ရေလုပ်ငန်းကဏ္ဍမှ ရရှိသည့် ပြည်ပပို့ကုန်ဝင်ငွေ ပိုမိုကျဆင်းဖွယ်ရှိ

ရေလုပ်ငန်းကဏ္ဍမှ ရရှိသည့် ပြည်ပပို့ကုန်ဝင်ငွေ ပိုမိုကျဆင်းဖွယ်ရှိ

ပြည်ပတင်ပို့မှုဝင်ငွေ တစ်နှစ်ထက်တစ်နှစ်ကျဆင်းလျက်ရှိသော ရေလုပ်ငန်းကဏ္ဍတွင် လိုအပ်
လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုများကို ထပ်မံဖြည့်တင်းနိုင်ခြင်းမရှိပါက လက်ရှိအနေအထားအောက်
သို့ ကျဆင်းသွားဖွယ်ရှိနေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူများက မြန်မာတိုင်း
(မ်)ကို ပြောသည်။

ရေထွက်ပို့ကုန်လုပ်ငန်းသည် ပုဂ္ဂလိက ကဏ္ဍ ပြည်ပပို့ကုန် အမည်များအနက် ၀င်ငွေစတုတ္ထ
အများဆုံးရရှိနေသည့် လုပ်ငန်းတစ်ရပ်ဖြစ်သော်လည်း လက်ရှိအချိန်တွင်တစ်နှစ်ထက်တစ်နှစ်
၀င်ငွေကျဆင်းလျှက်ရှိကာ ၂၀၁၂ ၁၃ ဘဏ္ဍာနှစ်တွင် ၀င်ငွေကန်ဒေါ်လာ သန်း ၆၅၀ ကျော်ရရှိခဲ့ရာ
မှ ပြီးခဲ့သည့် ၂၀၁၃ ၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၅၃၆ သန်းကျော်သာရရှိခဲ့ပြီး ၀င်ငွေ 'ကန်'ဒေါ်လာသန်း
၁၀၀ ကျော် ကျဆင်းခဲ့သည်။

"ရေထွက်ပို့ကုန်ကဏ္ဍက အခုနှစ်မှာမနှစ်က ထက် ပိုပြီးကျသွားနိုင်သေးတယ်။ ဘာလို့လဲဆိုတော့
လိုအပ်တဲ့အရင်းအနှီးတွေကို ဖြည့်ဆီးနိုင် မယ့်အနေအထားမရှိသေးတဲ့အပြင် ပင်လယ် ငါးဖမ်းလုပ်
ငန်းကလဲ ငါးဖမ်းဆီးရရှိမှု ပမာဏက ပိုပြီးကျလာနေတယ်လေ"ဟု မြန်မာနိုင်ငံငါး လုပ်ငန်း အဖွဲ့
ချုပ်ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ရေထွက်ပို့ကုန် လုပ်ငန်းကဏ္ဍသည် အစာ ရှားပါးကာ ဈေးနှုန်းများမြင့်တက်လာသဖြင့် မွေးမြူရေး
လုပ်ငန်းများ ကျဆင်းလာခြင်း၊ ့င်လယ်ငါးနျင့် အခြားသော သဘာဝအတိုင်းဖမ်းဆီးတင်ပို့သည့်
ရေထွက်သယံဇာတများ လျော့ပါးလာခြင်းတို့ကြောင့် လွန်ခဲ့သည့်သုံးနှစ် ခန့်ကစတင်ခါ အခက်
အခဲများရင်ဆိုင်နေရကြောင်း ၎င်းကပြောသည်။

ထိုကဲ့သို့ လုပ်ငန်းအကျပ်အတည်းများ ကြံု တွေ့ရချိန်တွင် အနောက်နိုင်ငံများ၏ စီးပွားရေးဖြေ
လျှော့လာမှုကြောင့် ဈေးကွက်အသစ်များတွင် ထိုးဖောက်ကာ လုပ်ငန်းချဲ့ထွင်နိုင်သည့် အခွင့်
အလမ်းကောင်းများ ရှိလာသော်လည်း ငွေကြေး အရင်းအနှီး ချေးယူရရှိနိုင်သည့် အရင်းအမြစ်
ခိုင်မာစွာမရှိခြင်းကြောင့် အခွင့်အရေးများအား ဆုံးရှုံးရကြောင်း ဦးနှင်းဦးကပြောသည်။

"အီးယူနဲ့ အမေရိကန်ဈေးကွက်တွေကို ပို့နိုင် ဖို့ဆိုတာ သူတို့ဈေးကွက်ကလက်ခံတဲ့ကုန်ပစ္စည်းကို
ထုတ်နိုင်မှဖြစ်မှာ။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေ ဒီဈေးကွက်တွေက လက်ခံ နိုင်တဲ့ အဆင့်မြင့်ကုန်
တွေထုတ်ဖို့ဆိုတာ အဆင့်မြင့်စက်ရုံတွေရှိဖို့လိုတယ်။ ဒီအတွက် ငွေအရင်းအနှီးလိုတယ်။ ပြီးတော့
လျှပ်စစ်ဓာတ်အားလည်း ဒီထက်ပိုရဖို့လိုတယ်။ ဒီနှစ်ခု မရှိရင် ရေထွက်လုပ်ငန်းတိုးတက်လာဖို့
ဘယ်လိုမှမဖြစ်နိုင်ဘူး"ဟု ၎င်းကပြောသည်။

ငါးလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ရေထွက်ကုန်များ ပြင်ဆင် ထုတ်လုပ်သည့်
အအေးခန်းစက်ရုံပေါင်း ၁၀၀ ကျော်ရှိသည့်အနက် လက်ရှိအချိန်တွင် အီးယူ ဈေးကွက်က လက်ခံ
သောအရည်အသွေး ရှိသည့် ရေထွက်ကုန်များအားထုတ်လုပ်နိုင် သည့် စက်ရုံအရေအတွက်မှာ
၁၄ ရုံသာ ရှိသေးသည်။

မြန်မာ့ရေထွက်ကုန် လုပ်ငန်းရှင်များသည် ကုန်စည်းအမြောက်အမြားမွေးမြူထုတ်လုပ် နိုင်မှုမရှိခြင်း
ကြောင့် ထုတ်လုပ်မှုစရိတ်မြင့်မား နေသည့်အတွက် နိုင်ငံတကာဈေးကွက်တွင် အခြားနိုင်ငံများနှင့်
ဈေးနှုန်းအရ ယှသ်ပြိုင်နိုင်ခြင်းမရှိခြင်းသည်လည်း အားနည်းချက်တစ်ရပ်ဖြစ်နေသည်ဟု ဈေးကွက်
ကျွမ်းကျင်သူများက ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏အကြံပေး တစ်ဦးဖြစ်သူ ဦးဟန်ထွန်းက "ကုန်ကြမ်းပစ္စည်း ရှားပါး
တာကလည်း အဓိကပြဿနာပါ။ နိုင်ငံခြား တင်ပို့နိုင်တဲ့ ရေထွက်ကုန်တစ်မျိုးမျိုးကိုမွေးမြူမှ တင်ပို့
ကုန်ရငွေက ပြန်တက်လာမှာ။ အခုက ရာသီဥတုကလည်း မကောင်းသလို မွေးမြူတဲ့သူကလည်း
လျော့နည်းလာတယ်။ ရှေ့နှစ်မှာလည်း ဒီပုံစံအတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ ဒီနှစ်ထက်ပိုပြီး
ကျဆင်းသွားလိမ့် မယ်"ဟု ပြောသည်။

ရန်ကုန်စက်မှုဇုန်များတွင် နွေရာသီရောက်သည့်အခါတွင် လျှပ်စစ်ဓာတ်အားပြတ်တောက် မှုကြောင့်
စက်ရုံများသည် လုပ်ငန်းလည်ပတ်ချိန် လျှော့ချရခြင်း၊ ရပ်နားရခြင်းတို့ရှိသည့်အတွက် ရေထွက်
ကုန်လုပ်ငန်းနယ်ပယ်အား ထိခိုက်နေသည့်အပြင် မကြာမီအသစ်ထွက်ပေါ် လာဖွယ်ရှိသည့်
အနည်းဆုံးလုပ်ခလစာ သတ် မှတ်ချက်သည်လည်း လုပ်ငန်းများအပေါ် ထပ်ဆင့်ဆိုးကျိုး သက်
ရောက်လာဖွယ်ရှိသည် ဟု အဏ္ဏဝါဒေဝီရေထွက်ကုန် အအေးခန်း စက်ရုံ ပိုင်ရှင် ဒေါ်တိုးနန္ဒာတင်
က ပြောသည်။

"ဒီအနေအထားမှာ ဘယ်လောက် တောင့်ခံ နိုင်မယ်ဆိုတာကိုတော့ မသိသေးဘူးလေ။ လစာ
ဆိုတာကလည်း သူများတိုးရင် ကိုယ်မတိုး ဘူး ဆိုလို့ရတာမှ မဟုတ်တာ။ ဒီနှစ်တင်ပို့ကုန် ရငွေက
မနှစ်ကနဲ့ယှဉ်လိုက်ရင် သန်း ၁၄၀ နီးပါး လောက်ကျသွားတယ်။ အခုဆိုရင် တချို့စက်ရုံ တွေဆို
ပိတ်ကုန်ကြပြီ။ နိုင်ငံခြားကိုတင်ပို့နိုင်တဲ့ တီလားဗီယားလို သက်တမ်းတိုတဲ့ငါးမျိုးကို မွေးနိုင်မှ
ပြန်ပြီးအလားအလာ ကောင်းလာ မယ်"ဟု ၎င်းကပြောသည်။

ထိုကဲ့သို့ လုပ်ငန်းအကျပ်အတည်းများ ကြံုတွေ့နေရချိန်တွင် အခြားသောလုပ်ငန်းနယ်ပယ်များ
နည်းတူ ရေထွက်ကုန်လုပ်ငန်းရှင် များသည်လည်း မကြာမီခွင့်ပြုပေး ဖွယ်ရှိသည် ဟု သတင်းများ
ထွက်ပေါ်နေသော နိုင်ငံခြား ဘဏ်များထံမှ သက်သာသည့်အတိုးနှုန်းများ ဖြင့် လုံလောက်စွာ
ထုတ်ချေးမည့် ကာလရှည် ချေးငွေများကို မျှော်လင့်နေကြကြောင်း ရေထွက်ကုန်လုပ်ငန်းနယ်ပယ်
မှကျွမ်းကျင်သူများကပြောသည်။

"အခုလက်ရှိမှာက ပြည်တွင်းဘဏ်တွေရဲ့ ချေးငွေအတိုးက မြင့်နေသေးတဲ့အပြင် ပမာဏ ကလည်း
နည်းတယ်။ ပြီးတော့ နျစ်ချင်းပြန်ဆပ် ရတဲ့ ချေးငွေအမျိုးအစားလည်း ဖြစ်နေသေး တယ်။ ဒါ့ပြင် အဲဒီလိုချေးငွေမျိုးကိုတောင် ချေးလို့ရဖို့ကတော်ရုံနဲ့မရနိုင်ဘူး"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်
အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။ နိုင်ငံခြားဘဏ်အချို့အား ကန့်သတ်လိုင်စင်
အမျိုးအစား (Restricted License) ဖြင့် ၂၀၁၄ ခုနှစ်အတွင်းစတင်၍ လုပ်ငန်းဆောင်ရွက်ခွင့် ပြုမည်ဟု မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ပြောကြားခဲ့သော်လည်း
အဆိုပါလုပ်ငန်းစဉ်နှင့် စပ်လျဉ်းကာ စီစဉ်ဆဲအဆင့်တွင်သာရှိသေးပြီး မည့်သည့်ကာလတွင်
ခွင့်ပြုမည်ကိုအတိအကျမပြောနိုင်သေးကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြီးခဲ့သည့်
ဧပြီအကုန်ပိုင်းတွင် ပြောသည်။

ဦးနှင်းဦးက "နိုင်ငံခြားဘဏ်တွေဆီက ချေးငွေမရနိုင် ပြည်တွင်းဘဏ်တွေကလည်းမပေးနိုင်တဲ့
အတွက် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းအများစုက တိုးတက်ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။
ကိုယ်လည်းမပေးနိုင်ဘဲနဲ့ ပေး နိုင်မယ့်သူကိုလည်း ခွင့်ပြုဖို့ နှောင့်နှေးနေတဲ့ ဗဟိုဘဏ်ရဲ့
ပေါ်လစီကိုတော့ ကျွန်တော်တို့ စိတ်ပျက်နေပါပြီဗျာ"ဟု ပြောသည်။

သီးနှံစိုက်ပျိုးသော တောင်သူများအား လယ်ယာမြေဥပဒေသစ်တွင် လယ်ယာအားပေါင်နှံခြင်းဖြင့် လုပ်ငန်းအရင်းအနှီးချေးယူခွင့် ပြုထားသကဲ့သို့ ရေလုပ်ငန်းကဏ္ဍရှိ မွေးမြူရေး လုပ်ငန်းများကိုလည်း
ထိုသို့ကျင့်သုံးခွင့်ရရန် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က အစိုးရ ထံ တင်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး