အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးအရ
ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုအချို့ကို မေလ ၁၅ရက်နေ့က နောက်ထပ်တစ်နှစ်သက်တမ်းတိုး
လိုက်ကြောင်း သိရသည်။
အရွေးကောက်ခံအစိုးရတက်လာပြီး၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းနှင့်
အလုပ်သမားအခွင့်အရေးသတ်မှတ်ပြဌာန်းရန် ခြေလှမ်းစတင်ခြင်း စသည့် နိုင်ငံရေးအရပြုပြင်
ပြောင်းလဲမှုများု လုပ်ဆောင်နေချိန်တွင် အမေရိကန်အစိုးရသည် အမေရိကန်ျှမြန်မာနှစ်နိုင်ငံ
ဆက်ဆံရေုး တိုးတက်ကောင်းမွန်စေရန်အတွက် အစိုးရအရာရှိကြီးများ၊ ၎င်းတို့နှင့်ရင်းနှီးသော
စီးပွားရေးသမားများနှင့် ၎င်းတို့၏ဆွေမျိုးအသိုင်းအဝိုင်းများကို အမေရိကန်ပြည်ဝင်ခွင့်ဗီဇာပိတ်
ပင်မှုအား လွန်ခဲ့သော တစ်နှစ်ခန့်က ပယ်ဖျက်ပေးခဲ့သည်။
" ပြုပြင်ပြောင်းလဲမှုတွေ မြင်တွေ့ရပြီဆိုပေမယ့် ပြည်တွင်းဖြစ်ပျက်နေတဲ့ ပုံမှန်မဟုတ်တဲ့အခြေ
အနေတွေဟာ တကယ်လို့ အမေရိကန်အနေနဲ့ မြန်မာနဲ့ စီးပွားရေးအရစပ်ယှက်မယ်ဆိုရင်
ကျွန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ခြိမ်းခြောက်လာနိုင်ပါတယ်"
ဟု ၎င်းက ပြောကြားခဲ့သည်။
"နိုင်ငံရေးအရပြုပြင်ပြောင်းလဲမှုတွေဟာ အားရကျေနပ်စရာကောင်းပါတယ်။ ဒါပေမယ့် လူနည်းစု
နေထိုင်ရာဒေသတွေ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ လူအခွင့်အရေးချိုးဖောက်မှု
တွေနဲ့ ပဋိပက္ခတွေဟာ ဆက်ရှိနေသေးတယ်။ နောက်ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍ
တွေမှာ စစ်တပ်က ပါ၀င်ပတ်သက်နေတာတွေ ရှိနေသေးတယ််" ဟု အိုဘားမားက ထပ်မံပြောကြား
ခဲ့သည်။
ရိုက်တာ

















