အဖျော်ယမကာလုပ်ငန်းအတွက် ယစ်မျိုးလိုင်စင်ကြေး တိုးမြှင့်မည်

အဖျော်ယမကာလုပ်ငန်းအတွက် ယစ်မျိုးလိုင်စင်ကြေး တိုးမြှင့်မည်

ပြည်တွင်း ယမကာဈေးကွက်အတွင်း လက်လီ လက်ကား ရောင်းချသူများနှင့် ထုတ်လုပ်ဖြန့်ဖြူး
သူများ နှစ်စဉ်ပေးသွင်းရမည့် လိုင်စင်ကြေး များကို ယခုနှစ်အတွင်း နှစ်ဆအထိ တိုးမြှင့်သွား မည်
ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အထွေ
ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများကပြောသည်။

ထိုသို့တိုးမြှင့်ရန်အဆိုကို ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးနိုင်ရန် နှင့်
လက်ရှိတွင်လုပ်ငန်းရှင်များကိုအသိပေးနေပြီး သဘောထား အတည်ပြုမှုရယူနေကြောင်း ဆိပ်ကမ်း
မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းလွင်ကပြောသည်။ လက်ရှိအချိန်တွင် ပြည်တွင်းလုပ်ငန်း
ရှင်များ သည် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ နှစ်စဉ် လိုင်စင်ကြေးအဖြစ် ချိပ်ပိတ်ပြည်တွင်းဖြစ်
အရက်ဖြူရောင်းချခွင့်လိုင်စင်အတွက် ကျပ် ၁၀၀,၀၀၀၊ နိုင်ငံခြားဖြစ်နှင့် ပြည်တွင်းဖြစ် အရက်
လက်လီ လက်ကားရောင်းချခွင့်လိုင်စင် အတွက် ကျပ် ၅၀၀,၀၀၀၊ စားသောက်ဆိုင် များက
ဆိုင်၏ နယ်နိမိတ်အတွင်း အရက်မျိုးစုံ ဖွင့်ဖောက်ရောင်းချခွင့် လိုင်စင်အတွက် ကျပ် ၁,၂၅၀,၀၀၀၊
ပြည်တွင်းဖြစ်အရက်ချက်လုပ်ခွင့်နှင့် သိုလှောင်ဖြန့်ဖြူးရောင်းချခွင့် အတွက် လိုင်စင်ကြေး ကျပ် ၂၄
သိန်း အသီးသီး ပေးဆောင်နေရသည်။

"တိုးကောက်မယ့်အစီအစဉ်ကို ဒီနှစ်ထဲမှာ စမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာမြို့နယ်အလိုက်
အစည်းအဝေးတွေမှာ အသိပေးပြောကြားတာ တွေ ဆောင်ရွက်နေပြီ။ ယစ်မျိုးခွန်ရဲ့မူလ ရည်ရွယ်
ချက်ကိုက ယစ်မျိုးခွန်နှုန်းထားကို တိုးပြီး ကောက်မယ်။ အဲလိုကောက်ရင် အရက်ဈေးနှုန်း တွေ
တက်လာမယ်။ သောက်သုံးတဲ့သူတွေ လျော့သွားမယ်ဆိုပြီး သာမန်အားဖြင့်ရည်မှန်းချက်ရှိပြီး
သားပါ"ဟု ၎င်းကပြောသည်။

လိုင်စင်ကြေးတိုးမြှင့်မှုအတွက် တရားမဝင်ရောင်းဝယ်သောက်သုံးမှုများလည်း ပိုမိုဖြစ်ပေါ် လာနိုင်
ရာ ယင်းအတွက် မြို့နယ်ရဲတပ်ဖွဲ့၊ မှောင်ခို တားဆီးတိုက်ဖျက်ရေးနှင့် အကောက်ခွန် လုပ်ငန်းဌာန
၀န်ထမ်းများပါ၀င်သောအဖွဲ့က သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီးအရေးယူ တရားစွဲမှုများ
တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

နိုင်ငံခြားဖြစ်ဝိုင်နှင့် အရက်ဘီယာ တင်သွင်း ခွင့် တရားဝင်ဖွင့်ပေးရန် တင်သွင်းသူ များကတောင်း
ဆိုခဲ့သော်လည်း ပြည်တွင်း လုပ်ငန်းရှင်များအတွက် သင့်တော်သောမူဝါဒ ချမှတ်ပေးနိုင်ရန် ပြင်ဆင်
နေခြင်းကြောင့် ကြန့်ကြာနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏
သတင်းပြန်ကြား ရေးတာဝန်ခံ ဦးဝင်းမြင့်ကပြောသည်။

မကြာသေးမီက မန္တလေးတိုင်းဒေသကြီးမှယမကာလုပ်ငန်းရှင်များ အစည်းအဝေးတွင် ပြည်တွင်း
လုပ်ငန်းရှင်များ ယှဉ်ပြိုင်မှုအားနည်း နေသည့်အတွက် တင်သွင်းခွင့် ချက်ချင်းဖွင့်မပေးရန် တောင်း
ဆိုထားသော်လည်း ပြည်တွင်း စားသုံးသူများ၏ လိုအပ်ချက်ရှိနေကြောင်း ၎င်းကပြောသည်။

သို့ဖြစ်ရာ ပြည်တွင်းလုပ်ငန်း ရှင်များအတွက် လိုင်စင်ကြေးလည်း တိုးမြှင့် ပြီး မကြာမီ ပြည်ပထုတ်
ကုန်များလည်း ၀င်ရောက်လာမည်ဖြစ်ရာ အခက်အခဲတစ်ခု ဖြစ်နေကြောင်း လုပ်ငန်းရှင်များကပြော
သည်။

ပြည်တွင်းယမကာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော ဏညေိေ နြလနမေါနျ ွမသကစ ၏ အုပ်ချုပ်မှု
ဒါရိုက်တာ ဦးဇော်မိုးဝင်းက ပြည်တွင်း ထုတ်လုပ်ရောင်းချမှုတွင် တံဆိပ်တချို့သာရောင်းအားရှိပြီး
အများစုမှာ အမြတ်အစွန်းနည်းပါးသည့် အခြေအနေသို့ရောက်ရှိနေသည့် အတွက် လိုင်စင်ကြေး
တိုးမြှင့်လိုက်ပါက တစ်ဖက်တွင်လည်း ထုတ်လုပ်မှုစရိတ် အခက်အခဲကြောင့် အမြတ်အစွန်း ပိုမို
နည်းပါးမည်ဖြစ် ကြောင်း ပြောသည်။ ယမကာသိုလှောင်သော လိုင်စင်ကြေးအတွက် လက်ရှိပေး
ဆောင်နေရသောကျပ် ၁၂ သိန်းမှ ၁၅ သိန်းသို့လည်းကောင်း၊ ပုလင်းသွင်းထုတ်လုပ်မှုလိုင်စင်ကြေး
အတွက် ၁၂ သိန်းမှ သိန်း ၅၀ သို့လည်းကောင်း တိုးမြှင့်ကောက်ခံ မည်ဟုကြားသိရကြောင်း ၎င်း
ကပြောသည်။

"ပြည်တွင်းထုတ်တံဆိပ်တွေထဲမှာ ရောင်းကောင်းတဲ့ပစ္စည်းက လက်ချိုးရေလို့ရပါတယ်။ ထုတ်လုပ်
မှုနဲ့ ကြော်ငြာစရိတ်တွေကြောင့် အတော်များများကရှုံးသွားတယ်။ ဒီကြားထဲ နိုင်ငံခြားက အကောက်
ခွန်မဲ့ဝင်လာတဲ့ အရက်တွေလည်းရှိသေးတယ်ဆိုတော့ ကျွန်တော်တို့မှာ ယှဉ်ပြိုင်ဘက်တွေအရမ်း
များနေတယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေရှုံးဖို့ အလားအလာပိုများနေတယ်" ဟု ၎င်းကပြောသည်။

ယခုနှစ် ပထမလေးလတာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တရားမဝင်အရက်ဘီယာ
အရောင်းဆိုင်ပေါင်း ၂,၀၀၀ ကျော်ကိုဖမ်းဆီးရမိပြီးဖြစ်ကြောင်း ရန်ကုန်မြို့နယ်အထွေထွေအုပ်ချုပ်
ရေးဦးစီးဌာနမှ တာဝန်ရှိ သူကပြောသည်။

ထိုသို့ တရားမဝင်ရောင်းချ သူများမှာ နှစ်စဉ်ကြေးပေးဆောင်မှုမရှိပဲ သက်ဆိုင်ရာမြို့နယ်မှူးကို
တစ်လလျှင် ကျပ် ၁၀,၀၀၀ မှ ၂၀,၀၀၀ ပေးရကြောင်း ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ယမကာလက်လီ
လက်ကားရောင်းချ သူတစ်ဦးကပြောသည်။

"တစ်လကို တစ်သောင်းကနေ နှစ်သောင်း လောက်ပေးရတယ်ဆိုပေမယ့် အကန့်အသတ် မရှိဘူး။
တချို့လတွေမှာ သူတို့ဘက်က ခေါင်းစဉ် တပ်ပြီး ကောက်တာတွေလည်း ရှိတယ်။ ကျွန်တော်တို့ အခွန်ထမ်းပြည်သူဘက်က နိုင်ငံ တော်ကိုအခွန်ပေးဆောင်ရမယ်ဆိုရင် နိုင်ငံတော်ဘက်ကလည်း ဘယ်လောက်ပြန်စောင့်ရှောက်မလဲဆိုတဲ့ စေတနာရှိမှ ပေးဆောင်ချင် မှာပါ"ဟု ၎င်းကပြောသည်။

"လိုင်စင်ကြေးတိုးမြှင့်တဲ့ကိစ္စ အပြင်မှာပြောနေတာကြာပါပြီ။ တိုးရင် လုပ်နိုင်တဲ့သူလုပ်ပြီး မလုပ်နိုင်
သူတွေပြုတ်လိမ့်မယ်။ ဆိုင်ဆက်ဖွင့် မယ့် သူတွေကလည်း စားသုံးသူဘက်ကပဲတိုးယူမှာဖြစ်လို့
စားသုံးသူတွေပဲ နစ်နာလိမ့် မယ်"ဟု ၎င်းကပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ မြို့နယ်အသီးသီး၌ ထိုသို့တရားမဝင်ပေးဆောင်နေသော ဆိုင်
ပေါင်းများစွာရှိရာ လက်ရှိ ပုံမှန် ပေးဆောင်နေသော ဆိုင်များမှာ ယင်းတို့ကို မယှဉ်နိုင်သော်လည်း
ဌာနဆိုင်ရာက ထပ်မံ တင်းကျပ်လာလျှင် တရားမဝင်ဆိုင်များအတွက် အကာအကွယ်ရှိတော့မည်
မဟုတ်ကြောင်း ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး