ယခုလ နောက်ဆုံးပတ်အတွင်း ဉာဏပစ္စည်း ပိုင်ဆိုင်မှု ဥပဒေနောက်ဆုံးအဆင့် မူကြမ်းကို နိုင်ငံ
တော် ရှေ့နေချုပ်ရုံးသို့ ပေးပို့သွားမည် ဖြစ်ပြီး ယခုနှစ်အတွင်း အတည်ပြုပြဋ္ဌာန်း နိုင်ရန် ဆောင်
ရွက်သွားရန်ရှိကြောင်း အဆိုပါဥပဒေအား ကမ္ဘာ့ဉာဏပစ္စည်းပိုင်ဆိုင်မှုအဖွဲ့ အစည်းနှင့် ပူးပေါင်း
ရေးဆွဲလျက်ရှိသည့် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဉာဏပစ္စည်း ပိုင်ဆိုင်မှု ဥပဒေ
ဗဟိုဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနွယ်အေး ကပြောသည်။
"အရေးအသားတွေကို ပြန်စိစစ်ပြီး မကြာမီ ရှေ့နေချုပ်ရုံးကို ပေးပို့တော့မှာပါ။ ရှေ့နေ ချုပ်ရုံးက
ဥပဒေပိုင်းဆိုင်ရာစိစစ်ပြီးလို့ ပြန်ကျ လာရင် လာမယ့်လွှတ်တော်မှာ တင်ပြသွား နိုင်မယ်ထင်ပါ
တယ်" ဟု ဒေါ်နှင်းနွယ်အေးက ပြောသည်။
ဥပဒေတွင်ပါရှိသော တီထွင်မှု မူပိုင်ခွင့် ဥပဒေ၊ ကုန်အမှတ်တံဆိပ်ဥပဒေ၊ စက်မှုဒီဇိုင်း ဥပဒေ၊
စာပေမူပိုင်ခွင့်ဥပဒေစသည့် ဥပဒေ လေးမျိုးတွင် တစ်မျိုးစီအတွက် အခန်း ၂၀ ခန့် ပါ၀င်ပြီး
အတည်ပြုရန် ကြန့်ကြာနေသည့် ပြစ်မှုပြစ်ဒဏ်ပိုင်းဆိုင်ရာ အခန်းကိုလည်း အပြီးသတ်
အတည်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြော သည်။
ပြစ်မှုနှင့် ပြစ်ဒဏ်အခန်းတွင် ဥပဒေ တစ်ခုနှင့် တစ်ခု သတ်မှတ်ချက်မတူညီသော် လည်း နိုင်ငံတကာစံနှုန်းများနှင့်အညီ ထောင်ဒဏ်နှစ်သတ်မှတ်ချက်နှင့် ငွေဒဏ်သတ်မှတ်ချက်
နှစ်မျိုး ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားကြောင်း ၎င်းကပြောသည်။ ထို့ပြင် တီထွင်မှုမူပိုင်ခွင့်အတွက်
၁၀ နှစ်၊ ကုန်အမှတ်တံဆိပ်အတွက် ၁၀ နှစ်၊ စက်မှုဒီဇိုင်းအတွက် ၁၅ နှစ်နှင့် စာပေမူပိုင်ခွင့်
အတွက် စာရေးသူ၏တစ်သက်တာ လုံးနှင့် ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၅၀ ထိ အကာ
အကွယ်ပေးသွားမည်ဖြစ်ပြီး ကုန်အမှတ် တံဆိပ်အတွက် သက်တမ်းတိုးခွင့်ထည့်သွင်း
ပေးထားကြောင်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးဆွဲထားသော ဥပဒေတွင်ပြဋ္ဌာန်းထား
ကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံသည် မူပိုင်ခွင့်ဥပဒေတစ်ခုတည်းကိုသာ ၁၉၁၄ ခုနှစ်က ပြဋ္ဌာန်းထားနိုင် ခဲ့ပြီး အခြား
သောဥပဒေများကို ယနေ့တိုင် ပြဋ္ဌာန်းနိုင်ခြင်းမရှိခြင်းသလို ကုန်ပစ္စည်းတုပ ထုတ်လုပ်မှုနှင့် မူပိုင်
ခွင့်ချိုးဖောက်မှုများ ကြံုတွေ့နေရခြင်းကြောင့် အဆိုပါ ဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ပါက ယင်း
တို့ကိုတားဆီး နိုင်မည်ဖြစ်ကြောင်း မူပိုင်ခွင့်နှင့် ကုန်အမှတ် တံဆိပ်ဥပဒေသည် မြန်မာနိုင်ငံ
အတွက်အဓိက လိုအပ်လျက်ရှိသည့် ဥပဒေများဖြစ်ကြောင်း ဉာဏပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေ
အကြံပေး တရားရုံးချုပ်ရှေ့နေ ဦးအောင်စိုးဦးကပြောသည်။
"အခုက ကုန်အမှတ်တံဆိပ် မှတ်ပုံတင်တာ မရှိဘူးလားဆိုတော့ ရှိတယ်။ ကာကွယ်မပေး နိုင်ဘူး
လားဆိုတော့ ကာကွယ်ပေးလို့ရတယ်။ ဒါပေမဲ့ ကုန်အမှတ်တံဆိပ်အတွက်က ဥပဒေ မရှိ ဘူး။
အခုကုန်အမှတ်တံဆိပ်မှတ်ပုံတင်တယ်ဆိုတာ ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်တာ မဟုတ်ဘူး။
စာချုပ်ကို မှတ်ပုံတင်တာ။ အမှန် တကယ် ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်တာ မျိုး မရှိသေးဘူး။
ဥပဒေလည်း မရှိဘူး။ ဥပဒေ က ကြန့်ကြာနေတဲ့အတွက် ဒါတွေကို လုပ်ဆောင်လို့ မရဘူးဖြစ်နေ
တာ" ဟု ဦးအောင် စိုးဦးကပြောသည်။
၂၀၁၅ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ များကြား လိုက်နာကျင့်သုံးရမည့် အာဆီယံ စီးပွားရေး
အသိုက်အဝန်း ပေါ်ထွက်လာချိန်၌ လွတ်လပ်စွာကုန်သွယ်ခွင့်များ ဆောင်ရွက် နိုင်ချိန်တွင်
ယင်းဥပဒေသည် များစွာ အရေးပါလာမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် မတိုင်မီ အတည်ပြု ပြဋ္ဌာန်းနိုင်ပါက
မြန်မာနိုင်ငံ အတွင်းသို့ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှု များနှင့် ကုန်ပစ္စည်းများအတွက် အခြေ
ခိုင်မာမှု ဖြစ်ထွန်းစေမည်ဟု တရားရုံးချုပ် ရှေ့နေ ဦးသန်းမောင် (စစ်တွေ) က ပြောသည်။
"ကျွန်တော်တို့ကိုယ်တိုင်လည်း ဒါကို စောင့် ကြည့်နေတာပါ။ မြန်မာနိုင်ငံက အခုချိန်မှာ စီးပွားရေး
ဈေးကွက်သစ်ဖြစ်တာမို့ ရင်းနှီး မြှုပ်နှံမှုပြုလုပ်ဖို့ စိတ်ဝင်စားမိတာ အမှန်ပဲဖြစ် ပါတယ်။ ကျွန်တော်
တို့ ကုန်ပစ္စည်းထုတ်လုပ်မှု တွေအတွက် ပိုမိုခိုင်မာတဲ့ အာမခံချက်ကို မြင်ရတဲ့အခါ ရင်းနှီးမြှုပ်နှံမှု
ပြုလုပ်ဖို့တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး" ဟု ဩစတြေးလျနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် အခြေခံ
စက်မှု လုပ်ငန်း များဌာန လယ်ယာထွက်ကုန်နှင့်အစားအစာများအာရှသို့တင်ပို့ရေးဆိုင်ရာ
အမှုဆောင်အရာရှိ မစ္စတာရွန်ဟားရစ်က မြန်မာတိုင်း(မ်) ကို ပြောသည်။
မြန်မာနိုင်ငံ၌ ဉာဏပစ္စည်းပိုင်းဆိုင်မှုဥပဒေ ပေါ်ပေါက်ရေးအတွက် ၁၉၉၈ ခုနှစ်က စတင်၍
ကမ္ဘာ့ဉာဏ ပစ္စည်းပိုင်ဆိုင်မှုအဖွဲ့အစည်းနှင့် ပူးပေါင်းကာ ရေးဆွဲခဲ့ ခြင်းဖြစ်ပြီး ၂၀၀၄ ခုနှစ်၊
အောက်တိုဘာလ ၁၂ ရက်တွင် ပထမမူကြမ်း ကိုရေးဆွဲနိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်၊ မတ်လတွင်
(၇) ကြိမ်မြောက်မူကြမ်းကို ရေးဆွဲခဲ့ပြီးနောက် ဆက်လက်ရေးဆွဲနိုင်ခြင်းမရှိဘဲ ရပ်တန့်သွား
ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ၂၀၁၂ ခုနှစ်တွင် ဥပဒေရေးဆွဲနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်စတင် နိုင်ခဲ့ခြင်း
ဖြစ်သည်။ ဥပဒေအမြန်ဆုံးပေါ်ပေါက် ရေးအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် အတူ
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည် ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကလည်း
ပူးပေါင်းဆောင်ရွက် လျက်ရှိကာ ယခုနှစ်အတွင်း နောက်ဆုံးအဆင့် (၁၂) ကြိမ်မြောက် ဥပဒေ
မူကြမ်းကို ရေးဆွဲ နိုင်ခဲ့ခြင်းဖြစ်သည်။
















