မြန်မာ့နိုင်ငံခြားကုန်သွယ်မှုတိုးတက်စေရေးအတွက် နိုင်ငံတကာ၌တွင်ကျယ်စွာအသုံးပြုနေသည့်
L/C (Letter of Credit) စနစ်ဖြင့်ငွေလွှဲပို့နိုင်ရန် ပြည်တွင်းရှိ CB ဘဏ်ကို L/C (Asian
Development Bank) ကကြားခံအနေဖြင့် အာမခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း CB ဘဏ်
အုပ်ချုပ်မှု ဒါရိုက်တာဦးဖေမြင့်က မြန်မာတိုင်း(မ်)ကိုပြောသည်။
ပြည်တွင်းဘဏ်များအနက် CB ဘဏ်ကို နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတစ်ခုက L/C (Letter
of Credit) စနစ်ဖြင့်ငွေလွှဲပို့နိုင်ရန် ပထမဆုံးဘဏ်အဖြစ် အာမခံဆောင်ရွက်ပေးခြင်းဖြစ်သည်။
ဦးဖေမြင့်က"ကျွန်တော်တို့ပြည်တွင်းဘဏ်တွေကို ပြည်ပဘဏ်တွေက သိရှိမှုအားနည်းတော့ ADB
နဲ့ ငွေလွှဲမယ်ဆိုရင် ကျွန်တော်တို့အပေါ်သူတို့က လက်ခံဆောင်ရွက် ပေးဖို့အတွက် ယုံကြည်မှု
နည်းသေးတယ်ပေါ့။ အဲဒီအပေါ်မှာ ကျွန်တော်တို့ဘက်ကတစ်စုံတစ်ရာ အမှားအယွင်းရှိရင်
သူတာဝန်ယူတယ်ဆိုပြီး L/C က ကြားကနေအာမခံပေးတဲ့ သဘောပါ။ မြန်မာကုန်သည်တွေ
အနေနဲ့ L/C နဲ့ငွေလွှဲချင်ရင် ကျွန်တော်တို့အခုကစပြီး ၀န်ဆောင်မှုပေးနိုင်ပါပြီ"ဟု ပြောသည်။
ယခင်အစိုးရလက်ထက်နှင့် လက်ရှိအစိုးရလက်ထက်အစောပိုင်းကာလတစ်လျှောက်တွင် နိုင်ငံခြား
ကုန်သွယ်မှုအတွက် L/C ဖြင့်ငွေလွှဲခြင်းကိုခွင့်မပြုခဲ့သည့်အတွက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ
သည် စင်ကာပူတွင်ကုမ္ပဏီများကိုဖွင့်ကာ ယင်းကုမ္ပဏီများမှတစ်ဆင့်ခံငွေလွှဲပို့ခဲ့ရသည့်အတွက် အမှန်ကုန်သွယ်မှုအတွက်လိုအပ်သည့်ငွေအရင်းအနှီးပမာဏထက် နှစ်ဆမှသုံးဆအထိ ရင်းနှီး
လုပ်ကိုင်ခဲ့ရကာ၊ စင်ကာပူတွင်ကုမ္ပဏီဖွင့်ထားခြင်းမရှိသူများအနေဖြင့် လွှဲပို့သည့်ငွေပမာဏ၏
၂၅ရာခိုင်နှုန်းအထိ ပွဲစားခပေးချေဆောင်ရွက်ခဲ့ရသည်ဟု ကုန်သည်အသိုင်းအဝိုင်းကပြောသည်။
ယင်းနှင့်စပ်လျဉ်းကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပို့ကုန်ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးဦးသန်းအောင်ကျော်က"အမေရိကန်က မြန်မာနဲ့
ပတ်သက်တဲ့ ငွေအပို့အလွှဲတွေကို သေသေချာချာဖွင့်ပေးသေး တာမဟုတ်ဘူး။ အချိန်မရွေး
တားလိုက်လို့ရနေသေးတဲ့အဆင့်ပဲရှိ သေးတယ်။ ဒီတော့ L/C ကို ခွင့် မပြုခဲ့တာပါ။ မြန်မာ
ကုန်သည်တွေကို အကာအကွယ်ပေးတဲ့ သဘောပါ။ အခုတော့မကြာခင်ကစပြီးပို့ကုန်အတွက်
L/C ကိုခွင့်ပြုလိုက်ပါပြီ။ သွင်းကုန်အတွက်ကတော့ မနှစ်ကမေလကတည်းကခွင့်ပြုခဲ့တာပါ"ဟု
မြန်မာတိုင်း(မ်)ကိုပြောသည်။
L/C ကိုခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် မြန်မာကုန်သည်အချို့သည် L/C ဖြင့်ငွှေလွှဲပို့ရန်ဆောင်
ရွက်နေကြပြီဖြစ်သော်လည်း ယင်းစနစ်ကိုလက်တွေ့အသုံးပြုရာတွင် လိုအပ်ချက်များရှိနေဆဲဖြစ်
ကြောင်း ကုန်သည်တစ်ဦးဖြစ်သူ ရွှေလင်းဗန်း စက်မှုဇုံ စီမံခန့်ခွဲရေးကော်မတီတွဲဖက်အတွင်းရေးမှုး
ဦးနေလင်းဇင်က ပြောသည်။
"L/C ကိုလက်တွေ့သုံးတဲ့အခါမှာ တင်ပြရတဲ့ Document (အထောက်အထားစာရွက်စာတမ်းများ)
တွေကတအားများတယ်။ အဲဒီအပိုင်းတွေက Convenient (အဆင်ပြေချော မွေ့မှု) မဖြစ်သေးဘူး။
ပြီးတော့နဲ့တစ်ခါလွှဲရင် ဘဏ်ကိုဒေါ်လာတစ်ထောင်လောက် ၀န်ဆောင်ခပေးနေရတော့ ပမာဏ
အများကြီးအတွက်ဆိုအဆင်ပြေပေမဲ့ နည်းနည်း ပဲလုပ်တဲ့သူအတွက်ကတော့ သိပ်မကိုက်တဲ့
သဘောလဲဖြစ်နေသေးတယ်"ဟု မြန်မာတိုင်း(မ်)ကိုပြောသည်။

















