အဆိုပြုသူအများစု သီလဝါရှယ်ယာကို အပြည့်အဝ ၀ယ်ယူနိုင်မည်

အဆိုပြုသူအများစု သီလဝါရှယ်ယာကို အပြည့်အဝ ၀ယ်ယူနိုင်မည်

သီလဝါ အထူးစီးပွားရေးဇုန်တည်ဆောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖေါ်လျက်
ရှိသော မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင် ဟိုးလ်ဒင်းကုမ္ပဏီလီမိတက်၏ ရှယ်ယာ
များအား ၀ယ်ယူအဆိုပြုလွှာ တင်ထားသူများ အနက် ၉၀ ရာခိုင်နှုန်းကျော်သည် ဆန္ဒပြုသည့်
ရှယ်ယာအရေအတွက်အတိုင်း ၀ယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း အဆိုပါအများပိုင်ကုမ္ပဏီ တာဝန်
ရှိသူများက ပြောသည်။

အကျယ်အဝန်း ဧက ၅,၀၀၀ ကျော်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းနယ်မြေအတွင်း
Class A ဟုသတ်မှတ်ထားသောမြေဧက ၉၇၀ ကျော်ပေါ်တွင် စီမံကိန်း၏ကနဦးအဆင့်ကို
အကောင်အထည်ဖော်လျက် ရှိသော အဆိုပါကုမ္ပဏီသည် စုစုပေါင်း ငွေကျပ် ၂၁ ဒသမ ၄၅
ဘီလျံ တန်ဖိုးရှိ တစ်စုလျှင် ကျပ် ၁၀,၀၀၀ တန်ကြေးရှိသော ရှယ်ယာ အရေ အတွက်ပေါင်း
၂ ဒသမ ၁၄၅ သန်းကို မတ်လ ၃ ရက်မှ ဧပြီလ ၉ ရက်အထိ ရောင်းချရန် အဆိုပြုလွှာခေါ်ယူ
ခဲ့ရာ ရှယ်ယာဝယ်ယူရန် လျှောက်လွှာတင်သူဦးရေ ၁၇,၀၀၀ ကျော် ရှိကာ ၀ယ်ယူရန်အဆိုပြု
ထားသည့် ရှယ်ယာ တန်ဖိုးမှာ ငွေကျပ်ဘီလျံ ၄၀ ကျော်ဖိုးအထိရှိကြောင်း တာဝန်ရှိသူများက
ပြောသည်။

"မျှော်မှန်းထားတာထက်ပိုပြီး အစုရှယ်ယာဝယ်ယူဖို့အဆိုပြုကြတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ
ရဲ့သမိုင်းမှာ ပထမဆုံးဖော်ဆောင် တဲ့ အထူးစီးပွားရေးဇုန်ဖြစ်သလို စီးပွားရေး လုပ်ငန်းများ ဆောင်
ရွက်တဲ့အခန်းကဏ္ဍမှာ လည်း အများပြည်သူတွေ ရှယ်ယာထည့်ဝင်နိုင် ပြီး လုပ်ငန်းတွေမှာ ပါ၀င်
ဆောင်ရွက်ခွင့် ရစေဖို့ စီမံဆောင်ရွက်တဲ့အပိုင်းမှာ သမိုင်းမှာ ထင်ထင်ရှားရှားနဲ့ဆောင်ရွက်တဲ့
ပထမဆုံး စီမံကိန်းဖြစ်ပါတယ်"ဟု အဆိုပါအများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်ကပြောသည်။

အဆိုပါရှယ်ယာများကို ရောင်းချရာတွင် ရှယ်ယာအရေအတွက် အနည်းငယ်ကိုသာဝယ်ယူရန်
အဆိုပြုသူများကို ဦးစားပေးအဖြစ် နိုင်ငံတကာတွင် ကျင့်သုံးလျှက်ရှိသော ဏမသမအေေ ခေါ်
အချိုးကျစနစ်ဖြင့် ဆောင်ရွက်မည်ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဆက်အောင်က
ကြိုတင်ကြေညာခဲ့ပြီး ဖြစ်သည်။

လက်တွေ့ဆောင်ရွက်ရာတွင်လည်း ရှယ်ယာဝယ်ယူရန်အဆိုပြုသူဦးရေ ၁၇,၀၀၀ ကျော်အနက်
၉၀ ရာခိုင်နှုန်းကျော်ဖြစ်သော ရှယ်ယာတစ်စုမှ အစုပေါင်း ၅၀၀ အထိ ၀ယ်ယူ ရန် အဆိုပြုထား
သူများကို ၎င်းတို့ဆန္ဒပြုသည့်အရေအတွက်အတိုင်း ရှယ်ယာအရေအတွက် အပြည့်အဝရောင်း
ချပေးမည်ဖြစ်ပြီး ကျန်ဦးရေ ကိုးရာခိုင်နှုန်းကျော်ကို အချိုးကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကာ
၎င်းတို့သည် ရှယ်ယာ အရေအတွက်အနည်းဆုံး ၅၀၀ အထိ ၀ယ်ယူ ခွင့် ရရှိနိုင်မည်ကြောင်း
ဦးဆက်အောင်က ပြောသည်။

"ရှယ်ယာအနည်းငယ်ပဲဝယ်ဖို့ အဆိုပြုတဲ့ အများပြည်သူရဲ့ရှယ်ယာတွေ အများစုဖြစ် အောင် ၅၅
ရာခိုင်နှုန်းပါ၀င်အောင် လုပ် ရမယ်ဆိုပြီးတော့ နိုင်ငံတော်က ညွှန်ကြားထားပါတယ်။ အဲဒီအတိုင်း
ဖြစ်အောင် အစုရှယ်ယာတစ်စုကနေ ၅၀၀ အထိ အဆိုပြုထားသူတွေကို အပြည့်အဝရောင်းချပေး
မယ်ဆိုပြီး ဖြတ်ချလိုက်တဲ့အခါ အဲဒီပမာဏက ရောင်းချမည့်ရှယ်ယာစုစုပေါင်းရဲ့ ၅၆ ရာခိုင်နှုန်း
အထိရှိပြီးတော့ အဆိုပြုသူအားလုံးရဲ့ ၉၀ ရာခိုင်နှုန်း ကျော်ကို ကိုယ်စားပြုပါတယ်။ ကျန်တဲ့
ကိုးရာခိုင်နှုန်းကိုတော့ ရောင်းမယ့်ရှယ်ယာရဲ့ ၄၄ ရာခိုင်နှုန်းကို အချိုးကျတွက်နည်းနဲ့တွက်ပြီးတော့
ရောင်းပေးမှာပါ"ဟု ၎င်းကပြောသည်။

သီလဝါအထူးစီးပွားရေးဇုန် တည်ဆောက် ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်သူ
(Developer) အဖြစ်ဆောင်ရွက် နေသည့် Myanmar-Japan Thilawa Development ၏
ရှယ်ယာများကို မြန်မာ ဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ထားရာ
နှစ်ဖက်အစိုးရ များကလည်း နှစ်ဖက်ရှယ်ယာများ၏ ၁၀ ရာခိုင် နှုန်းစီကို ထည့်ဝင်မည်ဖြစ်ကာ
၄၁ ရာခိုင်နှုန်း နှင့် ၃၉ ရာခိုင်နှုန်းတို့ကို နှစ်ဖက်ပုဂ္ဂလိက လုပ်ငန်းရှင်းများက ထည့်ဝင်လုပ်ကိုင်ကြမည် ဖြစ်ပြီး မြန်မာပြည်သူများသို့ ရောင်းချခဲ့သည့်အစုရှယ်ယာများသည်
မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင် ဟိုးလ်ဒင်း ကုမ္ပဏီလီမိတက်က ထည့်ဝင်လုပ်ကိုင်
မည် ဖြစ်သော ၄၁ ရာခိုင်နှုန်းရှယ်ယာများအနက်မှ ထုတ်ရောင်းခြင်းဖြစ်သည်။

ထိုအများပိုင်ကုမ္ပဏီကို ပြည်တွင်း အများပိုင် ကုမ္ပဏီကိုးခုက ကနဦးရှယ်ယာရှင်များအဖြစ်
မတည်ဖွဲ့စည်းထားခြင်းဖြစ်ကာ ပြည်သူများသို့ ထုတ်ရောင်းခဲ့သည့် ရှယ်ယာများအား ၀ယ်ယူ
မည့်ရှယ်ယာရှင်များသည် ကနဦးရှယ်ယာရှင်များနှင့်တန်းတူ ဆန္ဒပြုခွင့် (Voting Right) ရရှိ
မည်ဖြစ်ကြောင်း ဦးဆက်အောင်က ဖေဖော် ၀ါရီလကုန်ပိုင်းတွင် ကျင်းပခဲ့သော ပထမ အကြိမ်
ရှယ်ယာရောင်းချရေးသတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

Class A ဧရိယာဧက ၉၀၀ ကျော်အနက် လက်ရှိစီမံကိန်းဆောင်ရွက်နေသည့် ဧက ၄၀၀ ပေါ်တွင်
မြေယာပြုပြင်ခြင်း၊ လမ်းဖောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကာ ဆောင်ရွက်မှု ရ၀
ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာ အဆိုပါဧက ၄၀၀ စီမံကိန်းအတွက် 'ကန်'ဒေါ်လာ သန်း ၁၈၀ ခန့်ကုန်
ကျမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

"မြန်မာဘက်ကကုန်ကျမယ့် ဒေါ်လာသန်း ၉၀ ကို သန်း၄၀ ကျော်ကျော်လောက်နဲ့ ဖြစ် အောင်
လုပ်သွားမှာပါ။ သဘောကတော့ စီမံကိန်းမပြီးခင် မြေငှားခက နေရမယ့်ပိုက်ဆံတွေကို ထပ်ပြီး
ရင်းနှီးမြှုပ်နှံသွားမှာပါ။ ဒီပမာဏနဲ့မလောက်တော့မှ အခုရောင်းမယ့် ရှယ်ယာ ၂ ဒသမ ၁၄၅
သန်းအပြင် နောက်ထပ်ထုတ်ရောင်းမှာပါ"ဟု ပထမအကြိမ် သတင်းစာရှင်းလင်းပွဲတွင်
ဦးဝင်းအောင်က ပြောသည်။

ရှယ်ယာရှင်များသည် ပြည်တွင်းရှိ အခြား သောအများပိုင်ကုမ္ပဏီများက ယင်းတို့၏ ရှယ်ယာရှင်
များအား တစ်နှစ်လျှင်အမြတ် ရာခိုင်နှုန်း အများအပြားထုတ်ပေးနေခြင်းကဲ့သို့ သော အကျိုးအမြတ်
များအား ရရှိမည်မဟုတ်ပဲ ရှယ်ယာဈေးမြင့်တက်မှု အကျိုးအမြတ်ကိုသာအဓိကခံစားရမည်ဟု
ဦးဆက်အောင်က ကြိုတင်ပြောကြားခဲ့သည်။

"သီလဝါအထူးစီးပွားရေးဇုန်ကို နိုင်ငံတကာ ပုံစံအတိုင်းဖော်ဆောင်မှာဆိုတော့ Developer ဖြစ်တဲ့
အများပိုင်ကုမ္ပဏီကလည်း ရှယ်ယာတွေ ကိုနိုင်ငံတကာ ကျင့်ထုံးအတိုင်းပဲ စီမံဆောင် ရွက်မှာ
ဖြစ်ပါတယ်။ နိုင်ငံတကာမှာက ရှယ်ယာ ၀ယ်တာဟာ Share Appreciation လို့ခေါ်တဲ့ ရှယ်ယာဈေးတက်တာကိုလိုချင်တာပါ။ မြန်မာ နိုင်ငံမှာကတော့ ီငလငိနညိ ဆိုတဲ့ နှစ်စဉ် အမြတ်
တွေကိုလိုချင်လို့ ရှယ်ယာဝယ်တာ များတယ်။ ဒီလိုသာ နှစ်စဉ်အမြတ်ရာခိုင်နှုန်းတွေ အများကြီး
ထုတ်ပေးနေရင် စတော့ဈေးကွက် ကိုဝင်တဲ့အခါ ရှယ်ယာဈေးအချိန်တိုအတွင်း အတက်အကျ
အရမ်းများနိုင်ပါတယ်။ ဒီအတွက် နိုင်ငံတကာမှာလိုပဲ နှစ်စဉ်အမြတ်ကို တစ် ရာခိုင်နှုန်း၊ နှစ်ရာ
ခိုင်နှုန်းလောက်စီပဲ ပုံမှန် နှုန်းနဲ့ ထုတ်ပေးနေမှာပါ။ အဓိကတော့ Share Appreciation ကိုပဲ
ခံစားရပါမယ်"ဟု ပြောသည်။

ထိုအများပိုင် ကုမ္ပဏီသည် လုပ်ငန်းအကောင်အထည်ပေါ်မှု အနေအထားအရ ရှယ်ယာများ
ထပ်မံထုတ်ရောင်းမည် မရောင်းမည်ကို ဆုံးဖြတ်မည်ဖြစ်ကာ ရှယ်ယာ ၀ယ်ယူ ရန်အဆိုပြု
ထားသူများအနက် အပြည့်အဝ ၀ယ်ယူခွင့်မရယူများ၏ပိုငွေများကို ဧပြီ ၂၈ ရက်မှစတင်၍
ပြန်လည်အမ်းထုတ်ပေးမည်ဟု ဦးဝင်းအောင်ကပြောသည်။

ရှယ်ယာများကို ရောင်းချပြီးနောက် ရှယ်ယာ တစ်ဆင့်ပြန်လည် ရောင်းချရေးဌာန (Over the
Counter) များကိုဖွင့်လှစ်ရန် လာမည့်သုံးလ အတွင်း အကောင်အထည်ဖော်မည်ဟုလည်း
ဦးဝင်းအောင်ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး