၁၈၀၀ စီစီကားများ အရောင်းအဝယ် ကောင်းလာနိုင်

၁၈၀၀ စီစီကားများ အရောင်းအဝယ် ကောင်းလာနိုင်

ရန်ကုန် ကားဈေးကွက်အတွင်း ၁,၃၀၀ စီစီနှင့် ၁၈၀၀ စီစီကားများ အရောင်းအဝယ်အနည်းငယ်
ကောင်းလာသော်လည်း စလစ်ဈေး ၁၀ သိန်းခန့် တက်လာ ခြင်းကြောင့် ၀ယ်ယူသူ နည်း ကြောင်း
ကားအရောင်းအဝယ်လုပ်ကိုင်သူများ ကပြောသည်။

"သင်္ကြန်ပြီးတဲ့နောက်ပိုင်းကစလို့ ကား ဈေးကွက်က ပုံမှန်ပြန်ဖြစ်မလာသေးဘူး။ သင်္ကြန် မတိုင်ခင်
က ဒေါ်လာဈေးနှုန်းက သင်္ကြန်အပြီး ရုံးအဖွင့်မှာ ကျသွားပေမယ့် ကားစလစ်ဈေးနှုန်း ကတော့
ကျဖို့မပြောနဲ့ နည်းနည်းတောင် တက် လာတယ်။ အခုဆိုရင်ဈေးကွက်ထဲမှာ အရောင်းအဝယ်
ပုံမှန်ပြန်ဖြစ်လာတယ်။ အဝယ်လိုက်တာ ကတော့ သိန်း ၁၀၀ ကျော်တဲ့ ၁၃၀၀ စီစီကားတွေပါ"
ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုစိုးမိုးဦးက ပြောသည်။

ဈေးကွက်အတွင်း သင်္ကြန်မတိုင်မီ ပြည်ပ ငွေလဲလှယ်နှုန်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၉၆၀
၀န်းကျင်ခန့်ဈေးနှုန်းရှိခဲ့သော်လည်း သင်္ကြန်အပြီးတွင် ၉၅၇ ကျပ်သို့ ကျဆင်းခဲ့ သည်။ နိုင်ငံခြားငွေ
လဲလှယ်နှုန်းများ ကျဆင်း ခဲ့သော်လည်း 'အ'အက္ခရာနှင့် '၁က' အက္ခရာ စလစ်ဈေးနှုန်းများမှာ
ကျပ် သိန်း ၁၁၀ ၀န်းကျင် တွင် ဈေးကောင်းလျက်ရှိကြောင်း လုပ်ငန်းရှင် များက ပြောသည်။

"ဈေးကွက်ထဲမှာ ၀ယ်လက်တွေပြန်ဆင်းလာတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ဖြစ်နေပေမယ့်
စလစ်ဈေးနှုန်းကမကျလို့ အရောင်းပြခန်းတွေမှာ စလစ်ပေးပြီး ကားသစ်အလိုက်ပေးဝယ်ယူမယ့်
သူတွေအတွက် အခက်အခဲဖြစ် တာပေါ့။ အဲဒီလိုစလစ်ဈေးတွေမကျတာက သက်ဆိုင်ရာက
'၁က' အက္ခရာနဲ့ '၂က' အက္ခရာကားတွေကို ခြောက်လလောက်ခြားပြီးအအပ်ခံဖို့ကြေညာထား
တော့ စလစ်ရှားမှာကို အများ ကသိနေလို့ ဈေးကောင်းရမယ့်အချိန်ကို စောင့်ပြီး အရောင်းအဝယ်
လုပ်ဖို့ မျှောလိုက်နေတာ" ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုဦးက ပြောသည်။

၁,၈၀၀ စီစီအောက်ကားများ ကုန်သွယ်ခွန် ၂၀ ရာခိုင်နှုန်းလျှော့မည်ဟု သတင်းထွက်နေ ခြင်း
ကြောင့် အဆိုပါကားများဈေးကျဆင်းနိုင် ကြောင်း ကားအရောင်း အဝယ်လုပ်ကိုင်သူများ က
ခန့်မှန်းသည်။

အဆိုပါကားများ ဈေးကျဆင်းခဲ့ပါက ၁,၃၀၀ စီစီကားများနည်းတူ အရောင်း အဝယ်ကောင်းမွန်
လာနိုင်ကြောင်း ၎င်းတို့က ခန့်မှန်းသည်။ "၁,၈၀၀ စီစီအောက်တွေကို ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း
ကနေ ငါးရာခိုင်နှုန်းကိုလျှော့ချတော့ မယ်လို့တော့ ပြောသံကြားနေတယ်။ လက်ရှိမှာ တော့
ဈေးကွက်ထဲမှာ ၁၃၀၀ စီစီကားတွေ တစ်နေ့ကို သုံးလေးစီးလောက် အရောင်းအဝယ် ဖြစ်တယ်။
၀ယ်လက်များလို့ အရောင်းအဝယ်ကောင်းတာပါ။ အမြင့်ကားတွေကတော့ သူဟာ နဲ့သူ အရောင်း
အဝယ်ဖြစ်ကြပါတယ်။ ၁၃၀၀ စီစီ ကားတွေလောက်တော့ အရောင်းအဝယ် မဖြစ် ဘူး။ ၁၈၀၀ စီစီ
ကားတွေရဲ့ဈေးက တစ်စီးကို သိန်း ၂၄၀ အထက်မှာ ရှိတယ်။ ဈေးကြီးသလို အင်ဂျင်ပါ၀ါ ကားအပြင်အဆင်ကောင်းပြီး မော်ဒယ်ကလည်းမြင့်တယ်။ ဈေးကွက်ထဲမှာ ထွက်လာတဲ့သတင်း
ကလည်း အမှန်ဖြစ်လာတတ်တယ်" ဟု ကားအရောင်းအဝယ် လုပ်ကိုင် သူ ဦးမင်းညွန့်ကပြော
သည်။

ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းများ မှာ '၁က'အက္ခရာအမည်ပေါက် ၁၁၅ သိန်း ခန့်နှင့်
'၂က' အက္ခရာကျပ် ၉၀ သိန်း ၀န်းကျင် ခန့်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး