ပြည်ပတင်ပို့မှုဝင်ငွေ တစ်နှစ်ထက်တစ်နှစ်ကျဆင်းလျှက်ရှိသော ရေလုပ်ငန်းကဏ္ဍတွင် လိုအပ်
လျှက်ရှိ သောရင်းနှီးမြှုပ်နှံမှုများကို ထပ်မံဖြည့်တင်းနိုင်ခြင်းမရှိပါက လက်ရှိ အနေ အထားအောက်
သို့ကျဆင်းသွား ဖွယ်ရှိနေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်တာဝန်ရှိသူများက
မြန်မာတိုင်း(မ်)ကိုပြောသည်။
ရေထွက်ပို့ကုန်လုပ်ငန်းသည် ပုဂ္ဂလိကကဏ္ဍပြည်ပပို့ကုန်အမယ်များအနက် ၀င်ငွေ စတုတ္ထအများ
ဆုံးရရှိ နေသည့် လုပ်ငန်းတစ်ရပ်ဖြစ်သော်လည်း လက်ရှိအချိန်တွင် တစ်နှစ်ထက်တစ်နှစ် ၀င်ငွေ
ကျဆင်း လျှက်ရှိကာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်ဝင်ငွေကန်ဒေါ်လာ သန်း၆၅၀ကျော်ရရှိခဲ့ရာမှ
ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ် တွင် ၅၃၆သန်းကျော်သာရရှိခဲ့ပြီး ၀င်ငွေကန်ဒေါ်လာသန်း၁၀၀
ကျော် ကျဆင်းခဲ့သည်။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးနျင်းဦးက"ရေထွက်ပို့ကုန်ကဏ္ဍက အခုနှစ်မှာ
မနှစ်က ထက်တောင်မှ ပိုပြီးကျသွားနိုင်သေးတယ်။ ဘာလို့လဲဆိုတော့ လိုအပ်တဲ့အရင်းနှီးတွေ
ကို ဖြည့်ဆီးနိုင်မဲ့ အနေအထားမရှိသေးတဲ့အပြင် ပင်လယ်ငါးဖမ်းလုပ်ငန်းကလဲအထိအမိ(ငါးဖမ်း
ဆီးရရှိမှုပမာဏ)က ပိုပြီး ကျလာနေတယ်လေ"ဟု မြန်မာတိုင်း(မ်)ကိုပြောသည်။
ရေထွက်ပို့ကုန်လုပ်ငန်းကဏ္ဍသည် အစာရှားပါးကာ ဈေးနငန်းများမြင့်တက်လာသဖြင့် မွေးမြူရေး
လုပ်ငန်း များကျဆင်းလာခြင်း၊ ့င်လယ်ငါးနျင့် အခြားသောသဘာဝအတိုင်းဖမ်းဆီးတင်ပို့သည့်
ရေထွက်သယံ ဇာတများ လျော့ပါးလာခြင်းတို့ကြောင့် လွန်ခဲ့သည့်သုံးနှစ်ခန့်ကစတင်ကာ
အခက်အခဲများရင်ဆိုင်ရေရ သည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးနှင်းဦးက
ဆိုသည်။
ထိုကဲ့သို့ လုပ်ငန်းအကြပ်အတည်းများကြံုတွေ့ရချိန်တွင် အနောက်နိုင်ငံများ၏ စီးပွားရေးဖြေလျှော့
လာမှုကြောင့် အသစ်ပေါ်ထွက်လာသည့်ဈေးကွက်များအားထိုးဖောက်ကာ လုပ်ငန်းချဲ့ ထွင်နိုင်
သည့် အခွင့်အလမ်းကောင်းများရှိလာသော်လည်း ငွေကြေးအရင်းအနှီးချေးယူရရှိနိုင်သည့် အရင်း
အမြစ်ခိုင်မာစွာမရှိခြင်းကြောင့် အခွင့်အရေးများအားဆုံးရှုံးလျှက်ရှိသည်ဟု ဦးနှင်းဦးက ဆက်လက်
ပြောကြားသည်။
၎င်းက"အီးယူတို့အမေရိကန်တို့ဈေးကွက်ကိုပို့နိုင်ဖို့ဆိုတာ သူတို့ဈေးကွက်ကလက်ခံတဲ့ ကုန်ပစ္စည်း
ကိုထုတ်နိုင်မှဖြစ်မှာ။ ကျွန်တော်တို့လုပ်ငန်းရှင်တွေအနေနဲ့ ဒီဈေးကွက်တွေကလက်ခံတဲ့ အဆင့်မြင့်
ကုန်တွေထုတ်ဖို့ဆိုတာ အဆင့်မြင့်စက်ရုံတွေရှိဖို့လိုတယ်။ ဒီအတွက် ငွေအရင်းအနှီးလိုတယ်။
ပြီးတော့ လျှပ်စစ်ဓါတ်အားလည်း ဒီထက်ပိုရဖို့လိုတယ်။ ဒီနှစ်ခုမရှိရင် ရေထွက်လုပ်ငန်းတိုးတက်
လာဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး"ဟု ဆိုသည်။
ငါးလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းများအရ မြန်မာနိုင်ငံတွင်ရေထွက်ပြင်ဆင်ထုတ်လုပ်သည့် အအေးခန်း
စက်ရုံပေါင်း ၁၀၀ကျော်ရှိသည့်အနေက် လက်ရှိအချိန်တွင် အီးယူဈေးကွက်ကလက်ခံသောအရည်
အ သွေးရှိသည့် ရေထွက်ကုန်များအား ထုတ်လုပ်နိုင်သည့် စက်ရုံအရေအတွက်မှာ ၁၄ရုံသာရှိ
သေးသည်။
အထက်ပါကဲ့သို့ လုပ်ငန်းအကြပ်အတည်းများကြံုတွေ့နေရချိန်တွင် အခြားသောလုပ်ငန်းနယ်ပယ်
များ နည်းတူ ရေထွက်ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း မကြာမီခွင့်ပြုပေးဖွယ်ရှိနေသည်ဟု
သတင်းများ ထွက်ပေါ်နေသော နိုင်ငံခြားဘဏ်များထံမှ သက်သာသည့်အတိုးနငန်းများဖြင့်
လုံလောက်စွာ ထုတ်ချေးမည့် ကာလရှည်ချေးငွေများကို မျှောင့်လင့်နေသည်ဟု ရေထွက်ကုန်
လုပ်ငန်းနယ်ပယ်မှ ပုဂ္ဂိုလ်များက ပြောသည်။
သီးနှံစိုက်ပျိုးသောတောင်သူများအား လယ်ယာမြေဥပဒေသစ်တွင် လယ်ယာအားပေါင်နှံခြင်းဖြင့် လုပ်ငန်းအရင်းအနှီးချေးယူခွင့်ပြုထားသကဲ့သို့ ရေထွက်ကုန်မွေးမြူရေးလုပ်ငန်းများကိုလည်း ထိုကဲ့သို့အရင်းအနှီးရယူခွင့်ရရှိရေးဆောင်ရွက်ပေးရန် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူ
များက အစိုးရအား တင်ပြထားသည်။
















