ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ထိုင်း မြန်မာ နျစ်နိုင်ငံ ကုန်သွယ်ရေးနယ်စပ်ဂိတ်ဖြစ်သည့် မြဝတီ
နယ်စပ်ဖြတ်ကျော်တံတားမှ ထိုင်းနိုင်ငံဘက်သို့ တင်သွင်းလာသော ကုန်ပစ္စည်းများကို ၂၀၁၅
ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့မှစ၍ သုညရာခိုင်နငန်း အခွန်ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း
ပြီးခဲ့သည့်လအတွင်းက ထိုင်းနိုင်ငံ၊ မဲဆိုင်မြို့ရှိ အကောက်ခွန်ရုံးတွင်ကျင်းပသော သတင်း
စာရှင်းလင်းပွဲတွင် အကောက်ခွန်ကြီးကြပ်ရေးနှင့် စစ်ဆေးရေးအကြီးအကဲ Kong-RIT Busala
က မြန်မာတိုင်း(မ်)ကိုပြောသည်။
ထိုသို့ ကင်းလွတ်ခွင့်ပြုရာတွင် ထိုင်းနိုင်ငံ တွင်းသို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများ အတွက်
နယ်စပ်ဂိတ်တွင် Certificate of Origin (CO) ပြသနိုင်ရ မည်ဖြစ်ပြီး မပြသနိုင်သည့် ကုန်စည်
များကို အခွန်စည်းကြပ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ Certificate of Origin (CO) သည်
တင်သွင်းလာ သော ကုန်ပစ္စည်းထုတ်လုပ်ရာဒေသ၊ ထိုပစ္စည်း ထုတ်လုပ်ရာတွင်အသုံးပြုသော
ကုန်ကြမ်း အမည်များကို အသေးစိတ် ဖော်ပြသည့် အထောက်အထားစာရွက် ဖြစ်သည်။
"ဒီနေရာကို စီးပွားရေးအချက်အချာကျတဲ့ မြိုကဖြစ်အောင် လုပ်ချင်ပါတယ်။ ဒါကြောင့် အခွန်ကင်း
လွတ်ခွင့်ကို ၂၀၁၅ ခုနှစ်မှာ စတင် ကျင့်သုံးတာပါ။ ထိုင်းနိုင်ငံကိုဝင်လာတဲ့ ကုန် ပစ္စည်းတွေကို
ဂိတ်တွေမှာအခွန်မကောက်ခံပေမယ့် ထိုင်းကဝယ်ယူသွားတဲ့ကုန်ပစ္စည်းတွေကိုတော့ မြန်မာ၊
ဗီယက်နမ်၊ ဠာအို၊ ကမ္ဘော ဒီးယားနိုင်ငံတွေက ကောက်ချင်ကောက်မှာပါ"လို့ ၎င်းကပြောသည်။
နယ်စပ်ဂိတ်တွင် မည်သည့် သွင်းကုန်၊ ထုတ် ကုန်မဆို တန်ဖိုးဘတ်ငွေ ၄၅၀ယဝဝ၀ ('ကန်'
ဒေါ်လာ ၂၀,၀၀၀) ထက် ပိုမို သွင်းခြင်း၊ ဌုတ် ခြင်း မပြုရန်ကန့်သတ် ထားသည်။ ၎င်းပြင်
လူတစ်ဦးလျှင် အရက် တစ်လီတာနျင့် ဆေးလိပ် ၂၅၀ ဂရမ် (အလိပ် ၂၀၀) စီ သယ်ဆောင်ခွင့်
ပြုထားပြီး ဖြစ်သည်။
နယ်စပ်ဂိတ်တွင် အဓိက တားမြစ်ပစ္စည်း များမှာ မူးယစ်ဆေးဝါးနှင့် ခိုးကူးစီဒီချပ်များ ဖြစ်ပြီး
အများဆုံးဖမ်းဆီးရမိသည်မှာလည်း ခိုးကူးခွေများဖြစ်ကြောင်းKong-RIT Busala ကပြောသည်။
၂၀၁၃ ခုနှစ်မတိုင်မီ ထိုင်းနိုင်ငံ တွင်းသို့ မူးယစ်ဆေးဝါး ခိုးသွင်းသူများကို မကြာခဏဖမ်းဆီးရမိ
သော်လည်း ၂၀၁၃ ခုနှစ်တွင် အကောက်အခွန်ဌာနက ဖမ်းဆီးမိသည်မှာ နျစ်မှုသာရှိခဲ့ကြောင်း
၎င်းကပြောသည်။
















