရရှိနိုင်မည်ဖြစ်သည်ဟု မတ်လ၂၅ရက်တွင်ပြုလုပ်သည့် MTSH ၏သတင်း
စာရှင်းလင်းပွဲ တွင် ဦးဆက်အောင်က ဆက်လက်ပြောကြားခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများအား Developer (အကောင်အထည်
ဖေါ်ဆောင် သူ)ဖြစ်ဆောင်ရွက်နေသည့် မြန်မာ- ဂျပန်ပူးပေါင်းတည် ထောင်ထားသော
Myanmar-Japan Thilawa Development ၏ရှယ်ယာများကို မြန်မာဘက်မှ ၅၁ရာခိုင်နှုန်းနှင့်
ဂျပန်ဘက်မှ ၄၉ရာခိုင်နှုန်းပိုင်းဆိုင်ရာတွင် နျစ်ဖက် အစိုးရများ အနေဖြင့် နျစ်ဖက်ရှယ်ယာများ၏
၁၀ရာခိုင်နှုန်းစီကို ထည့်ဝင်မည်ဖြစ်ကာ ၄၁ရာခိုင်နှုန်းနျင့် ၃၉ရာခိုင်နှုန်းတို့ကို နှစ်ဖက်ပုဂ္ဂလိက
လုပ်ငန်းရှင်းများက ထည့်ဝင် လုပ်ကိုင်ကြမည်ဖြစ်ကာ မြန်မာပြည်သူများသို့ ရောင်းချခဲ့သည့်
အစုရှယ်ယာများသည် MTSH (မြန်မာသီလဝါအထူးစီးပွားရေးဇုန်အများပိုင်ဟိုးဒင်ကုမ္ပဏီ
လီမိတက်)က ထည့်ဝင်လုပ်ကိုင် မည်ဖြစ်သော ၄၁ရာခိုင်နှုန်းရှယ်ယာများအနက်မှ
ထုတ်ရောင်းခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး