တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ဧပြီ လ ၂၁ ရက် မှ ၂၉ နေ့အထိ ကျင်းပခဲ့သည့် ပေကျင်း နိုင်ငံ
တကာ ကားပြပွဲတွင် ပြသခဲ့သော တရုတ် ကားထုတ်လုပ်ငန်း BAIC ဗကအသ ၏ ကားအသစ်
နှစ်မျိုးဖြစ်သော D 50နှင့် BJ 40ကို မြန်မာနိုင်ငံ သို့ မကြာမီကာလအတွင်း တင်သွင်းသွားဖွယ်
ရှိကြောင်း International Development Co.Ltd မှ ဥက္ကဋ္ဌ ဒေါက်တာ Haiyang Dong က
မြန်မာတိုင်း(မ်)သို့ပြောသည်။
နိုင်ငံတကာကားပြပွဲများသည် ကားကုမ္ပဏီ များအတွက် ၎င်းတို့ကုမ္ပဏီမှ ထုတ်လုပ်သော
ကားများကို နိုင်ငံတကာရှိ ကားချစ်သူများ ရှေ့မှောက်သို့ချပြရာတွင် ဆက်သွယ်ပေးသော
တံတားတစ်ခုအဖြစ် ကုမ္ပဏီများကရှုမြင်ကြသည်။ ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ကျင်းပသော
၁၃ ကြိမ်မြောက် ပေဂျင်း နိုင်ငံတကာ ကားပြပွဲ တွင် BAIC ကုမ္ပဏီ အစုအဖွဲ့သည် ၎င်းတို့၏
ထုတ်ကုန်အသစ်များကို ကားချစ်သူများ ရှေ့မှောက်သို့ ချပြနိုင်ခဲ့သည်။
"ကျွန်တော်တို့ရဲ့ BAIC INTEL ကုမ္ပဏီက နိုင်ငံတကာနဲ့အညီ ရင်ပေါင်တန်းနိုင်ပြီး နိုင်ငံ တကာ
အသိအမှတ်အပြု ကုမ္ပဏီဖြစ်အောင် ကြိုးစားနေပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန် တွေကို
တခြား တရုတ်နိုင်ငံထုတ်ကားတွေလို ပဲ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် ဒီလို နိုင်ငံတကာ
ကားပြပွဲတွေက တကယ့်ကို ပြီးပြည့်စုံတဲ့ လမ်းကြောင်းသစ်တစ်ရပ်လို့ ယူဆပါတယ်" ဟု
ဒေါက်တာ Haiyang Dong ကပြောသည်။
BAIC ကုမ္ပဏီက ပြသသော ၎င်း၏မော်ဒယ်အသစ်ဖြစ်သောD 50နှင့် BJ 40 တွင် D 50သည်
SENOVA Series မှ D 70 ၏ နည်းပညာအတိုင်း ပိုမိုသပ်ရပ်ပြီးသက်သောင့်သက်သာဖြစ်စေ
သောစနစ်ကို အသုံးပြုထုတ်လုပ်ထားခြင်းဖြစ်သည်။ ဈေးနှုန်းမှာ အင်ဂျင်အမျိုး အစားပေါ်မူတည်၍
တရုတ်ယွမ် ၈၀,၀၀၀ မှ ၁၂၀,၀၀၀ အထိသတ်မှတ်ထားသည်။
BJ 40 မှာ မူ လမ်းကြမ်းများတွင် အသုံးပြုနိုင်သော အကြမ်း ခံနိုင်သည့် ပုံစံဖြစ်သည်။D 50နှင့်
BJ 40 ကို မြန်မာနိုင်ငံသို့လည်း မကြာခင်တင်ပို့သွားမည် ဖြစ်ပြီး ဈေးနှုန်းမှာမူ နိုင်ငံတော်သို့
ပေးဆောင် ရသောအခွန်နှင့် သင်္ဘောတင်ခများကြောင့် တရုတ်နိုင်ငံရှိ ဈေးနှုန်းနှင့် ကွာခြားနိုင်
ကြောင်း ဒေါက်တာ Haiyang Dong ကပြောသည်။
၂၀၁၃ နှစ်ကုန်ပိုင်းတွင် စတင်၍ မြန်မာနိုင်ငံ သို့ BAIC အမှတ်တံဆိပ် ကားများ ဖြန့်ချိခွင့်ကို
တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် အောင်ကမ္ဘာ ကုမ္ပဏီက ရရှိခဲ့ပြီး မြန်မာနိုင်ငံသို့ စတင်
တင်သွင်းခဲ့သည်။
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က BAIC အမှတ်တံဆိပ်ကို ရန်ကုန်မြို့ တွင် တရားဝင်
မိတ်ဆက်ခဲ့သည်။ "အောင်ကမ္ဘာကို တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် ပေးအပ်ခဲ့ရာမှာ အဓိက
အကြောင်းရင်းတစ်ချက်ကတော့ အောင်ကမ္ဘာရဲ့ ဈေးကွက်နဲ့ ပတ်သက်တဲ့ အတွေးအမြင်ကို
သဘောကျလို့ပါ။ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံထုတ်ကားတွေ ထိုး ဖောက်ဖို့ဆိုတာ သိပ်တော့
မလွယ်ပါဘူး။ ကုန် ပစ္စည်းတစ်ခု အောင်မြင်ဖို့ဆိုတာက ဈေးကွက် အတွေးအမြင်ကောင်းပြီး ေ
သချာစီမံခန့်ခွဲနိုင်မှ ဖြစ်မှာပါ။
ပြီးတော့ မြန်မာနိုင်ငံရဲ့ ပွင့်လင်းလာ တဲ့ ဈေးကွက်နဲ့အတူ အနာဂတ်မှာ ၀ယ်ယူ ပြီးနောက် ၀န်
ဆောင်မှုပေးခြင်းဟာလည်း ကိုယ့် အမှတ်တံဆိပ် အောင်မြင်ဖို့ အားသာချက်တစ်ခု ပါ။ ဒါကြောင့်
ကျွန်တော်တို့ အောင်ကမ္ဘာနဲ့ စာချုပ်ချုပ်ခဲ့တာပါ" ဟု ဒေါက်တာ Haiyang Dong ကပြောသည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်နှစ်ခန့်မှ စတင်၍ နိုင်ငံတော်အစိုးရက မော်တော်ယာဉ် များ
တရားဝင်တင်သွင်းခွင့်ပြုပြီးနောက်တွင် ပြည်သူများ အများဆုံး အသုံးပြုသည်မှာ ဂျပန်နိုင်ငံ
ထုတ်ကားများဖြစ်သည်။
ထို့ပြင် မြန်မာ နိုင်ငံရှိ လူအများစုမှာ တရုတ်နိုင်ငံထုတ်ပစ္စည်း ဆိုပါက အရည်အသွေး မပြည့်မီပဲ
တာရှည်မခံဟု ယူဆလေ့ရှိသည်။ "မြန်မာနိုင်ငံက လူအများစုက ဂျပန်နဲ့ ကိုရီးယားနိုင်ငံထုတ်
တစ်ပတ်ရစ်ကားတွေကို အဓိကသုံးတာတွေ့ရပါတယ်။ ကျွန်တော်တို့ ကားတွေကို ယုံကြည်လာ
ဖို့ဆိုတာကတော့ ကျွန်တော်တို့က အသစ်စက်စက်ကားတွေဖြစ်တဲ့ အတွက် ၀ယ်ယူပြီးနောက်ပိုင်း
၀န်ဆောင်မှုကို အဓိကထားပေးသွားမှာဖြစ်ပါတယ်။
အရောင်း၊ ၀န်ဆောင်မှုနဲ့ ကားအတွက်အပိုပစ္စည်းတွေကိုလည်း မြန်မာနိုင်ငံမှာပဲ ၀ယ်ယူနိုင်အောင်
စီစဉ်ထားပေးမှာဖြစ်ပြီးတော့ ကားတွေအတွက် အာမခံကို သုံးနှစ်၊ ဒါမှမဟုတ် ကီလိုမီတာ ၆၀,၀၀၀
ပေးသွားမှာပါ။ ပြီးတော့ BAIC အဖွဲ့ အနေနဲ့ နိုင်ငံတကာကို ထိုးဖောက်နေစဉ်မှာ မြန်မာနိုင်ငံက
လည်း ကျွန်တော်တို့အတွက် အရေးကြီးတဲ့ စီးပွားဘက်နိုင်ငံတစ်ခုပါ။ မြန်မာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုး
တက်နေတဲ့ ဈေးကွက်ကို လည်း ယုံကြည်မှုအပြည့်ရှိပါတယ်" ဟု ဒေါက်တာ Haiyang Dong
ကပြောသည်။
လက်ရှိတွင် BAIC ကုမ္ပဏီမှ ဗ ၁ နှင့် MZ 40 မော်ဒယ်များကို တင်သွင်းထားပြီး အေဝမ်းမှာ
Mitsubishi Colt ပုံစံကို အခြေခံထားကာ တရုတ်နိုင်ငံ ဈေးကွက်တွင် တစ်လအတွင်း အစီးရေ
၁၀,၀၀၀ ခန့်ရောင်းချပြီးဖြစ်သည်။ MA 40 မှာ လူဦးရေများများဆံ့သည့်အပြင် ကုန်ပစ္စည်းပါ
သယ်ဆောင်နိုင်သည့်ပုံစံဖြစ်ပြီး အင်ဂျင်ပါ၀ါနှင့် မြင်းကောင်ရေအား မြင့်မား သည့်အတွက်
ဈေးကွက်အတွင်းအခြားကားများနှင့် ယှဉ်နိုင်သည့် အဓိက အားသာချက် အဖြစ် တင်စားထား
သည်။
BAIC မှ ထပ်မံ၍ ှဗဗြ နည်းပညာကို အခြေခံထားသော ဗ၃ယ ဗ၅ စသည့် ယာဉ်များကိုလည်း
မြန်မာ နိုင်ငံဈေးကွက်သို့ ဆက်လက်တင်ပို့သွားရန် ရှိကြောင်း သိရသည်။ BAIC အဖွဲ့အနေဖြင့်
လက်ရှိ တရုတ်နိုင်ငံ တွင် BAIC Motor, Foton, BAW, Beijing Hyundai, Beijing Benz,
Beijing Automotive Technology Center and Beijing Haina- chuan Automotive
Partsျ စသည့် ကုမ္ပဏီများကို ပိုင်ဆိုင်ထားသည်။ နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန်အတွက်
နိုင်ငံပေါင်း ၈၀ နှင့် လည်း ညှိနှိုင်းမှုများပြုလုပ်လျက်ရှိသည်။

















