ထွန်းဖောင်ဒေးရှင်းဘဏ်သည် စမတ်ဖုန်း၊ အက်စ်အမ်အက်စ်အပါအဝင် အင်တာနက်နှင့် ချိတ်
ဆက်ဆောင်ရွက်ခြင်းစသည့် ခေတ်မီဘဏ် လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်
Flexcube Core ဘဏ်စနစ်ဖြစ်သည့် Oracle's state ဆော့ဖ်ဝဲကို ၀ယ်ယူရန် စာချုပ်ချုပ်ဆို
နိုင်ခဲ့ကြောင်း ဘဏ်ဥက္ကဋ္ဌဦးသိန်းထွန်းကပြောသည်။
"ဒီအတွက်ကြောင့် ထွန်းဖောင်ဒေးရှင်းဘဏ် က ခေတ်မီဘဏ်လုပ်ငန်းစနစ်ထဲ ၀င်ရောက်
လာနိုင်မယ်။ ဘဏ်မှာတစ်နေ့တခြား တိုးပွား လာတဲ့ နိုင်ငံသားနဲ့ နိုင်ငံခြားသားဖောက်သည်
တွေကိုလည်း သူတို့ရဲ့ပိုက်ဆံတွေကိုစီမံခန့်ခွဲဖို့ အတွက် နည်းပညာပိုင်းဆိုင်ရာ ၀န်ဆောင်မှု
ပိုပေးလာနိုင်မှာပါ။ ပြောင်းလဲလိုက်တဲ့ စနစ် တွေကြောင့် တစ်နိုင်ငံလုံးက သက်ဆိုင်ရာ ဘဏ်ခွဲ
တွေမှာ ငွေသွင်းငွေထုတ်ကို ၂၄ နာရီအပြည့်ပိတ်ရက်မရှိ ဆောင်ရွက်နိုင်လာမှာပါ"ဟု ၎င်းက
ပြောသည်။
ယင်းအစီအစဉ်ကို ယခုနှစ်ကုန်ပိုင်းတွင် အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ဘဏ်၏
အတိုင်ပင်ခံ ဂျိုးဘာကာဘန်းနက်က ပြောသည်။ "အဓိကနည်းပညာကတော့ မြန်မာနိုင်ငံမှာ
ဘဏ်လုပ်ငန်းစနစ်တွေ ဆောင်ရွက်ချက်တွေ ကို နိုင်ငံတကာစံတွေနဲ့ဘယ်လိုကိုက်ညီအောင်
ဆောင်ရွက်ရမယ်ဆိုတာကို အကောင်အထည်ဖော်သွားပါမယ်။ ဒါဟာ ထွန်းဖောင်ဒေးရှင်းဘဏ်
ကဆောင်ရွက်မယ့် ခေတ်မီဘဏ်လုပ်ငန်း ရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပါတယ်"ဟု ၎င်းက
ပြောသည်။
ပြည်တွင်း ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ထွန်းဖောင်ဒေးရှင်းဘဏ်ကို ၁၉၉၄ ခုနှစ်က စတင်
တည်ထောင်ခဲ့ပြီး လက်ရှိတွင် ဘဏ်ခွဲများ ဖွင့်လှစ်ကာ ၀န်ဆောင်မှုများ ဆောင်ရွက် ပေးလျက်
ရှိသည်။

















