ပြည်တွင်းကားဈေးကွက်အတွင်း '၂က' အက္ခရာကားများ အဝယ်လိုက်လိုက်လာပြီး ကျပ်သိန်း
၆၀ ၀န်းကျင်ကားဟောင်းများ အရောင်းအဝယ်ဖြစ် လာကြောင်းသိရသည်။
"တစ်ပတ်နဲ့တစ်ပတ်မတူဘူး၊ ပြီးခဲ့တဲ့အပတ်က နယ်ဝယ်လက်တွေက သိန်း ၁၀၀ တန် ကားတွေ
ကို အဝယ်လိုက်ခဲ့ပေမယ့် ဒီတစ်ပတ်တော့ ဈေးကွက် ထဲမှာ '၂က' အက္ခရာ တွေကို ၀ယ်တဲ့သူ
တွေများလာတယ်။ '၁က' အက္ခရာကားတွေက အပ်ဖို့ကြေညာတဲ့ဧပြီလ ၄ ရက်နေ့ကတည်း
ကစပြီးအပ်လိုက်တာ မေလ ပထမပတ်မှ ရန်ကုန်မှာတင် အစီးရေ ၂၃၀၀ နီးပါးလောက်အပ်ပြီး
သွားပြီ၊ တစ်နိုင်ငံလုံးအတိုင်းတာဆိုရင် အရှေ့က အအပ်ခံ ထားတဲ့ 'အ' အက္ခရာ ကားက အရမ်း
ကွာနေတဲ့အတွက်ကြောင့် တကယ်တမ်း '၁က' အက္ခရာအပ်ဖို့ကြေညာတယ်ဆိုရော ၀ယ်ပြီးတဲ့
သူတွေကအပ်နှံလိုက်တဲ့အတွက် ကြောင့် ဒီ အက္ခရာက တော်တော်လေးကုန်သွားနိုင်တယ်" ဟု
ကားအရောင်းအဝယ်လုပ်ကိုင်သူ ဦးမင်းညွှန့်ကပြောသည်။
သက်ဆိုင်ရာက လက်ရှိအပ်နှံခံနေသည့် '၁က' အက္ခရာနှင့် '၂က' အက္ခရာကားများကို တစ်ခုနှင့်
တစ်ခု အချိန်ခြောက်လစီခြားကာ အပ်နှံရန်ကြေညာခဲ့သည့်အတွက် ဈေးကွက်အတွင်း ကြိုတင်
၀ယ်ယူစုဆောင်းထားသူများက ကြေညာချိန်တွင်အပ်နှံခဲ့ရာ ယခုအခါ '၁က' အက္ခရာဈေးကွက်
အတွင်း ရှားပါးလာခဲ့သည်။
ထို့အပြင် '၂က 'အက္ခရာကားများကို၀ယ်ယူသူများလာခြင်းကြောင့် ပြီးခဲ့သည့် လအတွင်းက
ဈေးကွက်အတွင်း ကျပ်ရ၅ သိန်းဝန်းကျင် ခန့်နှင့်အရောင်းအဝယ်ဖြစ်ခဲ့သည့်အဆိုပါကားများမှာ
ယခုအခါကျပ် ၁၀ ၀န်းကျင်ခန့်သို့မြင့်တက်လာခဲ့သည်။
" အနှိမ့်ကားတွေထဲမှာ အရမ်းသန့်တဲ့ကားတွေပါနေတယ်။ အဲဒီကားတွေက အချိန်ပေးပြီးရှာနိုင်ရင်
ရတယ်။ အရင်တုန်းက ပိုက်ဆံရှိတဲ့သူတွေက အိမ်ထဲမှာ ခြင်ထောင်ချသိပ်ထားတဲ့ကားတွေကို
ဆီထုတ်ရုံ၊အပြင်သွားရုံလောက်စီးတာများတယ်။ အခုပြည်ပက ၀င်လာတဲ့ကားတွေ မော်ဒယ်လ်
အမျိုးအစားတွေမြင့်နေတဲ့အတွက်ကြောင့် ရတဲ့ဈေးနဲ့ထုတ်ရောင်းလာကျတယ်။
ဆေးဘော်ဒီ ပတီးရာတစ်ချက်မရှိတဲ့ ကားတွေ အခုထက်ထိရှိသေးတဲ့အတွက်ကြောင့် ဈေးသက်
သာတဲ့ 'အော်'ကားကို ငွေကိုင်ပြီးအချိန်ယူပြီးရှာတာပါ"ဟု အနှိမ့်ကားဟောင်းဝယ်ယူ သူ
အင်းစိန်မြို့နယ်နေ ကိုအောင်စိုးက ပြောသည်။ ကားဈေးကွက်အတွင်းမီးလောင်မှုများသည့်
ပရိုဘောက်စ်ကားများကို ၀ယ်ယူသူများအနေဖြင့် စိတ်ဝင်စားမှုနည်းလာခြင်းကြောင့် ဈေးနှုန်း
ကျဆင်းမှုများ ရှိလာကြောင်းသိရသည်။ မီးလောင်မှုများသည့် ပရိုဘောက်စ်တွင် အင်ဂျင်ပါ၀ါ
၁၃၀၀ စီစီမှာ အများဆုံးဖြစ်ကြောင်းသိရသည်။
မီးလောင်မှုများလာသည့် ပရိုဘောက်စ်ကားဈေးကွက်မှလည်း ၀ယ်ယူသူနည်းလာခြင်းကြောင့်
ကျပ်သိန်း ၁၀၀ အောက်သို့ကျဆင်းလာပြီဖြစ်ကြောင်း ကားအရောင်းအဝယ်လုပ်ကိုင် သူများက
ဆိုသည်။
















