ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်တွင် ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချနေသည့် Puma စွမ်းအင်
ကုမ္ပဏီက မြန်မာနိုင်ငံတွင် စက်သုံးဆီဖြန့်ဖြူး ရောင်းချရေးလုပ်ငန်း ဆောင်ရွက်ရန် ပြင်ဆင်နေ
ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူများကပြောသည်။
Puma စွမ်းအင်ကုမ္ပဏီသည် သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းတွင် သီလဝါဆိပ်ကမ်းတည်
ဆောက်ရေးနှင့် ရေနံသိုလှောင်ကန် တည်ဆောက်ရေးလုပ်ငန်းများအတွက် ရွေး ချယ်ခံထားရပြီး၊
အဆိုပါတည်ဆောက်ရေး စီမံကိန်းများကို မြန်မာကုမ္ပဏီတစ်ခုနှင့် ပူးတွဲဆောင်ရွက်သွားမည်
ဖြစ်သည်။
"ဒီနှစ်ထဲမှာပဲ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဆီ လိုင်စင်လျှောက်ထားပြီးပါပြီ။ လာမယ့်လ
အနည်းငယ်အတွင်း ခွင့်ပြုချက်ရမယ်လို့လည်း မျှော်မှန်းထားပါတယ်။ ဒီစီမံကိန်း တွေက ၂၀၁၅
ခုနှစ် နှစ်လယ်ပိုင်းမှာ ပြီးစီးရမှာ ပါ" ဟု ဏကာေ စွမ်းအင်ကုမ္ပဏီ၏ စီမံခန့်ခွဲရေးအရာရှိချုပ်ဖြစ်သူ
မစ္စတာရောဘတ်ဂျုံးစ်က စင်ကာပူနိုင်ငံရှိ ကုမ္ပဏီရုံးချုပ်တွင် အာဆီယံနိုင်ငံများမှ မီဒီယာသမား
များနှင့် တွေ့ဆုံစဉ် ပြောသည်။
သီလဝါဆိပ်ကမ်း စီမံကိန်းတွင် အလယ် အလတ်အဆင့်ရှိ ရေနံတင်သင်္ဘောများ ဆိုက် ကပ်နိုင်
မည့် ဆိပ်ခံတည်ဆောက်ခြင်းနှင့် ရေနံ၊ ကတ္တရာ၊ လေယာဉ်ဆီနှင့် အခြားရေနံထွက် ပစ္စည်း
စုစုပေါင်း ကုဗမီတာ ၈၈,၀၀၀ အထိ သိုလှောင်နိုင်မည့် ရေနံလှောင်ကန်များ တည် ဆောက်ခြင်း
ကို Puma နှင့် ပြည်တွင်းမှ ဗျငေ ှကည ကုမ္ပဏီတို့က လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်သည်။
"စီမံကိန်းရဲ့ ၈၀ ရာခိုင်နှုန်းကို ကျွန်တော်တို့ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံတာဖြစ်ပြီး၊ ကျန်တဲ့ ၂၀
ရာခိုင်နှုန်းကို Asia Sun ကပါ၀င်ရင်းနှီးထားတာပါ။ ခွင့်ပြုချက် ရခဲ့မယ်ဆိုရင် မြန်မာနိုင်ငံ တွင်းမှာ
စက်သုံးဆီဖြန့်ဖြူးရောင်းချရေးဆိုင် ၁၅၀ လောက်တည်ဆောက်သွားဖို့လည်း ရှိပါ တယ်။ ဒါက
တော့ ကျွန်တော်တို့ရဲ့ နောက်တစ်ဆင့်ရင်းနှီးမြှုပ်နှံမှု ဖြစ်မှာပါ" ဟုလည်း မစ္စတာရောဘတ်ဂျုံးစ်
က ပြောသည်။
"မြန်မာနိုင်ငံမှာ စက်သုံးဆီနဲ့ပတ်သက်ပြီး ၀န်ဆောင်မှုပေးတဲ့ဆိုင်တွေ၊ အရောင်းဆိုင်တွေ
အများကြီးလိုအပ်နေပါသေးတယ်။ ဒါက အရမ်း ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းပါပဲ။ လုပ်ကိုင်ခွင့် ရမယ်ဆိုရင် ကျွန်တော်တို့ ပူးမားကုမ္ပဏီက ပြည်တွင်းစက်သုံးဆီ
ဖြန့်ဖြူးရေးဈေးကွက်မှာ ပထမဆုံး လုပ်ကိုင်ခွင့်ရတဲ့ နိုင်ငံတကာကုမ္ပဏီ ဖြစ်လာ မှာပါ" ဟု
၎င်းကပြောသည်။
စင်ကာပူနိုင်ငံတွင် ရုံးချုပ်ဖွင့်လှစ်ထားသည့် Puma စွမ်းအင်ကုမ္ပဏီနှင့် Llewellyn အတိုင် ပင်ခံ
ကုမ္ပဏီတို့ပူးပေါင်း၍ အာရှပစိဖိတ်ဒေသ ဆိုင်ရာ စီးပွားရေးအစီရင်ခံစာတစ်ခုကိုလည်း ဧပြီလ
၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စွမ်းအင်လိုအပ်ချက် များလာချိန်တွင် ကမ္ဘာနှင့်အဝှမ်း ရေနံထွက်ပစ္စည်းအမျိုးမျိုး နှင့် လောင်စာဆီ
အမျိုးမျိုးကို သိုလှောင်ဖြန့်ဖြူး ရေး လုပ်ကိုင်နေသည့် Puma ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်တွင်
စုစုပေါင်းအရောင်းပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉ ဘီလျံအထိ ရရှိခဲ့သည်။

















