ပြည်ပဘဏ်များက လုပ်ငန်းများကိုငွေချေးခွင့် ကန့်သတ်သွားမည်

ပြည်ပဘဏ်များက လုပ်ငန်းများကိုငွေချေးခွင့် ကန့်သတ်သွားမည်

နိုင်ငံခြားဘဏ်များကို လုပ်ငန်းလည်ပတ်ခွင့် စတင်ခွင့်ပြုသည့်အစောပိုင်းကာလများတွင်
ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ငွေချေး ၀န်ဆောင်မှုပေးခြင်းကို ဗဟိုဘဏ်က ကန့် သတ်
ဖွယ်ရှိနေသည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ယခုနှစ်တွင်း နိုင်ငံခြားဘဏ်အချို့အား လုပ်ငန်းလည်ပတ်ခွင့်
စတင်ခွင့်ပြုမည်ဟု ၂၀၁၃ ခုနှစ် နှစ်ကုန် ပိုင်းကတည်းက ပြောကြားခဲ့သော်လည်း ယင်းနှင့်
စပ်လျဉ်း၍ စီစဉ်ဆဲအဆင့်တွင်သာရှိနေသေး ပြီး မည်သည့်အချိန်တွင်ခွင့်ပြုမည်ကို အတိ
အကျမပြောနိုင်သေးကြောင်း ဦးဆက်အောင် က ပြီးခဲ့သည့်ဧပြီလကုန်ပိုင်းတွင် ပြည်ထောင်စု
မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌ ထပ်မံပြောကြား ခဲ့သည်။

"နိုင်ငံခြားဘဏ်တွေကို စတင်ခွင့်ပြုပေးတဲ့ ကနဦးအဆင့်မှာတော့ ပြည်တွင်းစီးပွားရေး လုပ်ငန်း
တွေကို ချေးငွေပေးမယ့်အပေါ် ဗဟိုဘဏ် ကကန့်သတ်ဖို့ စီစဉ်နေတယ်။ ဒါပေမဲ့ ဒါကလည်း
ကနဦးအဆင့်အတွက်ပါပဲ။ နောက်ပိုင်းတော့ ခွင့်ပြုပေးသွားမှာပါ။ ကနဦးအဆင့်က ဘယ်
လောက်ဖြစ်မယ်ဆိုတာကိုတော့ မပြောနိုင်ဘူး ပေါ့"ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခွင့် ရရှိရန်အတွက် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ကာ တရားဝင်
လျှောက်ထားပြီးဖြစ်သော နိုင်ငံခြား ဘဏ်ပေါင်း ၃၅ ခုရှိပြီး ဗဟိုဘဏ်၏တရားဝင်ပြောကြားချက်
အရ အဆိုပါဘဏ်များအနက် ကနဦးအသုတ်အဖြစ် ဘဏ် ခါးခုမှ ၁၀ ခုအထိ ကို ပြည်တွင်းဘဏ်
များလုပ်ကိုင်နေသော တစ်ဦးချင်း ငွေစု၊ ငွေချေး၊ ပြည်တွင်းငွေပို့ ငွေလွှဲ အစရှိသော လက်လီဘဏ်
လုပ်ငန်း(Retail Banking) များကိုခွင့်မပြုဘဲ စီးပွားရေးလုပ်ငန်းများအား ငွေကြေး ၀န်ဆောင်မှု
ပေးခြင်း နှင့် နိုင်ငံခြားငွေပို့ငွေလွှဲ အစရှိသော လက်ကား ဘဏ်လုပ်ငန်း (Wholesale Banking)
ကိုသာ ခွင့်ပြုမည်ဖြစ်သည်။

ဗဟိုဘဏ်က ထိုသို့ပြောကြားထားသော် လည်း ယခုအခါတွင် နိုင်ငံခြားဘဏ်များကို ပြည်တွင်း
စီးပွားရေးလုပ်ငန်းများအား ငွေကြေးဝန်ဆောင်မှုမပေးရန် ထပ်မံကန့် သတ်ရန် စီစဉ်ခြင်းဖြစ်သည်။

"ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ျွှ့သူနျေူန ြညေုငညါ ရဲ့သဘောတရားအရတော့ ပြည်တွင်းစီးပွား
ရေးလုပ်ငန်းတွေကို ငွေးချေး တာကိုတော့ လုပ်လို့ရတာပေါ့။ ဒါပေမဲ့ ပြည်တွင်း ဘဏ်တွေဘက်ကလည်း နိုင်ငံခြားဘဏ်တွေဝင်လာမယ့်အပေါ် တော်တော်လေးစိုးရိမ်နေတဲ့
အတွက် ဗဟိုဘဏ်က ဒီအပေါ်မှာလည်း ထည့်ထွက် ဆောင်ရွက်ရတဲ့ သဘောပါ။ ပြည်တွင်း
စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ အတွက် ငွေကြေးအထောက်အပ့ံတွေ လိုအပ် နေတယ်ဆိုတာ
ကိုလည်း ဗဟိုဘဏ်က နားလည် ပါတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်း၊ ပြည်တွင်းဘဏ်၊ နိုင်ငံခြား
ဘဏ် သုံးဦးသုံးဖလှယ် အဆင်ပြေသည့်ပုံစံ (W) ဖြစ် အောင်လုပ်ရတဲ့အနေအထားပါ"ဟု
ဦးဆက်အောင်ကပြောသည်။

ထိုကဲ့သို့ ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များကို ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ငွေကြေးဝန်
ဆောင်မှုပေးခြင်းကို ကန့်သတ်ရန်စီစဉ်နေချိန်တွင် အခြားတစ်ဖက်၌ပြည်တွင်းစီးပွားရေး လုပ်ငန်း
များမှာ ယင်းတို့၏လုပ်ငန်းများ တိုးချဲ့ ရန်နှင့် လုပ်ငန်းသစ်စတင်ရန် နိုင်ငံခြားဘဏ် များထံမှ
ချေးငွေရရှိနိုင်ကြောင်း မျှော်လင့်လျက် ရှိသည်။

လက်ရှိအချိန်တွင် ပြည်တွင်းဘဏ်များမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အရင်းအနှီး အတွက်
လိုအပ်သည့်ငွေကြေးကို သင့်တင့်လျောက်ပတ်စွာ ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အပြင် အတိုးနှုန်းသည် ပြည်ပဘဏ်များ နှင့်နှိုင်းယှဉ်ပါက မြင့်မားလွန်းနေဆဲဖြစ်ကာ လုပ်ငန်းအနည်း
ငယ်ကိုသာ ကာလတိုချေးငွေ များ ထုတ်ချေးနေခြင်းဖြစ်သည်။

"ပြည်တွင်း စီးပွားရေးလုပ်ငန်းအများစုကတော့ ငွေကြေးအရင်းအနှီးတွေလိုအပ်နေကြ တယ်။
အဲဒါမရရင်တော့ အခုထက်ပိုပြီး တိုးတက် အောင်လုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒီလိုအပ်တဲ့ ငွေကြေးအရင်းအနှီးကိုလည်း ပြည်တွင်းဘဏ်တွေကနေ ပေးနိုင်တဲ့အနေ အထား
မရှိဘူး။ ဒါပေမဲ့ တစ်ဖက်မှာလည်း ပေးနိုင်တဲ့ နိုင်ငံခြားဘဏ်တွေကို ခွင့်ပြုဖို့ ကလည်း နှောင့်နှေး
နေတယ်။ ဗဟိုဘဏ်ရဲ့ပေါ်လစီကို ကျွန်တော်တို့ စိတ်ပျက်နေပါပြီ"ဟု ပြောသည်။

ထိုကဲ့သို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အတွက် အရေးတကြီး လိုအပ်လျက်ရှိသော ငွေကြေး
အထောက်အပံ့များအား ပံ့ပိုးပေးမည့်အရင်းအမြစ်များ မကြာမီ ပေါ်ပေါက်လာခြင်းမရှိပါက အာဆီယံစီးပွားရေးအသိုက်အဝန်းစတင်ချိန်တွင် ပြည်ပလုပ်ငန်းများနှင့် ယှဉ်ပြိုင် နိုင်ရေးအတွက်
ပြင်ဆင်ရန်မဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

"ပြည်တွင်းဘဏ်တွေရဲ့ အနေအထားက တော့ဗျာ ပွင့်ပွင့်လင်းလင်းပြောရရင် မိသားစု
ဘဏ်လုပ်ငန်းအဆင့်လောက်ပဲ ရှိတာပါ။ သူတို့ တွေမှာ ငွေကြေးအရင်းအနှီးကလည်း အများ
ကြီးရှိတာမဟုတ်ဘူးလေ။ ဒီတော့ စီးပွားရေးလုပ်ငန်းတွေကို အရင်းအနှီးအတွက် ငွေချေး နိုင်တဲ့
အနေအထား မရှိသလောက်ပဲ။ သူတို့ အဓိက လုပ်နေကြတာကလည်း ပြည်တွင်းငွေပို့ ငွေလွှဲ
လမ်းကြောင်း ကျယ်ပြန့်အောင် ဘဏ်ခွဲတွေ များများဖွင့်ဖို့လောက်ပါပဲ။ ဒီပုံစံနဲ့ တော့ တိုင်းပြည်
စီးပွားရေးက ဘယ်လိုလုပ်တိုးတက်နိုင်ပါ့မလဲ"ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းချုပ် တွဲဖက်
အတွင်းရေးမှူး ဒေါက်တာစိုးထွန်းကပြောသည်။

ဗဟိုဘဏ်က အကန့်အသတ်များ ပြုလုပ်ဖွယ်ရှိသော်လည်း နိုင်ငံခြားဘဏ်များသည် ပြည်တွင်း
ဘဏ်များနှင့်ပူးပေါင်းကာ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို ငွေချေးသည့် ၀န်ဆောင်မှုပေးနိုင်
ရန် ဆောင်ရွက်နိုင်သည့် လမ်းကြောင်းတစ်ရပ်ရှိနေကြောင်း ဦးဆက် အောင်က ပြောသည်။

"နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းဘဏ်တွေနဲ့ပူးပေါင်းခွင့် ဗဟိုဘဏ်က ပေးမလားမပေးဘူးလား
ဆိုတာကိုတော့ ယတိပြတ်မဆုံးဖြတ်ရ သေးပေမယ့် ဒီလိုလုပ်နိုင် ဖို့တော့ လမ်းကြောင်း ရှိနေပါ
သေးတယ်"ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံ၏ အထင်ကရဘဏ်တစ်ခုဖြစ် သည့် ုေျငုသည ဘဏ်၏ ရန်ကုန်ကိုယ်စားလှယ်
ရုံး ဌာနေကိုယ်စားလှယ် မစ္စတာ ကြအအစေ့သညါ ဠငျငအငခ့ေုမေည က "ကျွန်တော်တို့
နိုင်ငံခြားဘက် ကတော့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ကိုပ့ံပိုးဖို့အတွက် ငွေကိုသီးသန့်
သဘောမျိုး နဲ့ထားရှိကြပါတယ်။ မြန်မာနိုင်ငံဗဟိုဘဏ်က တော့ ဒီကိစ္စအပေါ်ဘယ်လိုခွင့်ပြု
မယ်ဆိုတာ ကိုတော့ မသိရသေးပါဘူး။ ခွင့်ပြုမယ်လို့တော့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့
ပတ်သတ် ရင်တော့ ဗဟိုဘဏ်ရဲ့ စည်းမျဉ်းတွေအတိုင်းပဲ ဆောင်ရွက်ရမှာပေါ့"ဟု မြန်မာတိုင်း(မ်)
ကို ပြောသည်။

လက်ရှိအချိန်တွင် ပြည်တွင်းဘဏ်များ သည် နိုင်ငံခြားဘဏ်များနှင့် ယှဉ်ပြိုင်နိုင်သည့်
အနေအထားတွင် မရှိသေးသဖြင့် အကာ အကွယ်ပေးရန်လိုအပ်နေသေးကြောင်း ပြည်တွင်း
ဘဏ်များ၏ တာဝန်ရှိသူများကပြောသည်။ "နိုင်ငံခြားဘဏ်တွေကို ဗဟိုဘဏ်က ဘယ်လို
ပုံစံမျိုးခွင့်ပြုမယ်ဆိုတာကိုတော့ ကျွန်တော် တိတိကျကျမသိပါဘူး။ ဒါပေမဲ့ သူတို့လုပ်ငန်း
တွေနဲ့ယှဉ်ရင်ပြည်တွင်းဘဏ်တွေမှာ လိုအပ် ချက်တွေ အများကြီးရှိနေတဲ့အတွက် အကာ
အကွယ်တော့ လိုအပ်နေပါသေးတယ်" ဟု ပြည် တွင်းဏ်များအနက်ဘဏ်ခွဲအများဆုံးဖြစ်
သည့် ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင် ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး