ပြည်ပက လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးရေး လုပ်ငန်းကို နိုင်ငံတကာကုမ္ပဏီနှင့် အကျိုးတူ
ပူးပေါင်းလုပ်ကိုင်ရန် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) က
မေလ ၁၉ ရက်နေ့တွင် စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ဒါခေါ်ယူခဲ့သည်။
အစိုးရ၏ စီးပွားရေးမူဝါဒသစ်အရ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်း အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်ဖြစ်ရာ မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းကို
လည်း ပုဂ္ဂလိကစနစ်ဖြင့်သွားနိုင်ရန် ကနဦး ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည်ဟု စွမ်းအင်ဝန်ကြီး
ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။
"လေယာဉ်ဆီတင်သွင်း ဖြန့်ဖြူးတဲ့လုပ်ငန်း က အဆင့်မြှင့်တင်ဖို့လိုနေပြီ။ လက်ရှိမှာ နိုင်ငံ တကာ
အဆင့် စက်တွေနဲ့ မလုပ်နိုင်သေးဘူး။ နောက်ပြီးဝန်ဆောင်မှုအပိုင်းမှာလည်း လိုသေး တယ်။
အဲလို အဆင့်မြှင့်တင်ဆောင်ရွက်ဖို့ အတွက် ကနဦးအနေနဲ့ စိတ်ဝင်စားမှုအဆိုပြုလွှာခေါ်တာပါ။
နောက်တစ်ဆင့်ကတော့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရေး (JV) ဖွဲ့မှာပါ" ဟု မြန်မာ့ ရေနံထွက်
ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ဒါရိုက်တာ ဦးမြင့်ဇော်ကပြောသည်။ ပြည်တွင်းရှိလေဆိပ် ၁၁ ခု
သို့ လေယာဉ်ဆီ ဖြန့်ဖြူးပေးလျက်ရှိသည့် နိုင်ငံပိုင် မြန်မာ့ရေနံ ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း
၏၊အရှုံး နှင့်အမြတ်ကိုမူ ၎င်းက ပြောဆိုခြင်းမရှိပေ။
ပြည်ပက လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးရေးလုပ်ငန်းအတွက် ပုဂ္ဂလိကကုမ္ပဏီနှင့် မြန်မာ့ ရေနံ
ထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းတို့ အကျိုးတူလုပ်ကိုင်ရေး အစီအစဉ်အတွက် ဥပဒေအကျိုး
ဆောင်ကုမ္ပဏီတစ်ခု ဖြစ်သော VDB Loi ကို ငှားရမ်းထားသည်ဟုလည်း ဦးမြင့်ဇော်ကပြောသည်။
လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးရေးလုပ်ငန်းအတွက် စိတ်ဝင်စားသည့် နိုင်ငံတကာကုမ္ပဏီ များ
အနေဖြင့် အချက်အလက် အပြည့်အစုံဖြင့် တစ်လအတွင်း စိတ်ဝင်စားမှု အဆိုပြုလွှာ တင်သွင်းရ
မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်းက လေယာဉ်ဆီ ထုတ် လုပ်
လျက်ရှိသော်လည်း ပြည်ပက နှစ်စဉ်လေယာဉ်ဆီ ၃၅ သန်းခန့် တင်သွင်းဖြန့်ဖြူးပေးနေရသည်ဟု
သိရသည်။
















