ပြည်ပတင်ပို့သည့် ပဲမျိုးစုံဈေးကွက်အတွင်း ပစ္စည်းမရရှိမီ ကြိုရောင်း ကြိုဝယ်ပြုလုပ်ခြင်းကြောင့်
၀ယ်လိုအားမြင့်ကာ ဈေးတက်လာချိန် တွင် ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများ ကြံုတွေ့ခဲ့ရ
ကြောင်း ဈေးကွက်အတွင်းရှိ လုပ်ငန်းရှင်များက ပြောသည်။
လုပ်ငန်းရှင်များ၏အဆိုအရ ပစ္စည်းမပေး နိုင်မီအချိန်က သတ်မှတ်ဈေးနှုန်းတစ်ခုဖြင့် ရောင်းချရန်
သဘောတူညီထားသော်လည်း အမှန်တကယ်ပစ္စည်းပေးရမည့် အချိန်တွင် ရှိသည့်ဈေးနှုန်းမှာ
များစွာမြင့်တက်လာခြင်း ကြောင့်ရောင်းချသူမှာ ငွေကြေးအခက်အခဲ ကြံုရခြင်းဖြစ်သည်။
ထိုအခြေအနေများကြောင့် ပြည်ပသို့ ပဲတင်ပို့လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်သည့် မိုးသက်ကုမ္ပဏီ
သည် မတ်ပဲဈေးနှုန်းမြင့်မားမှု ကြောင့် ငွေကျပ် သိန်းပေါင်း တစ်သိန်းခြောက် သောင်းကျော် ပေး
ချေရန်အခက်ကြံုခဲ့ရခြင်း ကြောင့် မြန်မာနိုင်ငံ ပဲနှင့်နှမ်းလုပ်ငန်းရှင်များ အသင်းကို ကူညီဖြေရှင်း
ပေးရန် တောင်းဆို သည့်အတွက် အသင်းနှင့် ဘုရင့်နောင်ကုန်စည် ဒိုင် တာဝန်ရှိသူများက ကော်
မတီဖွဲ့ကာ ဖြေရှင်း ပေးခဲ့ရကြောင်း အသင်း၏အတွင်းရေးမှူး ဦးမင်းကိုကိုဦးကပြောသည်။
ပြီးခဲ့သည့်လပိုင်းအတွင်း မတ်ပဲဈေးနှုန်းပြောင်းလဲမှု မြန်ဆန်သည့်အတွက် ယခုကဲ့သို့ ပြဿနာများ
ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
"မတ်ပဲဈေးနှုန်း ပြောင်းလဲမှုက အရမ်းကြီး တော့အဲဒီဒဏ်ကိုမခံနိုင်တော့တာပါ။ အဓိက ပြဿနာ
ကတော့ ကုမ္ပဏီကရောင်းထားတာ က မတ်ပဲ၊ တကယ်သိုလှောင်ထားတာက ပဲစင်းငုံ ဖြစ်နေ
တယ်" ဟု ၎င်းကပြောသည်။
ပဲနှင့် နှမ်းအသင်းမှ တာဝန်ရှိသူတစ်ဦးက "မိုးသက်ကုမ္ပဏီက မတ်ပဲကို ဧပြီလလောက်ကတည်းက
ကြိုရောင်းထားတာ။ အဲဒီတုန်းက မတ်ပဲဈေးက ခြောက်သိန်းခွဲလောက်ပဲရှိတယ်။ အခုတော့ဈေးက
ရှစ်သိန်းနီးပါးဖြစ်နေတာဆိုတော့ အဲဒီဈေးနဲ့ဝယ်ပြီး တင်ပေးဖို့က မဖြစ်နိုင် တော့တဲ့အတွက်
အခက်အခဲဖြစ်သွားတာပါ။ တချို့ကုန်သည်တွေကို ပဲစင်းငုံကို အစားထိုး ပြီး ပြန်ပေးတယ်။
တချို့ကို လက်ကျန်ပိုက်ဆံပေးပြီး ဖြေရှင်းရတယ်" ဟု ပြောသည်။
ဧပြီလကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံကထွက်ရှိ သည့် မတ်ပဲများကို အဓိကဝယ်လက်ဖြစ် သော
အိန္ဒိယနိုင်ငံက ၀ယ်ယူမှုမြင့်တက် လာသသကဲ့သို့ ပါကစ္စတန်နိုင်ငံကလည်း ပိုမိုဝယ်ယူလာ
သည့်အတွက် မတ်ပဲဈေးနှုန်း မှာ အဆမတန်မြင့်မားလာပြီး ဈေးနှုန်း ပြောင်းလဲမှုလည်း မြန်လာ
ကြောင်းပဲ လုပ်ငန်း ရှင်များက ပြောသည်။ မေလ ၁၉ ရက်နေ့က မတ်ပဲ င်္ဗျှ တစ်တန် လျှင် ကျပ်
ရ၉၀,၀၀၀ ၀န်းကျင်ရှိပြီး လွန်ခဲ့သည့် မေလဆန်းပိုင်းက ဈေးဖြစ်သော ကျပ် ရ၂၀,၀၀၀ မှ လျင်မြန်
စွာ ဈေးတက်လာခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
"မတ်ပဲက သင်္ကြန်ပြီးနောက်ပိုင်း အရမ်းကိုတက်သွားတယ်။ တစ်လအတွင်းမှာကို တစ်သိန်း ခွဲ
လောက် တက်သွားတယ်။ အဓိကကတော့ လိုအပ်ချက်များနေလို့ပါ။ အိန္ဒိယကလည်း သူတို့
ဆီမှာအထွက်နှုန်းမကောင်းနိုင်ဘူးဆိုပြီး မတ်ပဲကို ရသလောက်ဝယ်တယ်။ ဒီမှာက လည်း ဒီနှစ်
မတ်ပဲအထွက်နှုန်းက နည်းတယ်။ ဒါကြောင့် ဈေးကအရမ်းတက်သွားတာပါ" ဟု ဦးမင်းကိုကိုဦးက
ပြောသည်။
ယခုလတ်တလောဖြစ်ပေါ်ခဲ့သည့် ငွေကြေးပြဿနာကြောင့် မတ်ပဲအရောင်းအဝယ် ဈေးကွက်
ထိခိုက်မည်ကို ကုန်သည်များက စိုးရိမ်နေကြသော်လည်း ပြဿနာဖြစ်သည့်ရက်ပိုင်းတွင်သာ
ဈေးနှုန်းအနည်းငယ်ကျဆင်း သွားပြီး ၀ယ်လိုအားများနေသည့်အတွက် ဈေးနှုန်းပြန်လည်တက်
လာကာ လက်ရှိ ဈေးကွက်အတွင်း အရောင်းအဝယ်မှာ ပုံမှန် အတိုင်း ပြန်လည်လည်ပတ်နေပြီဖြစ်
ကြောင်း မြန်မာနိုင်ငံ ပဲနှင့်နှမ်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများကပြောသည်။
"ဒီကိစ္စက မတ်ပဲဈေးကွက်ကို မထိခိုက် ပါဘူး။ ၀ယ်လိုအားရှိနေရင်တော့ ဈေးက တက်နေမှာပါ။
အားလုံးဖြေရှင်းပြီးသွားပါပြီ။ အားလုံးကလည်း ကျေနပ်ကြပါတယ်"ဟု အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်
က ပြောသည်။
မိုးသက်ကုမ္ပဏီသည် နိုင်ငံခြားမှကုန်သည် ၄၉ ဦး၊ ဒေသခံကုန်သည် ၁၅ ဦးကို ငွေပေးရန် ကျန်ရှိ
သည့်ပမာဏ၏ ၉၀ ဒသမ ၈ ရာခိုင်နှုန်း ကိုပြန်လည်ပေးရန် သဘောတူစာချုပ်ချုပ်ဆို ထားပြီး
ကုန်သည်များကလည်း သဘောတူ ကြောင်း ဦးမင်းကိုကိုဦးက ပြောသည်။

















