ကုန်သွယ်မှု၊ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း ဖွဲ့စည်းသွားမည်

ကုန်သွယ်မှု၊ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း ဖွဲ့စည်းသွားမည်

မြန်မာနိုင်ငံနှင့် အခြားကုန်သွယ်ဖက်နိုင်ငံများ အကြား ကုန်သွယ်မှုတိုးမြင့်လာစေရန်နှင့် ဈေးကွက်
ပိုမိုရရှိလာစေရန် မြန်မာနိုင်ငံ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (Myantrade) ကို ယခု
နှစ်အတွင်း ဖွဲ့စည်းသွားရန်အစီအစဉ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းသည် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း ဖွင့်လှစ်မည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတကာအစိုးရ
အဖွဲ့အစည်းများနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည်ဖြစ်သောကြောင့် မြန်မာ ကုန်သည်များကို နိုင်ငံ
တကာအသိုင်းအဝိုင်း က ယုံကြည်မှု ပိုမိုရရှိလာစေနိုင်မည်ဖြစ်ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး
ဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ကပြောသည်။

 Myantrade ဖွဲ့စည်းပြီးပါက မြန်မာနိုင်ငံသို့ လွန်ခဲ့သောနှစ်များကပင် ၀င်ရောက်ချိတ်ဆက်ခဲ့ပြီး
ဖြစ်သော အာရှကုန်သွယ်မှုအဖွဲ့အစည်းများဖြစ်သည့် KOTRA, Jetro နှင့် မလေးရှားမှ
Mantradeအဖွဲ့အစည်းများနှင့်လည်း ပိုမို အဆက်အဆံရှိလာမည် ဖြစ်သည်။

"မြန်မာနိုင်ငံမှာ နိုင်ငံတကာဈေးကွက်ကိုဝင်ရောက်ဖို့ အလားအလာရှိတဲ့ကုမ္ပဏီတွေ အများကြီး
ရှိပါတယ်။ ဒီအဖွဲ့အစည်းက ကုမ္ပဏီ တွေကို ဈေးကွက်ရှာဖွေနိုင်ဖို့ နည်းဗျူဟာပိုင်း တွေမှာ
အထောက်အပံ့ပေးနိုင်မယ်၊ အကြောင်း ကြောင်းကြောင့် လုပ်ငန်းဆုံးရှုံးမှုတွေမဖြစ် အောင်
အကာအကွယ်ပေးနိုင်လာမယ်"ဟု ၎င်းက ပြောသည်။

အဆိုပါအဖွဲ့ကို ၂၀၁၄ ၁၅ ဘဏ္ဍာနှစ်အစောပိုင်းတွင် စတင်နိုင်ရန်ရည်ရွယ်ထား သော်လည်း
ယခုအချိန်အထိ အကောင်အထည်ပေါ်မလာသေးပေ။ သို့သော် ယခုဘဏ္ဍာနှစ် ကာလဖြစ်သည့်
၂၀၁၅ တွင် ပေါ်ပေါက်လာမည့် အာဆီယံစီးပွားရေးအသိုက်အဝန်း ပေါ်ပေါက် လာချိန်တွင်
အချိန်မီဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"၀န်ကြီးကလည်း အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ဆန္ဒ ရှိပါတယ်။ သူ့အတွက် သီးခြား
ဘတ်ဂျက် အစီအစဉ်တစ်ခုထားရှိပြီး အဆင်ပြေပြီဆိုတာနဲ့ စနိုင်မှာပါ"ဟု ၎င်းက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသည် ၎င်း၏အမျိုးသားပို့ကုန် မဟာ ဗျူဟာ
အစီအစဉ်အရ ဆန်၊ ပဲ၊ ဗရထွက်ကုန်၊ ဗရာ်ဘာ၊ သစ်နှင့် သစ်အချောထည် စသည်တို့ကို
အလားအလာကောင်းသော ကုန်စည်များစာရင်း တွင်ထည့်သွင်းပြီး တိုးမြှင့်တင်ပို့သွားနိုင်ရန်
ရည်ရွယ်ထားကြောင်း ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး